စမစ်ရို ရဲ့ ကစားပုံဟာ အာဆင်နယ် အသင်း ကစားသမားဟောင်း နှစ်ဦး နဲ့ ဆင်တူတယ်လို့ ဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဂန်းနား လူငယ် ကြယ်ပွင့် စမစ်ရို ဟာ အာဆင်နယ် အသင်း ကစားသမားဟောင်း နှစ်ဦး ဖြစ်တဲ့ ရောဘတ်ပီရက်စ် ၊ အလက်ဇန္ဒားဟှက်ဘ် တို့နဲ့ ကစားပုံဆင်တူသူ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ တနင်္ဂနွေနေ့က ဝက်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

စမစ်ရို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုး ( ပြိုင်ပွဲစုံမှာဆို ၅ ဂိုး) ၊ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ရှိလာခဲ့ပါပြီ ။ ဒါ့အပြင် စမစ်ရို ဟာ အနယ်ကာ ၊ ရေယက်စ် ၊ ဖာဘရီဂက်စ် တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိင်တဲ့ အသက် ၂၁ နှစ်အောက် အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

စမစ်ရို ဟာ စက်တင်ဘာလ အစကတည်းက ပရီးမီးယားလိဂ် မှာ သွင်းဂိုး တိုက်ရိုက် ပါဝင် ပတ်သက်မှု ၆ ကြိမ် အထိ ရှိခဲ့ပြီး တခြား အင်္ဂလန် ကစားသမားတွေ အားလုံးထက် သာလွန် နေပါတယ် ။

ဒါကြောင့် အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ အယ်ဘေးနီးယား ၊ ဆန်မာရီနို တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အပြီးသတ် လူစာရင်း ကနေ နှုတ်ထွက် သွားတဲ့သူတွေနေရာမှာ စမစ်ရို ကို အစားထိုး ရွေးချယ် ခဲ့ပါတယ် ။ စမစ်ရို အတွက်တော့ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ် ။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က Five YouTube Channel မှာ ” အာဆင်နယ် အသင်းက စည်းလုံး ညီညွှတ်တဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ ၊ အာဆင်နယ် အသင်းမှာ ကာလရှည်ကြာ မမြင်တွေ့ ခဲ့ရတဲ့ စုစည်း ညီညွှတ်မှုကို မြင်တွေ့ နေရပါတယ် ။ ”

” အာဆင်နယ်မှာ အမ်မလီ စမစ်ရို ထက် ပိုကောင်းအောင် ကစားထားနိုင်တဲ့သူ မရှိသေးပါဘူး ၊ သူ့ရဲ့ အဆုံးသတ် စွမ်းရည် ကစားပုံက အလက်ဇန္ဒားဟှက်ဘ် နဲ့ အနည်းငယ် ဆင်တူ နေပါတယ် ။ ”

” သူ့ရဲ့ ရွေ့လျားပုံ ၊ ဘောလုံး သယ်ယူပုံ ၊ ပွဲကစားချိန် အတွင်း ဟန်ချက်ညီညီ ဖြစ်အောင် ထိန်းကျောင်းနိုင်မှု တွေက အလက်ဇန္ဒားဟှက်ဘ် နဲ့ ရောဘတ်ပီရက်စ် တို့ နှစ်ဦး ပေါင်းစပ် ထားသလိုပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM