စတမ်းဖိုဒ့်ဘရစ်မှာ ဂိုးပြတ်သွင်းမယ့် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အတွက် ခန့်မှန်းချက်များ

ဒီတပတ်မှာတော့ အိုလေဂန်နာ ဆိုးရှား မရှိတော့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ပုံစံကောင်းတွေ ပြနေပြီး ပြိုင်ပွဲစုံမှာ အောင်လံလွှင့် နေတဲ့ ချဲလ်ဆီး ရဲ့ စတမ်းဖိုဒ့် ဘရစ် ကို သွားရောက် ယှဉ်ပြိုင် ရတော့မှာပါ ။

မန်စီးတီး ကတော့ ကာရာဘောင် ဖလားမှာ သူတို့ကို အနိုင် ကစားသွားတဲ့ ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ ပြန် ဧည့်ခံပြီး လက်စားချေခွင့် ရယူနိုင်မလား ဆိုတာ ကတော့ စိတ်ဝင်စားစရာ ပါပဲ ။

အဖွင့် ပွဲတွေမှာ အနိုင်ရလဒ်တွေ ယူခဲ့ကြတဲ့ စတီဗင် ဂျရတ် နဲ့ ဒင်း စမစ် တို့ကရော ဒီတပတ်မှာ ရလဒ်ကောင်းတွေ ထပ်ယူနိုင်ကြဦးမှာလာ . . .

 

ပေါလ် မာဆင် ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးလိုက်ရ ပါတယ် ။

 

၁ ။ အာဆင်နယ် – နယူးကာဆယ်

 

ပြီးခဲ့တဲ့ အပတ်တုန်းက အနိုင်ကျင့် ခံခဲ့ရတဲ့ အာဆင်နယ် တို့ ဒီတပတ်တော့ ပြန်ပြီး အနိုင်ကျင့်ရမယ့် အလှည့် ပါပဲ ။ လီဗာပူး ကို ရှုံးခဲ့တာဟာ ထိပ်ဆုံး ၃ သင်းကို ယှဉ်နိုင်ဖို့ လိုနေသေးတယ် ဆိုတာကို အာဆင်နယ် တို့ သိသွား စေခဲ့ပါတယ် ။

ဒါကြောင့် သူတို့ ကျန်တဲ့ အပိုင်း ( အဆင့် ၄-၅-၆ ) ကိုပဲ အဓိက အားစိုက်တော့မှာပါ ။

နည်းပြသစ် ခန့် အပြီးမှာ နယူးကာဆယ် ကစားပုံ နည်းနည်း တက်လာခဲ့ပါတယ် ။ အများကြီးတော့ မဟုတ်သေးပါဘူး ။ ဒါကြောင့် ဒီပွဲမှာ အာဆင်နယ် ပဲ အနိုင်ယူသွားမှာပါ ။

ပေါလ် မာဆင် ကတော့ အာဆင်နယ် ၃ – ၀ နယူးကာဆယ် လို့ ခန့်မှန်း ထားခဲ့ ပါတယ် ။

၂ ။ လီဗာပူး – ဆောက်သမ်တန်

 

ဆောက်သမ်တန် က လီဗာပူး တိုက်စစ်ကို တောင့်ခံ နိုင်မယ့် အနေအထားမျိုး မမြင်မိ ပါဘူး ။

လီဗာပူး က ဝက်စ်ဟမ်း နဲ့ပွဲမှာ ရှုံးပွဲ ကြုံသွား ခဲ့ပေမယ့် အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူပြီး ချက်ချင်း ပြန်နိုးထ နိုင်ခဲ့ ပါတယ် ။

အခုပွဲ မှာလည်း ၂ ဘက် အသင်းကြားက ကွာဟချက်က အရမ်းကြီးမား မှာပါ ။

လီဗာပူး ပရိသတ်တွေ ကတော့ ဂိုးများတဲ့ ရက်သတ္တပတ်တခုကို ထပ်ပြီး အရသာခံရဦးမှာပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ လီဗာပူး ၃ – ၀ ဆောက်သမ်တန် ဖြစ်ပါတယ် ။

၃ ။ ဘန်လေ – တော့တင်ဟမ် ဟော့စပါး

 

အန်တိုနီယို ကွန်တီ က စပါး ကစားသမားတွေကို စိတ် အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကွင်းထဲမှာတော့ လိုအပ်ချက်တွေ ရှိနေတုန်း ပါပဲ ။

ဟယ်ရီကိန်း က မနှစ်ကတုန်းကလို အနေအထားမျိုးကို ပြန်မရောက် နိုင်သေးသလို ကံကလည်း သူ့ဘက်မှာ ရှိမနေ သေးပါဘူး ။

ဒီလို ကံတရားမျိုးက ဘန်လေ လို ခံစစ်ကျစ်လျစ်တဲ့ အသင်းမျိုးနဲ့ ကစားတဲ့ ပွဲမှာ ပြန်ထလာဖို့က အလားအလာ နည်းနိုင်ပါတယ် ။ သရေဆိုတာ ကျေနပ်စရာ ရလဒ်ပါပဲ ။

ဘန်လေ ၁ – ၁ စပါး လို့ ပေါလ် မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၄ ။ မန်ချက်စတာ စီးတီး – ဝက်စ်ဟမ်း

 

ဝက်စ်ဟမ်း တို့ ဒီလအစမှာလီဗာပူးကို အနိုင်ယူခဲ့ ပါတယ် ။ ဒါပေမယ့် ဝုဗ် ကို ပြန်ရှုံးပြီး အဖိုးတန် အမှတ်တွေ လွှင့်ပစ် ခဲ့ရ ပါတယ် ။ ခုထိတော့ ဝက်စ်ဟမ်း က ပုံစံကောင်း ပြနေဆဲပါပဲ ။

မန်စီးတီး ကတော့ ကြားရက်က PSG နဲ့ပွဲမှာ စိုးမိုးကစားသွား ခဲ့ပါတယ် ။ အခုပွဲ မှာလည်း သူတို့ ဝက်စ်ဟမ်း ကို အသာစီးနဲ့ ကစားနေဦးမှာပါပဲ ။

ဒေးဗစ် မိုရက်စ် က အန်တိုနီယို ၊ ဖော်နယ်လ်စ် တို့ကို အားထားပြီး တန်ပြန် တိုက်စစ်ဗျူဟာ ကို ခင်းကျင်း မှာပါ ။ ဒါကို စီးတီး ထိန်းချုပ် နိုင်မယ်ဆိုရင် မခက်ခဲတဲ့ နိုင်ပွဲ တပွဲ ဖြစ်လာမှာ အသေအချာပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ၊ မန်စီးတီး ၂ – ၀ ဝက်စ်ဟမ်း ဖြစ်ပါတယ် ။

၅ ။ ချဲလ်ဆီး – မန်ချက်စတာ ယူနိုက်တက်

 

ချဲလ်ဆီး နိုင်သွားမှာကလွဲရင် ကျန်တဲ့ အခြေအနေကို ကျွန်တော် မမြင်မိ ပါဘူး ။ သူတို့က ဧည့်သည် အသင်းကို လိမ္မော်သီး အရည်ညှစ်သလို ညှစ်ပြီး တပွဲလုံး လွှမ်းမိုး ခြယ်လှယ် သွားမှာပါ ။

ဘောလုံးပိုင်ဆိုင်မှုက ၇၀% လောက်တောင် ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။

ယူနိုက်တက် က ရိုနယ်ဒို ကိုပဲ အထောင်ထားပြီး ပွဲထွက်လာမှာပါ ။ ချဲလ်ဆီး နောက်တန်း လူတွေ ကို ကျော်ပြီး ရိုနယ်ဒို ဝေးဝေး ပြေးနိုင်မှာ မဟုတ်ပါဘူး ။

 

ယူနိုက်တက် တောင်ပံတွေက အခုထက် ပိုမြန်ဖို့ လိုပါတယ် ။ ကာဗာနီ လိုမျိုး ပြိုင်ဘက် ခံစစ်ကို ဖိအားပေး နိုင်မယ့် ကစားသမားမျိုးလည်း လိုပါတယ် ။

ဒါပေမယ့် ဒီလူတွေပါပြီး ဒီလိုတွေ လုပ်နိုင်မယ် ဆိုရင်တောင်မှ သူတို့ ချဲလ်ဆီး ကို အခက်တွေ့စေရုံထက် ပိုမှာ မဟုတ်ပါဘူး ။

ယူနိုက်တက် ရဲ့ တန်ပြန်တိုက်စစ် ကစားပုံကလည်း ရိုနယ်ဒို ရဲ့ အကျပိုင်းရောက်လာမှုနဲ့ ဆိုရင် အလုပ်ဖြစ်မယ် လို့ မထင်မိပါဘူး ။ သူ ယူနိုက်တက် အတွက် ဂိုးတွေ သွင်းပေးနေတာ မှန်ပါတယ် ၊ ဒါပေမယ့် ချဲလ်ဆီး ခံစစ်လို ခံစစ်မျိုးကိုတော့ ထိုးဖောက် နိုင်မှာမဟုတ်ပါဘူး ။

ပေါလ်မာဆင် ကတော့ ချဲလ်ဆီး ၃ – ၀ မန်ချက်စတာ ယူနိုက်တက် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ နောဝှစ်ချ် စီးတီး ၁-၁ ဝုဗ်

 

၇ ။ ခရစ္စတယ်ပဲလေ့စ် ၂-၁ အက်စတွန် ဗီလာ

 

၈ ။ ဘရိုက်တန် ၂-၀ လိဒ်ယူနိုက်တက်

 

၉ ။ ဘရန်ဖိုဒ့် ၂ – ၁ အဲဗာတန်

 

၁၀ ။ လက်စတာ စီးတီး ၂ – ၁ ဝက်ဖိုဒ့်

 

SPORTS MYANMAR