ဂျူဗင်တပ် ပစ်မှတ် တိုက်စစ်မှူး အတွက် စျေးနှုန်း သတ်မှတ်ပေးလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

အီတလီ အခြေစိုက် Calciomercato သတင်းရဲ့ ဖော်ပြချက် အရတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျူဗင်တပ် ပစ်မှတ် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေး ယူရို 45 – 50 သန်း သတ်မှတ််လိုက်တယ်လို့ သိခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် နှစ်စဥ်ပုံမှန် ပွဲထွက်ခွင့်တွေ ရယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ ဒီနှစ် ဘောလုံး ရာသီမှာတော့ 7 ကြိမ်သာ ပါဝင်ခွင့် ရရှိထားခဲ့ပြီး 1 ဂိုးသာ သွင်းယူပေးထား နိုင်ခဲ့ပါသေးတယ် ။

အခုတော့ ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျူဗင်တပ် အသင်းမှ လိုချင််နေခဲ့တဲ့ တိုက်စစ်မှူး ဖြစ်သူ အတွက် ယူရို 45 – 50 ဝန််းကျင် စျေးနှုန်း တစ်ခုကို သတ်မှတ်ပေးလိုက်တယ်လို့ သိလိုက်ရပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နဲ့ လက်ရှိ ဘေလုံး ရာသီ အတွင်း ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန်နေခဲ့ရတဲ့ ကစား သမား အတွက််တော့ စျေးကြီးတယ်လို့ ပြောလို့ ရနိုင်တဲ့ ပြောင်းရွှေ့ကြေး နှုန်းထား တစ်ခုပဲ ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါတယ် ။

ဒါပေမဲ့ Calciomercato ရဲ့ ဖော်ပြချက် အရတော့ ဂျူဗင်တပ် အသင်းဟာ ယူနိုက်တက် ကြယ်ပွင့်ကို အပြီးသတ်် ခေါ်ယူရေးထက် ဒီဇန်နဝါရီ မှ စတင်ပြီး တစ်နှစ်ခွဲထိ အငှား ခေါ်ယူ ရရှိနိုင်ရေး အတွက်သာ စိတ်အား ထက်သန်် နေတယ်လို့ သိခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် အသက် 25 နှစ် အရွယ် ကစားသမားရဲ့ စွမ်းဆောင်ရည်ကို နှစ်ခြိုက်ခဲ့ပါက 2023 ခုနှစ်မှာ ယူရို သန်း 30 နဲ့ အပြီးသတ် ခေါ်ယူသွားဖို့ ဂျူဗင်တပ် အသင်းဖက်က ပစ်မှတ် ထားနေတယ်လို့ Calciomercato က ဖော်ပြ သွားခဲ့ပါတယ် ။

ဂျူဗင်တပ် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့ချိန် အီတလီ ထိပ်သီိး ကလပ်က အဆိုပါ နေရာကို မွိုက်စ်ကင်း နဲ့ အစားထိုးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟာ ဂျူဗင်တပ်် အသင်းအတွက် ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။ မွိုက်စ်ကင်း ဟာ ဒီရာသီ ဂျူဗင်တပ် အသင််းအတွက်် 11 ပွဲ ကစားပေးခဲ့ရာမှာ 2 ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါသေးတယ် ။

ဒါ့ကြောင့် ဂျူဗင်တပ် အသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ဆန္ဒရှိနေခဲ့ပြီး ဒီအတွက်် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ အီတလီသားကို စီးရီးအေ ပြိုင်ပွဲဆီ ခေါ်ယူလိုချင်နေခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ၊ အီဒင်ဆန် ကာဗာနီ ၊ မေဆွန် ဂရင်းဝုဒ် ၊ မားကပ်စ် ရပ်ရှ်ဖို့ ၊ ဂျေဒန် ဆန်ချို တို့က ပွဲထွက်ခွင့် တစ်နေရာ အတွက် ဦးစားပေး ဖြစ်နေခဲ့ကြချိန် မာရှယ်က ပွဲကစားခွင့် နည်းပါးနေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ကစားသမား ဖြစ်သူက ရှေ့ဆက် ထူးခြားမှု မရှိခဲ့ပါက လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့သွားဖို့ ဆန္ဒရှိနေတာ ဖြစ်တယ်လို့ သိနေခဲ့ရပါတယ် ။ ဂျူဗင်တပ်ဟာ ဥရောပ ထိပ်သီး ကလပ် ဖြစ်တာကြောင့် မာရှယ််ဟာ အဲ့ဒီကို ပြောင်းရွှေ့နိုင်ဖွယ် ရှိနေတယ်လို့ သတင်းထွက််နေခဲ့ပါတယ် ။

#Sports_Myanmar