ဂိုးပြတ်နိုင်ခဲ့တဲ့ အသင်းဟောင်းကို သတိပေးမှု ၊ ချီးကျူးမှုတွေ လုပ်ခဲ့ကြတဲ့ နဗီးလ် ၊ ရွိုင်ကိန်း

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ် က တော့တင်ဟမ် ဟော့ စပါး အသင်းကို အနိုင် ရရှိခဲ့ခြင်းက အခက်အခဲတွေကြား ရောက်နေခဲ့တဲ့ ယူနိုက်တက် အသင်း ‘ အစပြုခြင်း ‘ တစ်ခုသာ ဖြစ်ကြောင်း သတိပေးသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်စတာ စီးတီး ၊ လီဗာပူး အသင်းတို့ကို 4-2 ၊ 0-5 ဆိုတဲ့ ရလဒ် တွေနဲ့ စိတ်ပျက်ဖွယ် ရှုံးပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 4 ပွဲဆက် နိုင်ပွဲတွေ ပျောက်ဆုံးခဲ့တဲ့နောက် တော့တင်ဟမ်ကို 0-3 နဲ့ အနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းမှ တိုက်စစ် ကစားသ မားတွေ ဖြစ်ကြတဲ့ ရော်နယ်ဒို ၊ ကာဗာနီ နဲ့ ရပ်ရှ်ဖို့ တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အနည်းငယ် စိတ်သက်သာရာ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က ဒါဟာ အသင််းဟောင်း အတွက် အခက်အခဲတွေမှ လွတ်မြောက်ခြင််း မဟုတ်သေးကြောင်း ၊ ဒါက အစပြုခြင်း တစ်ခုမျှသာ ဖြစ်သေးကြောင်း သတိပေး စကားတွေ ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ 4 ပွဲက ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ ကစားသမားတွေရဲ့ body language ကို ကျွန်တော် မနှစ်သက်ခဲ့ပါဘူး ။ သူတို့ကို ကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်နေသလို ပါပဲ ။ သူတို့တွေဟာ မန်နေဂျာ နဲ့ အချိတ်အဆက် မမိတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ကြသလိုပါပဲ ”

” ဒါပေမဲ့ အခုတစ်ပါတ်တော့ တစ်ခုခု ဖြစ်ခဲ့သလိုပါပဲ ။ သူတို့တွေ ကွင်းထဲမှာ အတူတကွ ရှိနေခဲ့ကြ ပါတယ် ။ ဒီနေ့ ပွဲစဥ်က ခြေစွမ်းအရတော့ သူတို့တွေဟာ ကွင်းထဲမှာ အတူတကွ တွဲဖက် ကစားခြင်းဖြင့် စွမ်းဆောင်ရည် တစ်ခု ပြသနိုင်စွမ်းရှိကြောင်း မြင်တွေ့ခဲ့ရပါတယ် ”

” ဒီပွဲက တကယ့်ကို ကောင်းမွန်တဲ့ ပြန်လည် စတင်ခြင်း တစ်ခုပါပဲ။ ဒါပေမဲ့ အဲ့တာက ဖိအားတွေကို ပျောက်ကွယ်စေဦးမှာ မဟုတ်သေးပါဘူး ။ ဒါက အစပြုခြင်း တစ်ခုမျှ ပါပဲ ၊ အဲ့တာထက် မပိုသေးပါဘူး ” လို့ နဗီးလ် က ဆိုးလ်ရှား နဲ့ ကစားသမားတွေကို သတိပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်က အသင်းဟောင်းရဲ့ နိုင်ပွဲအတွက် အဲ့ဒီလို မှတ်ချက်​ပေးဆောင်ခဲ့ပေမဲ့ နောက််ထပ် ဂန္တဝင် တစ်ဦးဖြစ်တဲ့ ရွိုင်ကိန်း ကတော့ အခုလို နိုင်ပွဲ ပြန်လည်ရရှိခဲ့တဲ့ အသင်းဟောင်းကို အထူး ချီးကျူးခဲ့လိုက်ပါသေးတယ် ။

” ဒါဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြီးပြည့်စုံတဲ့ နိုင်ပွဲပဲလို့ ကျွန်တော် ထင်ပါတယ် ။ စပါး အသင်းဟာ ကြားရက်မှာ လိဂ် ဖလား ပွဲစဥ် တစ်ပွဲ ကစားခဲ့ရပါသေးတယ် ။ စပါးဟာ ဒီရာသီ ဂိုးတွေလည်း အများကြီး မသွင််းနိုင်သေးတဲ့ အသင်းမျိုး ဖြစ်ခဲ့ရပါတယ် ”

” ယူနိုက်တက် အတွက်တော့ ဒီနိုင်ပွဲက ပြီးပြည့်စုံလှပါတယ် ။ ဒါက သူတို့ ဂိုးဘယ်လောက် သွင်းချင်ကြသလဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ် ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေအတွက် ပြီးပြည့်စုံတဲ့ ရက်စွဲ တစ်ခုပါပဲ ” လို့ ရွိုင်ကိန်းက အမွှမ်းတင်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar