ချဲလ်ဆီး vs မန်ယူနိုက်တက်?? ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

ကြားရက်က ဥရောပ ပွဲစဉ်တွေ အပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်ဟာ ချဲလ်ဆီး vs မန်ယူနိုက်တက် တို့ရဲ့ စူပါဆန်းဒေး ပွဲကြီးပွဲကောင်း အပါအဝင် အခြား ပွဲစဉ်တွေကိုလည်း ခန့်မှန်း ပေးသွားခဲ့ပါတယ်။

၁~အာဆင်နယ် vs နယူးကာဆယ်
အာဆင်နယ်ဟာ ယနေ့ည အစောပိုင်းပွဲစဉ်မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က အန်ဖီးမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုကို ချေဖျက်သွားဖို့ ပစ်မှတ်ထားနေမှာပါ။ အဲဒီပွဲမတိုင်မီ ဂန်းနားတို့ဟာ အကောင်းဆုံး form ကို ရနေခဲ့ပြီး အာဆင်နယ်ဟာ top 6 ပြင်ပက အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ကောင်းကောင်း လုပ်ပြနိုင်မယ့်ပုံ ရှိနေပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ အာဆင်နယ်ဟာ ထိပ်တန်းကလပ်တွေနဲ့ ရင်ဆိုင်ရာမှာ အရည်အသွေး တစ်ချို့ လိုအပ်နေပါတယ်။

Negative test ထွက်ခဲ့ပြီးနောက် အက်ဒီဟောင်းဟာ နယူးကာဆယ် ခုံတန်းကို ပြန်လာတော့မှာ ဖြစ်ပါတယ်။ ကွင်းဘေးစည်းကနေ အနီးကပ် ကြီးကြယ်သွားဖို့ဟာ သူ့ရဲ့ အသင်းသစ် အတွက် တကယ့်ကို လိုအပ်နေတဲ့ အရာ ဖြစ်ပါတယ်။ ဒီနှစ်သင်းကြား ခြေစွမ်းတော့ တအား ကွာနေမှာ မဟုတ်ပေမယ့် အိမ်ရှင်တို့ ကပ်နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : 2-1

၂~လီဗာပူး vs ဆောက်သမ်တန်
လီဗာပူးဟာ ကြားရက်က ပေါ်တိုကို သိပ်ပြီး မတောင့်တင်းတဲ့ အသင်းနဲ့ အန်ဖီးမှာ နိုင်ခဲ့ပြီး ဒီပွဲကိုလည်း အိမ်ကွင်းမှာ ထပ်ကစားရမှာ ဖြစ်တာကြောင့် လီဗာပူး အနိုင်လို့ပဲ လူအများစု မျှော်လင့်ထားကြမှာပါ။ ဆောက်သမ်တန်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရထားခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်က နော့ဝှစ်ကို ရှုံးခဲ့တာဟာ တကယ့်ကို စိတ်ပျက်စရာပါပဲ။

ဒီပွဲစဉ်ကတော့ နောက် level က အသင်းနဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ မာနေးဟာ ဂိုးတွေ သွင်းယူလျက် ရှိနေပြီး ဒီပွဲစဉ်မှာ သူ့အသင်းဟောင်းဘက်ကို ဂိုးသွင်းသွားခဲ့မယ် ဆိုရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ လီဗာပူးတို့ အိမ်ကွင်းမှာ သက်တောင့်သက်သာ နိုင်သွားပါလိမ့်မယ်။

ခန့်မှန်းချက် : 3-0

၃~မန်စီးတီး vs ဝက်ဟမ်း
ပြီးခဲ့တဲ့ အပတ်က စီးတီးဟာ အဲဗာတန်ကို လွယ်လွယ်ကူကူ အနိုင်ကစားခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ ချဲလ်ဆီးကို ဆက်လက် ဖိအားပေးဖို့ အတွက် မန်စီးတီး အနေနဲ့ ဒီလို ပုံစံနဲ့ ဆက်ကစားသွားဖို့ လိုအပ်ပါတယ်။ ဝက်ဟမ်းဟာ ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ လန်ဒန်ကလပ်ဟာ ဖြိုခွဲရ ခက်ခဲပြီး တိုက်စစ်ပိုင်းက အန်တိုနီယို ကလည်း အန္တရာယ် များပါတယ်။

ကျွန်တော်ကတော့ အီတီဟတ်မှာ ပွဲကောင်းတစ်ပွဲကို မျှော်လင့်ထားပါတယ်။ ကြားရက်က ပီအက်ဂျီကို အနိုင်ရထားခဲ့တဲ့ အတွက် စီးတီး အနေနဲ့ ယုံကြည်မှုတွေ မြင့်မားနေမှာပါ။ ကျွန်တော် ကတော့ အိမ်ရှင်တို့ နောက်ထပ် အနိုင် ၃ မှတ် ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : 3-1

၄~ဘန်လေ vs တော့တင်ဟမ်
တော့တင်ဟမ်ဟာ အခုထိ ခြေစွမ်း တည်ငြိမ်ခြင်း မရှိသေးဘဲ ကြားရက်က ဥရောပပွဲစဉ်မှာ မော်ရာကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ တစ်ချို့ ကစားသမားတွေ အနေနဲ့ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်သင့်ပါတယ်။ ဒီကစားသမားတွေကို အန်တိုနီယိုကွန်တီ ဘာလုပ်သွားမလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။ စပါး အနေနဲ့ ကြားရက်က ရှုံးနိမ့်မှုကို အမြန်ဆုံး တုန့်ပြန်ဖို့ လိုပါတယ်။ ဒါပေမယ့် ဒါဟာ နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ပါတယ်။

ဘန်လေဟာ ဂိုးတွေ အများကြီး ပေးရလေ့ မရှိတဲ့ အသင်း ဖြစ်တဲ့ အပြင် ဂိုးတွေ အများကြီးလည်း သွင်းယူနိုင်တဲ့ အသင်း မဟုတ်ပါဘူး။ အကယ်၍ စပါးရဲ့ အဓိက ကစားသမားတွေ ခြေစွမ်းပြနိုင်ခဲ့မယ် ဆိုရင် သူတို့ ဒီပွဲကို အနိုင်ရသင့်ပါတယ်။ ကျွန်တော်ကတော့ စပါးကို နောက်ထပ် အခွင့်အရေး ပေးကြည့်ချင်ပါတယ်။ သူတို့ ဒီပွဲကို ပွတ်ကာသီကာ နဲ့ အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : 1-0

၅~ချဲလ်ဆီး vs မန်ယူနိုက်တက်
စူပါဆန်းဒေးမှာ မန်ယူနိုက်တက်ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ မိုက်ကယ်ကားရစ်ဟာ ကြားရက်က သူ့ကစားသမားတွေဆီက ကောင်းမွန်တဲ့ တုန့်ပြန်မှုကို ရခဲ့ပေမယ့် ဒါဟာ ပိုမို ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဂျူဗင်တပ်နဲ့ ပွဲမှာ တအားကို ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းက တကယ့်ကို မာကျောလှပြီး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ဒါဟာ တကယ့်ကို လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။

ကျွန်တော် ကတော့ ကားရစ်ဟာ ဒီပွဲစဉ်မှာ ဘန်ဒီဘိ နဲ့ ဆန်ချို တို့ကို ဆက်လက် ပွဲထွက် ကစားစေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ မန်ယူနိုက်တက် အတွက် တအားကို တောင့်တင်းလွန်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ ချဲလ်ဆီး တို့ အနိုင် ၃ မှတ် ရသွားမယ်လို့ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : 3-1

အခြား ပွဲစဉ်တွေ အတွက် ခန့်မှန်းချက်
နော့ဝှစ် 0-1 ဝုဖ်
ခရစ်စတယ်ပဲလေ့စ် 1-1 အက်စတွန်ဗီလာ
ဘရိုက်တန် 2-0 လိဒ်
ဘရန့်ဖို့ဒ် 1-2 အဲဗာတန်
လက်စတာ 2-1 ဝက်ဖို့ဒ်

SM