ချဲလ်ဆီး ဂန္တဝင်ရဲ့ မှတ်တမ်းတစ်ခုကို ကျော်ဖြတ်လိုက်တဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယား

ပြီးဆုံးခဲ့တဲ့ ရက်သတ္တပါတ်တွေ အတွင်း ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယားဟာ နိုင်ငံံပွဲတွေကို ကစားနေစဥ်အတွင်း ပျော်ရွှင်မှုတွေ ရရှိ ခံစားနိုင်ခဲ့ပါပြီ ။

ဟယ်ရီ မက်ဂွားယားဟာ ယူနိုက်တက်တို့ အက်စတွန် ဗီလာ အသင်းကို 0 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက်ခဲ့ရပြီး ဒဏ်ရာပြသနာ ကြုံတွေ့ခဲ့တဲ့ အတွက် ပွဲချိန် 67 မိနစ်မှာ အသင်းဖော် လင်ဒီလော့ဖ် နဲ့ လူစားလဲခံခဲ့ရပါတယ် ။

အဲ့ဒီနောက် သူဟာ ဗီလာရီးယဲ ၊ အဲဗာတန် အသင်းနဲ့ ပွဲစဥ်တွေမှာ ပွဲထွက်ခွင့် မရနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ လက်စတာ စီးတီး အသင်း နဲ့ ကစားရမဲ့ ပွဲစဥ်မှာတော့ ဒဏ်ရာပြသနာ အကင်းသေခြင်း မရှိပေမဲ့ ပွဲထွက် ကစားခွင့် ပြန်လည်ပြီး ရရှိနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ အဆိုပါ ပွဲစဥ်မှာတော့ သူဟာ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ယူနိုက်တက်တို့လည်း ပြိုင်ဖက်အသင််းကို 4 – 2 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ရပါတယ် ။ အဲ့ဒီနောက် သူဟာ ယူနိုက်တက် အတွက် ကစားပေးရတဲ့ ပွဲစဥ်တိုင်းနီးပါး ရုန်းကန်ခဲ့ရပါတယ် ။

ဒီအတွက် သူ့ကို ဝေဖန်သူတွေလည်း များခဲ့ကြပါတယ် ။ ဒါပေမဲ့ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ရတဲ့ နိုင်ငံတကာ ပွဲစဥ်တွေမှာတော့ သူဟာ အကောင််းဆုံး ပုံစံတွေကို ပြသရင်း ဝေဖန်မှုတွေကို တိတ်ဆိတ် သွားစေနိုင်ခဲ့ ပါတယ် ။

 

သူဟာ အင်္ဂလန်တို့ အယ်လ်ဘေးနီးယားကို 5-0 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ဒီနေ့ မနက် ဆမ်မာရီနို အသင်းကို 0 – 10 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ခဲ့ပြန်တဲ့ ပွဲစဥ်မှာလည်း အဖွင့်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါသေးတယ် ။

အဆိုပါ သွင်းဂိုး 2 ဂိုးကြောင့် မက်ဂွားယားဟာ အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးတွေ အနက် သမိုင်းတစ်လျှောက် ဂိုးသွင််းအများဆုံး ခံစစ်မှူး ဖြစ်သွားနိုင်ခဲ့ပါပြီ ။ ယခင်တုန်းက အင်္ဂလန် အတွက် ဂိုးသွင်း အများဆုံး ခံစစ်မှူးဟာ ချဲလ်ဆီး ခံစစ်မှူး ဂျွန်တယ်ရီ ဖြစ်ခဲ့ပါတယ် ။

တယ်ရီဟာ ကစားသမား ဘဝအတွင်း အင်္ဂလန် လက််ရွေးစင် အသင်းကြီး အတွက် သွင်းဂိုး 6 ဂိုးထိ သွင်းယူ ထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ အခုတော့ မက်ဂွားယားဟာ အင်္ဂလန် အတွက် သွင်းဂိုး 7 ဂိုးထိ သွင်းယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် မက်ဂွားယားဟာ အင်္ဂလန် လက်ရွေးစင် ဗဟို ခံစစ်မှူးတွေ အနက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ နိုင်ငံ့အသင်းမှာ ပုံစံကောင်းတွေ ပြသနေခဲ့တဲ့ မက်ဂွားယားဟာ ယူနိုက်တက်အတွက် ပြန်လည်် တောက်ပနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar