ချဲလ်ဆီးနဲ့ မန်ယူနိုက်တက် တို့ရဲ့ ပွဲကြီးပွဲကောင်း အပါအဝင် ဘာဘာတော့ဖ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ခန့်မှန်းချက်မျာ

ပရီးမီးယားလိဂ်ရဲ့ နောက်ထပ် ပွဲကောင်းတွေနဲ့ ပြည့်နေတဲ့ ရက်သတ္တပတ် ဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်း ကတော့ နည်းပြ ထုတ်ပယ်ခံထားရတဲ့ မန်ချက်စတာယူနိုက်တက် တို့ လက်ရှိမှာ အကောင်းဆုံး ပုံစံ ပြသနေတဲ့ ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး နဲ့ လက်ရှိမှာ ခြေတက်နေတဲ့ ဝက်ဟမ်း တို့ရဲ့ ပွဲစဉ်ကလည်း စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။

အာဆင်နယ် vs နယူးကာဆယ်
ကျွန်တော်ကတော့ ဒီပွဲစဉ် အတွက် အာဆင်နယ်ကိုပဲ ရွေးချယ်ချင်ပါတယ်။ အမှန်ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူးကို ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ တကယ့် machine ဖြစ်ပြီး အန်ဖီးမှာ ရမှတ်တွေ ရယူနိုင်ဖို့ဆိုတာ အာဆင်နယ် အတွက် အမြဲတမ်း ခက်ခဲခဲ့တဲ့ အရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အပတ်တွေက တိုးတက်မှု တွေကို ပြသထားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကတော့ အာဆင်နယ်တို့ နယူးကာဆယ်ကို နိုင်သွားမယ်လို့ ရွေးပါတယ်။

ခန့်မှန်းချက် : 2-0

ဆောက်သမ်တန် vs လီဗာပူး
ဒီပွဲစဉ် ကတော့ လီဗာပူးကလွဲပြီး အခြား ရွေးချယ်စရာ မရှိပါဘူး။ လီဗာပူးရဲ့ လက်ရှိ ကစားပုံအရ သူတို့ဟာ ဆောက်သမ်တန်ကို သက်တောင့်သက်သာ အနိုင်ရသင့်ပြီး ပြိုင်ဘက်ကို အထင်မသေးဖို့တော့ လိုအပ်ပါတယ်။ အကယ်၍ သူတို့ ဒီလို မလုပ်ခဲ့ဘူးဆိုရင် လီဗာပူး တို့ သက်တောင့်သက်သာနဲ့ အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : 2-0

မန်စီးတီး vs ဝက်ဟမ်း
ဝက်ဟမ်းဟာ ဒီရာသီမှာ top 4 နေရာ အတွက် စိန်ခေါ်လျက် ရှိနေပြီး သူတို့ရဲ့ ကစားပုံ ကလည်း ကောင်းနေပါတယ်။ ဒါပေမယ့် သူတို့ ဒီတစ်ပတ် အီတီဟတ်မှာ ဒါကို လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ အမှန်ပါပဲ။ သူတို့ဟာ ပြိုင်ဘက်ကို အံ့အားသင့်စေနိုင်ပေမယ့် မန်စီးတီး ကိုတော့ ဒါမျိုး လုပ်နိုင်ဖို့ သိပ်ပြီး ဖြစ်နိုင်ခြေ မရှိပါဘူး။ မိုရက်ရဲ့ အသင်းဟာ ဒီရာသီမှာ အကောင်းဆုံး လုပ်ပြထားခဲ့ ပေမယ့်လည်း မန်စီးတီး ကတော့ သူတို့ အတွက် တအား မြင့်လွန်းတဲ့ ပြိုင်ဘက် ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ မန်စီးတီးကိုပဲ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : 3-1

ဘန်လေ vs တော့တင်ဟမ်
စပါးဟာ လိဒ်နဲ့ ပွဲစဉ်တုန်းက ပထမပိုင်းမှာ အိပ်ပျော်နေခဲ့ပြီး ဒုတိယပိုင်း ကျမှသာ ပြန်လည် နိုးထပြီး ကစားခဲ့ပါတယ်။ သူတို့ဟာ ဒီရာသီမှာ ဒါမျိုး ပုံစံတွေ လုပ်နေတာကို မြင်တွေ့နေရပါတယ်။ ကြားရက်က မော်ရာကို အံ့အားသင့်ဖွယ် ရှုံးထားခဲ့တဲ့ စပါးဟာ နိုင်ပွဲရဖို့ အမြန်ဆုံး လိုအပ်နေပြီး အကယ်၍ ဒီပွဲမှာ ပွဲစကတည်းက ကောင်းစွာ ကစားနိုင်ခဲ့မယ် ဆိုရင် စပါးတို့ နောက်ထပ် နိုင်ပွဲတစ်ပွဲကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ စပါးကို ရွေးချယ်ချင်ပါတယ်။

ခန့်မှန်းချက် : 0-1

ချဲလ်ဆီး vs မန်ယူနိုက်တက်
ကျွန်တော် မန်ယူနိုက်တက် ကစားသမား ဘ၀ ကတည်းက ချဲလ်ဆီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒါဟာ ယူနိုက်တက် အတွက် အရမ်းကို ခက်ခဲမယ့် စိန်ခေါ်မှု ဖြစ်ပြီး ယခုလို အနေအထားမျိုးနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကို သွားရောက် ကစားရတာဟာ ကြီးမားတဲ့ တောင်းဆိုမှု ပါပဲ။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ပရီးမီးယားလိဂ်မှာ ကောင်းစွာ လုပ်ပြနေတဲ့ အပြင် ပြီးခဲ့တဲ့ ကြားရက်ကလည်း ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်ကို ဂိုးပြတ် ချေမှုန်းပစ်ခဲ့ ပါတယ်။ ချဲလ်ဆီးဟာ နိုင်ပွဲတွေ ဆက်နေတဲ့ အပြင် အကောင်းဆုံး ပုံစံလည်း ရရှိနေတာကြောင့် ကျွန်တော် ကတော့ ချဲလ်ဆီးတို့ နိုင်မယ်လို့ပဲ ရွေးချယ်ချင်ပါတယ်။

ခန့်မှန်းချက် : 2-1

အခြားပွဲစဉ်များ
နော့ရစ်ခ်ျ 1-0 ဝုဖ်
ပဲလေ့စ် 1-1 ဗီလာ
ဘရိုက်တန် 1-0 လိဒ်
ဘရန့်ဖို့ဒ် 0-1 အဲဗာတန်
လက်စတာ 2-1 ဝက်ဖို့ဒ်

SM