ခေါ်ယူချင်တဲ့ အသင်း 13 သင်းထိ ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက် နောက်ခံလူ

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ အင်္ဂလန်သား ဗဟို နောက်ခံလူ ဖီးလ် ဂျုံးစ်ကို ခေါ်ယူ ရရှိနိုင်ဖို့ အတွက် မတူညီတဲ့ ကလပ််အသင်း 13 သင်း အထိက စိတ်ဝင်စား နေကြတယ်လို့ The Sun ရဲ့ ဖော်ပြမှုမှ တစ်ဆင့် သိရှိလိုက်ရပါတယ် ။

ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အိုလီ ဂန်နား ဆိုးလ်ရှား ရောက်လာခဲ့တဲ့နောက်ပိုင်း ပုံမှန် ပွဲထွက် ကစားခွင့်တွေ ပိုင်ဆိုင်နိုင်ဖို့ အထူး ရုန်းကန် နေခဲ့ရပြီး စီနီယာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့တာပဲ 2 နှစ်နီးပါး ရှိနေခဲ့ပါပြီ ။

အခုအချိန်မှာတော့ အသက် 29 နှစ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန််သားဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ပြသနာကို အန်တုနိုင််ဖို့ အချိန်အတော်ကြာ ကုသနေခဲ့ရပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၊ ဇန်နဝါရီလက ယူနိုက်တက်တို့ ထရန်မီးယား အသင်းနဲ့ ကစားခဲ့တဲ့ FA ဖလား ပြိုင်ပွဲမှာသာ နောက်ဆုံးအကြိမ် ကစားပေးခွင့် ရရှိခဲ့ပါတယ် ။

ဒါပေမဲ့ အခုအချိန် ဒဏ်ရာပြသနာမှ ပြန်လည်သက်သာခဲ့ပြီး လူငယ် အသင်းအတွက် ကစားပေးနိုင်ခဲ့ပြီ ဖြစ်တဲ့ ယူနိုက်တက် နောက်ခံလူကို ပရီးမီးယားလိဂ်မှ ဝက်ဖို့ဒ် ၊ နယူးကာဆယ် အသင်းတွေက စိတ်ဝင်စားနေခဲ့သလို ဝိန်းရွန်းနီ ကလည်း ဒါဘီ ​ကောင်တီ အသင်းဆီကို ခေါ်နိုင်ဖို့ စိတ်အား ထက်သန်နေခဲ့ ပါတယ် ။

အခုတော့ The Sun ရဲ့ ဖော်ပြချက်အရ ဖီးလ် ဂျုံးစ်ကို အနည်းဆုံး အငှားခေါ်ယူလိုတဲ့ အသင်းချည်း 13 သင်း အထိ ရှိနေတယ်လို့ သိလိုက်ရပါတယ် ။ ဒါပေမဲ့ နည်းပြ ဆိုးလ်ရှား ကတော့ ကစားသမားကို ခရစ္စမတ် အပြီး လက််လွှတ်ခံလိုက်သင့်လား ဆိုတဲ့ အပေါ် ဆုံးဖြတ်ဖို့ ကြန့်ကြာနေခဲ့တယ်လို့ သိလိုက်ရပါတယ် ။

ဆိုးလ်ရှားကတော့ ပွဲစဥ်တွေ ဆက်တိုက် ကစားနေရတဲ့ ရက်သတ္တပါတ်တွေမှာ အသင်းရဲ့ ခံစစ် ကစားသမားတွေ ဒဏ်ရာ ရရှိခဲ့ပါက ဆိုတဲ့ အတွေးနဲ့ ဖီးလ် ဂျုံးစ်ကို ရောင်းထုတ််ဖို့ (သို့) အငှားချသွားဖို့ တွန့်ဆုတ် နေခဲ့တာပဲ ဖြစ်တယ််လို့ သိခဲ့ရပါတယ် ။

ဖီးလ် ဂျုံးစ်ဟာ ဒီရာသီမှာတော့ ယူနိုက်တက်တို့ ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ခဲ့ကြတဲ့ ကာရာဘောင် ဖလား ပွဲစဥ် တစ်ပွဲမှာတော့ အရံခုံပေါ် ထိုင်ခဲ့ရပါသေးတယ် ။ ဒါပေမဲဲ့ ကစားခွင့်တော့ မရခဲ့ပါဘူး ။ သူဟာ ဒီရာသီ ယူနိုက်တက်် ယူ 23 အသင်း အတွက်သာ ကစားပေးနိုင်ခဲ့ပါသေးတယ် ။

ဖီးလ် ဂျုံးစ်ဟာ ဒီနှစ်နွေထဲက အသင်းနဲ့ လေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ မက်ဂွားယား ၊ ဗာရန်း ၊ လင်ဒီလော့ဖ် ၊ ဘိုင်လီ တို့ကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နေရာမရခဲ့ပါဘူး ။ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အရင်လို စွမ်းဆောင်ရည် ပြန်ရဖို့ သူ့ကို အငှားချသွားရန်သာ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ 2023 အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ တစ်ဦးဖြစ်ပြီး လက်ရှိ အချိန်မှာတော့ တစ်ပါတ် ပေါင် 130,000 ထိ ရရှိနေသူပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် ဂန္တဝင် ဖာဒီနန်က မကြာသေးခင်ကပဲ ဂျုံးစ် အသင်းကနေ ထွက်လိုက်သင့်တာ ကြာပြီလို့ ဝေဖန်ခဲ့ဖူးပါသေးတယ် ။

#Sports_Myanmar