ခရစ္စတီယာနို အပေါ် ဝေဖန်နေသူတွေကို တုန့်ပြန်လိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို အပေါ် ဝေဖန်နေမှုတွေကို တကယ်ပဲ နားမလည််နိုင် ဖြစ်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့နောက် 10 ကြိမ်ပွဲထွက် ကစားပေးခဲ့ရာမှာ 9 ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးတွေ အနက် 5 ဂိုးကို ချန်ပီယံလိဂ် ပြိုင််ပွဲမှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ သွင်းဂိုးတွေကပဲ မန်ချက်စတာ ယူနိုက်တက် အသင််းကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲစဥ် 4 ပွဲ ကစားအပြီး အဆင့်1 နေရာကို ရောက်ရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ရော်နယ်ဒိုဟာ ဒီလောက်လုပ်ပေးတဲ့ကြားက ဝေဖန်မှုတွေကို ခံနေခဲ့ရသူ ဖြစ်ခဲ့ရပါတယ် ။

အထူးသဖြင့် ရော်နယ်ဒိုဟာ အသင်းရဲ့ ခံစစ်ပိုင်းကို လိုအပ််တဲ့ အချိန်တွေမှာ ဆင်းကူပေးနိုင်စွမ်း မရှိခြင်း ၊ ပြိုင်ဖက် ခံစစ်တွေကို ဖိအားပေး ကစားနိုင်စွမ်း နည်းပါးနေမှုတွေကြောင့် သတင်းသုံးသပ်သူတွေက ပေါ်တူဂီသားကို ဝေဖန်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ရော်နယ်ဒို ဆိုတာ လက်ရှိ ဂြိုဟ်ပေါ်မှာ ရှိနေကြတဲ့ ကစားသမားတွေ အနက် အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ကြောင်း ၊ သူ့ရဲ့ ကွင်းအတွင်း ၊ ကွင်းအပြင် အကျိုးသက်ရောက်မှုတွေက ထူးကဲလှကြောင်း တုန့်ပြန်ခဲ့လိုက်ပါတယ် ။

” ကမ္ဘာဂြိုဟ်ပေါ်မှာ ရှိနေခဲ့တဲ့သူတွေ အားလုံးအနက်မှာ ရော်နယ်ဒိုဟာ အကောင်းဆုံးတွေထဲက တစ်ဦးပါပဲ ။ ပြီးတော့ ကွင်းအတွင်း နဲ့ ကွင်းအပြင်တွေမှာ သူ့ရဲ့ အကျိုး သက်ရောက်မှုတွေက အရမ်းကို ထူးကဲလွန်းနေခဲ့တာက အားလုံး အသိပါပဲ ”

” သူဟာ သူရဲ့ အနားမှာ ရှိနေသူတွေ နဲ့ သဟဇာတ ဖြစ်အောင် နေခဲ့ပြီး ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ ပါတယ် ။ ဒါကို လူတွေက ဘယ်လို လုပ်ပြီး အနှုတ်လက္ခဏာ ဆောင်တဲ့ အရာ တစ်ခုလို့ မြင်နေခဲ့ကြတာလဲ…. ကျွန်တော်ကတော့ အဲ့ဒီ တစ်ခုကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး ”

” ကျွန်တော်တို့ကတော့ သူအသင်းမှာ အခုလို ပြန်လည် စတင်နိုင်ခဲ့တဲ့အတွက် အရမ်း ၊ အရမ်းကို ကျေနပ်မိခဲ့ကြပါတယ် ။ သူက ဂိုးတွေ သွင်းယူတယ် ၊ သူ့ရဲ့ အသင်းအတွက်် အလုပ် လုပ်ပေးခဲ့တယ် ၊ အရမ်း အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်ခဲ့ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေညမှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီ ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို တကယ်ပဲ ဆုံးဖြတ်ပေးသွားမယ့် ပွဲစဥ်လား ဆိုတာကို စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar