ခပ်ကြမ်းကြမ်းပြီးသွားတဲ့ ကွန်တီ ရဲ့ ပထမဆုံးပွဲ ၊ ဇာဗီ နဲ့ နီးစပ်လာတဲ့ ဘာဆာ ၊ ဒဏ်ရိုက်ခံရတဲ့ ရိုနယ်ဒို တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းမျာ

 

ကာတာ ကလပ် အယ်လ်ဆတ် ဘက် က အကြိမ်ကြိမ် ငြင်းဆန် နေပေမယ့် ဘာစီလိုနာ ဟာ ဇာဗီ ဟာနန်ဒက်စ် ကို ဇန်နဝါရီ မတိုင်ခင်မှာ နည်းပြသစ် အဖြစ် ခန့်အပ် နိုင်မယ်လို့ ယုံကြည်ချက် ရှိနေတယ် လို့ သိရ ပါတယ် ။ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ဇာဗီ နဲ့ ချိတ်ဆက်မှု ရှိနေပြီး ဆွေးနွေး ပြောဆို နေကြဆဲလို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ ဇာဗီ ရဲ့ ကိစ္စကို လတ်တလော နံပါတ် ၁ ဦးစားပေး အဖြစ် သတ်မှတ်ထားပြီး ဇာဗီ ကို အရ ခေါ်ယူပြီးမှ ဒမ်ဘီလီ နဲ့ ဂါဗီ တို့ရဲ့ စာချုပ် ကိစ္စတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ ကြားသိရ ပါတယ် ။

စပိန် ဂျာနယ်လစ် ဂျရတ် ရိုမဲရိုး ကတော့ ဘာစီလိုနာ ဟာ လာမယ့် တပတ် အတွင်းမှာ ဇာဗီ ကို ခန့်အပ် နိုင်ကြောင်း ကြေညာ လိမ့်မယ်လို့ ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

အန်တိုနီယို ကွန်တီ ရဲ့ ပထမဆုံး စပါး ပွဲကတော့ အပြန် အလှန် သွင်းဂိုးတွေ ၊ အနီကတ် တွေ ၊ ခိုက်ရန် ဖြစ်ပွားမှုတွေ နဲ့ ပြီးဆုံး သွားခဲ့ ပါတယ် ။

စပါးဟာ နယ်သာလန် ကလပ် ဗွီတက်ဆီ ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပြီး ၃-၂ နဲ့ အနိုင်ရခဲ့ ပါတယ် ။

ဒီပွဲမှာ စပါး ဘက်က ခရစ်ရှန် ရိုမဲရိုး အနီကတ် နဲ့ ထုတ်ခံ ခဲ့ရသလို ဗွီတက်ဆီ ကစားသမား ၂ ဦးလည်း အနီထိ ခဲ့ကြပါတယ် ။

ကွင်းပြင်ပ မှာလည်း ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွား ခဲ့တာကြောင့် ကွင်းထဲကနေ ဖယ်ရှား ခံခဲ့ရတယ် လို့လည်း သိရ ပါတယ် ။

ကွန်တီ ကတော့ သူ့ အသင်းဟာ အလုပ်တွေ အများကြီး ပိုလုပ်ဖို့ လိုအပ်သေးတယ် လို့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။ စပါး ပရိသတ်တွေ ဟာ ကွန်တီ ကွင်းထဲ ဝင်လာစဉ် မှာ သူရဲကောင်း တယောက်လို ကြိုဆို နှုတ်ဆက် ခဲ့ကြတယ်လို့ သိရ ပါတယ် ။

မော်ရင်ဟို ရဲ့ ရိုးမား ကတော့ နော်ေ၀ ကလပ် ဘိုဒို ဂလင့် နဲ့ ၂ ဂိုးစီ သရေ ကျသွားခဲ့ ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လာမယ့် နိုဝင်ဘာ ပွဲစဉ်တွေ အတွက် လူစာရင်းကို ယမန်နေ့က ထုတ်ပြန် ခဲ့ရာမှာ မန်ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ဆန်ချို နဲ့ လင်ဂတ် တို့ ပါဝင် မလာခဲ့တော့ဘူးလို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် အသင်း ကွင်းလယ်လူ တိုနီ ကရူးစ် ရဲ့ အေးဂျင့် ဖြစ်သူက ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ ဘောလုံး လောက ရဲ့ အပြောင်းအရွှေ့ စံချိန် ကို ချိုးဖျက်သူ ဖြစ်လာလိမ့်မယ်လို့ ပြောဆို ခဲ့ပါတယ် ။ လက်ရှိ မှာ နေမာ ရဲ့ ဘာစီလိုနာ ကနေ PSG ကို ပြောင်းရွှေ့ ခဲ့တဲ့ ယူရို ၂၂၂ သန်း ဟာ အမြင့်ဆုံး စံချိန် အဖြစ် ရှိနေပြီး ဟာလန်း ဟာ ယူရို သန်း ၂၅၀ အနည်းဆုံး ရှိလာလိမ့်မယ်လို့ ခန့်မှန်း ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ် ။

မန်စီးတီး ဆေးအဖွဲ့ဟာ ကိုင်လ် ဝေါ်ကာ ရဲ့ အခြေအနေ ကို စစ်ဆေး နေပြီး ချန်ပီယံလိဂ် ပွဲမှာ ရရှိ လာတဲ့ ဒဏ်ရာဟာ မန်ချက်စတာ ဒါဘီ မှာ ဝင်ရောက် ကစားနိုင်ဖို့ ရှိမရှိ ကို အတည်ပြု ပေးသွားမယ်လို့ သိရ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ဟာ ယမန်နေ့က မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေ ကို နေ့လည်စာ ဧည့်ခံ ကျွေးမွေးခဲ့တယ် လို့ သိရပါတယ် ။ အဆိုပါ ပွဲအပြီးမှာတော့ ရိုနယ်ဒို ဟာ ကားကို အချိန်ကြာမြင့်စွာ ရပ်နား ထားမှုကြောင့် ဒဏ်တပ် ခံခဲ့ရတယ်လို့ ကြားသိရ ပါတယ် ။

ရိုနယ်ဒို ရဲ့ တော့တင်ဟမ် ဟော့စပါး ဘက်ကို သွင်းယူ ခဲ့တဲ့ မြေမကျ ကန်ချက် ဟာ အောက်တိုဘာ လ အတွက် ယူနိုက်တက် ရဲ့ တလတာ အကောင်းဆုံး သွင်းဂိုး အဖြစ် ရွေးချယ် ခံခဲ့ရတယ် လို့လည်း သိရှိရ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ လူငယ် နောက်ခံ ကစားသမားလေး ထရီဗော့ ချာလိုဘတ် ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ကြောင်း ယမန်နေ့ ညပိုင်းက ကြေညာ သွားခဲ့ ပါတယ် ။

၁၉၆၀ ခုနှစ် ရဲ့ ရွှေဘောလုံးဆု ကို ရရှိခဲ့တဲ့ စပိန် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ကတော့ ဒီနှစ် ရွှေဘောလုံး ဆုဟာ ရောဘတ် လီဝန်ဒေါ့စကီး နဲ့သာ ထိုက်တန်ကြောင်း နဲ့ လီဝန်ဒေါ့စကီး ဆု မရပါက သူ ရရှိ ထားတဲ့ ဆုကို အစားထိုးပေးအပ် သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒီတပတ် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၄ ရဲ့ အကောင်းဆုံး အသင်းကတော့ –

ဗလာချိုဒီမိုစ့် ( ဘင်ဖီကာ )

ကန်ဆယ်လို ( မန်စီးတီး ) ၊ ဘာကူ ( ဝုဖ်ဘတ် ) ၊ အာနိုး ( လီဗာပူး )

ပက်ဒရို ဂွန်ကားလ်ဗက်စ် ( စပို့တင်း ) ၊ ကာပူရေး ( ဗီလာရီးရဲ ) ၊ ဝိုင်နယ်ဒမ် ( PSG ) ၊ အန်ကွန်ကူ ( လိုက်ပ်ဇစ် )

ဒိုင်ဘားလား ( ယူဗင်တပ် ) ၊ လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် ) ၊ ရိုနယ်ဒို ( မန်ချက်စတာ ယူနိုက်တက် ) တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR