ကြားရက်ပွဲစဉ်တွေ အတွက် လော်ရိုး ရဲ့ ခန့်မှန်းချက်များ

ဒီတစ်ပတ် ကြားရက်မှာတော့ ဥရောပ ပွဲစဉ်တွေ မဟုတ်ပဲ ပရီးမီးယားလိဂ် ပွဲတွေပဲ ဆက်ပြီး ကစားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းငယ်လေးတွေလဲ အသင်းကြီးတွေလို နားရက် ရှိမှာ မဟုတ်ပါဘူး။

ဒီပွဲကျပ် ကာလမှာ ထင်မှတ် မထားတဲ့ ရလာဒ်တွေ ထွက်ပေါ်လာတတ်တာမို့ ငွေးကြေး ရင်းနှီးပြီး ရင်ခုန် ခန့်မှန်းကြမယ့် ပရိသတ်တွေ အနေနဲ့ သတိကြီးကြီး ထားဖို့ လိုသလို ၊ ပွဲကြို အချက်အလက် ၊ ဒဏ်ရာပြသနာ စတဲ့ ကိစ္စတွေလဲ အချိန်နဲ့ တပြေးညီ သိရှိထားဖို့ လိုပါတယ်။

ယူနိုက်တက် ကတော့ မန်နေဂျာသစ် နဲ့ အတူ ပထမဆုံး အကြိမ် ပွဲထွက်လာမှာ ဖြစ်ပြီး ၊ မန်စီးတီး က ဂျရတ် ရဲ့ လက်အောက်မှာ နိုင်ပွဲ ဆက်နေတဲ့ ဗီလာ နဲ့ တွေ့ဆုံမှာ ဖြစ်ကာ ၊ 7 ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ထားတဲ့ ဘင်နီတက်ဇ် ရဲ့ အဲဗာတန် ဟာ မြို့ခံ ပြိုင်ဘက် လီဗာပူး နဲ့ ရင်ဆိုင် ကစားကြမှာ ဖြစ်ပါတယ်။

လော်ရိုး ရဲ့ သုံးသပ်ချက်တွေကို ကြည့်ကြည့်လိုက်ကြရအောင်ဗျာ………

ဝက်ဖို့ဒ် vs ချဲဆီး
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ ပွဲစဉ်မှာ ချဲဆီး ဟာ ရလာဒ်ကောင်း ပေါ်ထွက်အောင် စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ပါဘူး ဒါပေမယ့် သူတို့ရဲ့ ခြေစွမ်းက တကယ် ကောင်းခဲ့ ပါတယ်။

အဲဒီ ပွဲစဉ်မှာ လူကာကူ လူစားလဲ ဝင်ရောက် ကစားပေးတာ မြင်ခဲ့ရလို့ ၊ ဝက်ဖို့ဒ် အတွက်တော့ သတင်းကောင်း မဖြစ်နိုင်ဘူး ဆိုတာ ကျနော် တွေးကြည့်နေမိပါတယ်။

ရာနေးရီ ဟာ အသင်းဟောင်း လက်စတာ နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲမှာ ရှုံးပွဲ ကြုံခဲ့သလို ၊ ဒီပွဲမှာလဲ သူ့အတွက် ပျော်စရာ ဆိုတာ လုံး၀ ရှိလာနိုင်မှာ မဟုတ်ပါဘူး။
ခန့်မှန်းချက် – ဝက်ဖို့ဒ် 0-3 ချဲဆီး

အက်စ်တွန် ဗီလာ vs မန်စီးတီး
ဂျရတ် ရဲ့ လက်ထက်မှာ နှစ်ပွဲဆက်တိုက် အနိုင်ယူပြထားတဲ့ ဗီလာ ရဲ့ စွမ်းဆောင်ရည်က ကောင်းလွန်းပါတယ်။ ဒါပေမယ့် သူ့အတွက် အခက်ခဲဆုံး စမ်းသပ်မှုတွေ က ရောက်မလာသေးပါဘူး။

မန်စီးတီး ဟာ အဲဗာတန် ၊ ဝက်စ်ဟမ်း ၊ ပီအက်စ်ဂျီ တို့ကို ဆက်တိုက် အနိုင်ယူပြီးမှ အက်စ်တွန် ဗီလာ ကို ရောက်လာမှာပါ။ အဲဒီ ပွဲစဉ်တွေမှာ ဒီဘရိုင်း ၊ ဖိုဒန် ၊ ဂရေးလစ်ချ် တို့ မပါနိုင်ပဲနဲ့တောင် အကောင်းဆုံး စွမ်းဆောင်ပြခဲ့တာလေ။

ဒီဘရိုင်း ကတော့ ပြန်ကစားပေးဖို့ မနီးစပ်သေးပါဘူး။ ဖိုဒန် ကလဲ မသေချာသေးသလို ၊ ဂရေးလစ်ချ် ကတော့ အသင်းဟောင်း နဲ့ ပြန်လည် ရင်ဆိုင် ကစားချိန်မှာ ပါဝင်လာနိုင်ပါတယ်။ ကျနော့် စိတ်ထဲမှာ သိချင်မိနေတဲ့ အချက်က ဗီလာ ဟာ မန်စီးတီး ကို အံ့အားသင့်စရာ ရလာဒ်မျိုး နဲ့ ဒုက္ခပေးပြနိုင်မလား ဆိုတာပါ။

ဂရေးလစ်ချ် နဲ့ ဖိုဒန် တို့သာ ပြန်ပါလာရင်တော့ မန်စီးတီး နိုင်မယ်လို့ ယုံကြည်နေမိပါတယ်။ သူတို့ မပါရင်တော့ ဗီလာ ကလဲ တုန့်ပြန်နိုင်စွမ်းတွေ ရှိပါတယ်။ အထူးသဖြင့် လက်ရှိ ပုံစံကောင်းတွေကြောင့်ပါ။
ခန့်မှန်းချက် – ဗီလာ 1-1 မန်စီးတီး

အဲဗာတန် vs လီဗာပူး
ဒီပွဲဟာ မနှစ်က ဗန်ဒိုက် ဒဏ်ရာ ရသွားတဲ့ ပွဲစဉ်မျိုးပါ။ ဒါကြောင့်မို့ ပုံမှန် အနေအထားထက် ပိုပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာဖို့ ဖြစ်နိုင်ချေတွေ များနေပါတယ်။

သို့သော်လဲ ဘောလုံးစွမ်းဆောင်ရည်ကိုပဲ သီးသန့် ကြည့်လိုက်မယ် ဆိုရင် လီဗာပူး က အသာစီးရမယ် ဆိုတာ အပြတ်သတ်ကြီး ဖော်ပြနေပါတယ်။ အဲဗာတန် ဟာ စက်တင်ဘာ လကုန် ကတည်းက နိုင်ပွဲ မရခဲ့တာ ဖြစ်သလို ၊ ဘရန်းဖို့ဒ် နဲ့ ကစားခဲ့တဲ့ ပွဲမှာလဲ စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့ ရဲ့ ပုံစံက ဂိုးရဖို့အတွက် လုံး၀ အတွက် လုံး၀ နီးစပ်မှု မရှိခဲ့တဲ့ အပြင် ၊ အိမ်ရှင်တွေ ကတောင် နောက်ထပ် သွင်းဂိုးတွေ ရနိုင်တဲ့ အနေအထားမျိုးပါ။

ဘင်နီတက်ဇ် ဟာ နောက်တန်း ခံစစ်ကို ပိတ်ပြီး ထားတဲ့ ဗျူဟာနဲ့ ချဉ်းကပ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်မယ် မထင်ပါဘူး။ အထူးသဖြင့် အဲဗာတန် ရဲ့ ကစားပုံကြောင့် သူတို့ဟာ ပွဲကို ကြာကြာ တောင့်ခံနိုင်လိမ့်မယ်လို့တောင် မထင်ပါဘူး။

သတိထားရမှာက ဒီပွဲက ဒါဘီ ပွဲစဉ်ပါ။ အဲဒီတော့ အမှတ်ပေးဇယား ရပ်တည်မှုတွေ နဲ့ လုံး၀ မဆိုင်ပါဘူး။ နှစ်ဖက် စလုံးကလဲ အဲဒီ အကြောင်းအရာတွေ မေ့ထားပြီး တိုက်ပွဲ ဝင်ကြပါလိမ့်မယ်။ ကျနော့် အမြင်မှာတော့ လီဗာပူး ရဲ့ အရည်အသွေးတွေကို တောင့်ခံနိုင်တဲ့ အင်အားမျိုး မရှိသေးဘူးလို့ ပြောချင်ပါတယ်။
ခန့်မှန်းချက် – အဲဗာတန် 0-2 လီဗာပူး

ယူနိုက်တက် vs အာဆင်နယ်
ချဲဆီး နဲ့ ပွဲမှာ မိုက်ကယ် ကာရစ် ချဉ်းကပ်သွားတဲ့ ဗျူဟာ ကို သဘောကျပါတယ်။ မာတစ် ၊ တော်မီနေး ၊ ဖရက် တို့ဟာ ခံစစ်ကို အလျဉ်းသင့်သလို ကာကွယ်ပေးထားသလို ၊ တစ်သင်းလုံးကလဲ ကြိုးကြိုးစားစား နဲ့ ကို ကစားသွားတာပါ။

ယူနိုက်တက် ရဲ့ နောက်တန်း ကစားပုံကတော့ ပုံမှန် အနေအထားမျိုး မရောက်သေးဘူးလို့ မြင်မိပါတယ်။ ဘစ်ဆာကာ ရဲ့ Foul ဘောသာ မဖြစ်ခဲ့ရင် အဝေးကွင်းမှာ အနိုင်သုံးမှတ်တောင် ရယူပြနိုင်လောက်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် တိုးတက်မှုတွေ ရှိလာတာတော့ အသေချာပါပဲ။ ရန်နစ် ဟာ ကွင်းထဲကနေ ကြီးကြပ်ရသည် ဖြစ်စေ ၊ စင်ပေါ်ကနေပဲ ကြီးကြပ် ပေးသည် ဖြစ်စေ ပိုပြီး ကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်တွေတော့ သေချာပေါက် မြင်ကြရမှာပါ။

ဂန်းနား တွေကလဲ နယူးကာဆယ် နဲ့ ပွဲမှာ နိုင်ပွဲ ပြန်လည် ရှာဖွေပေးနိုင်ခဲ့တဲ့ အပြင် အခွင့်အရေးတွေလဲ အများကြီး ဖန်တီး ကစားပြနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် မန်နေဂျာသစ် နဲ့ အိမ်ကွင်းမှာ ပထမဆုံး ပွဲထွက် ကစားမယ့် ယူနိုက်တက် ဘက်မှာ တစ်ခုခု လုပ်ပြဖို့ ဟန်ပြင်ထားသလိုပါပဲ။
ခန့်မှန်းချက် – ယူနိုက်တက် 2-1 အာဆင်နယ်

အခြားပွဲစဉ် ခန့်မှန်းချက်များ

နယူး 2-1 နော့ဝှစ်ချ်
လိဒ်ယ 2-1 ပဲလေ့
ဆောက်သမ်တန် 1-2 လက်စတာ
ဝက်စ်ဟမ်း 2-0 ဘရိုတ်တန်
ဝုဖ် 1-0 ဘန်လေ
စပါး 2-0 ဘရန်းဖို့ဒ်

SPORTS MYANMAR