ကီတာ နဲ့ ဂိုးမက်ဇ် တို့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မယ်လို့ ပရိသတ်တွေ ကို အသိပေးလိုက် တဲ့ ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က ခံစစ်မှုး ဂိုးမက်ဇ် နဲ့ ကွင်းလယ် ကစားသမား နာဘီ ကီတာ တို့ဟာ ရှေ့တပတ် ထဲမှာပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖွယ် ရှိကြောင်း အဲဗာတန် နဲ့ ပွဲ မတိုင်မီ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ အတည်ပြု ပြောဆိုလိုက် ပါတယ်။

ဂိုးမက်ဇ် ဟာ လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ ခြေသလုံး ဒဏ်ရာကြောင့် နိုဝင်ဘာလ အစောပိုင်း ကတည်းက အနားယူနေခဲ့ရသူ ဖြစ်ပြီး ၊ နာဘီ ကီတာ ကတော့ ဘရိုတ်တန် နဲ့ သရေကျခဲ့တဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

“ ဂျိုး ဟာ အကောင်းဆုံး အနေအထား တစ်ခုကို ရောက်နေပါပြီ ၊ အပြင်မှာလဲ Recovery ပိုင်းအတွက် လိုအပ်တဲ့ အဆင့်တွေကို အများကြီး လုပ်ဆောင်လျှက် ရှိနေပါတယ်။ ရှေ့တပတ် ထဲ ဆိုရင်တော့ သူဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားပါပြီ။

နာဘီ လဲ ဒီအတိုင်းပါပဲ။ သူလဲ ရှေ့တပတ်ထဲမှာပဲ လေ့ကျင့်ခန်း ဆင်းနိုင်ဖို့ များပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဖြစ်လောက်လဲ ဆိုတာတော့ အတိအကျ ပြောလို့ မရသေးဘူးပေါ့” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လက်ရှိမှာ ဒဏ်ရာသစ် ရရှိထားတဲ့ ကစားသမား မရှိသော်လဲ မျက်လုံး ဒဏ်ရာ ရရှိထားတဲ့ ကာတစ် ဂျုံး နဲ့ တံကောက်ကြော ဒဏ်ရာ ရရှိထားတဲ့ ဖာမီနို တို့ဟာ ထပ်ပြီးတော့ အနားယူဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

“ ကာတစ် နဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောစရာ မရှိသေးပါဘူး။ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ ကျနော့် အထင်ပြောရရင် သူတို့ ကို နှစ်ပတ် တစ်ခါတော့ စစ်ဆေးမှုတွေ ၊ တိုးတက်မှုတွေ ဘယ်လောက် ရှိလာလဲ ဆိုတာ လုပ်ဆောင်ပေးနေတယ် ထင်ပါတယ်။

ကာတစ် က လုံး၀ ပြန်ကောင်းနေပါပြီ။ မာရသွန် ပြိုင်ပွဲတောင် ဝင်ပြေးခိုင်းလို့ ရပါတယ်။ ဒါပေမယ့် မျက်လုံး ဒဏ်ရာမျိုး ဆိုတော့ အလျှင်စလို လောကြီးလို့ မရပါဘူး။ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရမှာပါ။

မနက်ဖြန် ဆိုရင် ဆရာဝန်တွေက ထပ်ပြီး စစ်ဆေးကြည့်ကြဦးမှာ ဖြစ်လို့ ၊ အကြောင်းစုံတော့ ပိုပြီး သိလာနိုင်မယ် ထင်ပါတယ်။

ဘောဘီ ကတော့ တော်တော်လေးကို အလှမ်းဝေးနေဆဲပါ။ သူလဲ အမြန်ဆုံး ပြန်ကောင်းလာဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်” လို့ ရှင်းပြသွားခဲ့ ပါတယ်။

SM