ကာတာ နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ ဥရောပ ဇုန် ခြေစစ်ပွဲတွေ က ပြီးဆုံး သွားခဲ့ ပါပြီ ။
အုပ်စု ပထမ ရတဲ့ အသင်း ၁၀ သင်းဟာ လာမယ့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ကနေ ဒီဇင်ဘာ လ အတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဝင်ခွင့် လက်မှတ်ကို ရရှိ သွားခဲ့ ပါပြီ ။
အုပ်စု ဒုတိယ ၁၀ သင်း ကတော့ ဥရောပ နေးရှင်းလိဂ် က အဆင့်အများဆုံး ၂ သင်း နဲ့ အတူ Play-off ပွဲတွေ ဆက်လက် ကစားရမှာပါ ။
Play-off ကစားရမယ့် အသင်းတွေထဲမှာ ပေါ်တူဂီ ၊ အီတလီ တို့လို ဒိတ်ဒိတ်ကျဲ အသင်းတွေ ပါဝင်နေ ကြသလို ရုရှ ၊ ဆွီဒင် ၊ တူရကီ တို့လို ခြေစွမ်းကောင်းတဲ့ အသင်းတွေလည်း ပါနေတာကြောင့် အကျိတ်အနယ် ပွဲကောင်းတွေကို ဆက်လက် မြင်တွေ့ ရဦးမှာပါ ။
ဒါကြောင့် ဒီ Play-off တွေမှာ ဘယ်အသင်းတွေပါတယ် ၊ ဘယ်လို အုပ်စုတွေ ခွဲမယ် ၊ ဘယ်လို ဘယ်တော့ ကစားကြမယ် ဆိုတာတွေကို ဖော်ပြပေးလိုက်ရ ပါတယ် ။
၁ ။ Play-off မှာ ဘယ်အသင်းတွေပါလဲ ၊ ဘယ်လိုခွဲထားလဲ
အသင်း ၁၂ သင်း ( ဒုတိယ ၁၀ သင်း + နေးရှင်းလိဂ် ဝင်ခွင့်ရ ၂ သင်း ) ကို မဲအိုး ၂ အိုး ခွဲခြားထား ပါတယ် ။ ခြေစစ်ပွဲ ကစားစဉ်က အမှတ် နဲ့ စွမ်းဆောင်ရည် ( ရမှတ် ၊ ဂိုးကွာ ၊ သွင်းဂိုး ၊ အဝေးဂိုး ၊ နိုင်ပွဲ ၊ အဝေးနိုင်ပွဲ အစဉ်လိုက်ကြည့်ကာ ခွဲခြားသည် ) အကောင်းဆုံး ၆ သင်း ဟာ မဲအိုး နံပါတ် ၁ မှာ ပါဝင် ကြပြီး ကျန် ၄ သင်း နဲ့ နေးရှင်းလိဂ် ဝင်ခွင့်ရ ၂ သင်း ကတော့ မဲအိုး ၂ မှာ ပါဝင် ကြမှာပါ ။
မဲအိုး နံပါတ် ၁ အသင်းတွေ ကတော့ –
ပေါ်တူဂီ ၊ စကော့တလန် ၊ အီတလီ ၊ ရုရှ ၊ ဆွီဒင် နဲ့ ဝေးလ် တို့ပဲ ဖြစ်ကြပါတယ် ။
မဲအိုး နံပါတ် ၂ အသင်းတွေ ကတော့ – တူရကီ ၊ ပိုလန် ၊ မြောက် မက်ဆီဒိုးနီးယား ၊ ယူကရိန်း ၊ သြစတြီးယား ( နေးရှင်းလိဂ် ဝင်ခွင့် ) ၊ ချက် ( နေးရှင်းလိဂ် ) တို့ပဲ ဖြစ်ကြပါတယ် ။
၂ ။ Play-off Semifinal တွေ ကို ဘယ်လိုခွဲထားသလဲ ?
ဆီမီးဖိုင်နယ် စုစုပေါင်း ၆ ပွဲ ရှိကြမှာပါ ။ မဲအိုး နံပါတ် ၁ က အသင်းတွေ ဟာ ဆီမီးဖိုင်နယ် ပွဲစဉ် ၁ ကနေ ၆ ရဲ့ အိမ်ရှင်တွေ အဖြစ် ဧည့်ခံ ကစားကြရမှာ ဖြစ်ပါတယ် ။ တကျော့ကန် စနစ် ဖြစ်ပြီး အဝေးဂိုးစည်းမျဉ်း မပါရှိ ပါဘူး ။
မဲအိုး ၂ က အသင်း ၆ သင်းကတော့ ဆီမီးဖိုင်နယ် ၁ ကနေ ၆ ရဲ့ ဧည့်သည် အသင်းတွေ အဖြစ် ပါဝင် ကစား ကြရမှာပါ ။ ဘယ်အသင်းတွေ က ဆီမီး ဖိုင်နယ် နံပါတ် ဘယ်လောက် ရကြမယ် ဆိုတာကိုတော့ မဲနှိုက် ရွေးချယ် ဦးမှာပဲ ဖြစ်ပါတယ် ။
၃ ။ ကမ္ဘာ့ဖလား ဝင်ခွင့် ၃ နေရာ ( သို့ ) လမ်းကြောင်း ၃ ခု
ဥရောပ ဇုန် ရဲ့ ကမ္ဘာ့ဖလား ဝင်ခွင့် က ၁၃ နေရာပါ ။ ၁၀ နေရာကတော့ ခြေစစ်ပွဲမှာ အဖြေထွက်သွားခဲ့ ပါပြီ ။
အခု Play-off ကနေ လက်ကျန် ၃ နေရာ အတွက် အသင်း ၃ သင်း ထွက်ပေါ်လာမှာပါ ။
ဒီ ၃ သင်း ကို လမ်းကြောင်း ( Path ) ၃ ခု နဲ့ ယှဉ်ပြိုင်ဖို့ ပုံစံချထားပါတယ် ။
Path A – ဆီမီးဖိုင်နယ် ၁ နိုင် အသင်း – ဆီမီးဖိုင်နယ် ၂ နိုင် အသင်း
Path B – ဆီမီးဖိုင်နယ် ၃ နိုင်အသင်း – ဆီမီး ဖိုင်နယ် ၄ နိုင် အသင်း
Path C – ဆီမီးဖိုင်နယ် ၅ နိုင်အသင်း – ဆီမီးဖိုင်နယ် ၆ နိုင်အသင်း
ဒီ လမ်းကြောင်းတွေ ကနေ ဗိုလ်စွဲ လာမယ့် အသင်း ၃ သင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာပဲ ဖြစ်ပါတယ် ။
၄ ။ အထူးကန့်သတ်ချက်
ဒီလို မဲခွဲရာမှာ “တားမြစ်အသင်း” ဆိုတဲ့ စည်းမျဉ်း ကို ထည့်သွင်းထားပါတယ် ။ အဲ့ဒိ စည်းမျဉ်း အရ နိုင်ငံ အချို့ ( နိုင်ငံရေး ပြဿနာ ကြီးမားတဲ့ နိုင်ငံများ ဖြစ်ပုံရသည် ) ဟာ ဒီလို ပွဲစဉ်တွေမှာ ထိပ်တိုက် ရင်ဆိုင်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး ။
အခု Play-off မှာ ဒီလို တားမြစ်အသင်းတွေ အဖြစ် ယူကရိန်း နဲ့ ရုရှ တို့ ပါဝင်လာခဲ့ကြပါတယ် ။
ဒါကြောင့် သူတို့ ၂ သင်း ကို ကျိန်းသေ လမ်းကြောင်းခွဲပြီး မဲနှိုက် သွားမှာပါ ။
၅ ။ Play-off မဲခွဲပဲ ဘယ်တော့လဲ ? ဘယ်တော့ စပြီး ကစားကြမှာလဲ ?
Play-off ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ကို လာမယ့် ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ကစားဖို့ သတ်မှတ်ထားပါတယ် ။
ကမ္ဘာ့ဖလား ဝင်ခွင့် ရစေမယ့် Play-off ဗိုလ်လုပွဲတွေ ကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင် ကစား သွားကြမှာပါ ။
ပွဲချိန်တွေကိုတော့ မဲခွဲပွဲမှာ ကြေညာ သွားမယ်လို့ သိရ ပါတယ် ။
ကာတာ ကို သွားမယ့် လက်ကျန် လက်မှတ် ၃ စောင်က ဘယ်သူတွေ အတွက် ဖြစ်မလဲဗျာ . . .
SPORTS MYANMAR