ကတိမတည်တဲ့ ဆိုးလ်ရှားကြောင့် မပျော်မရွှင် ဖြစ်နေကြတဲ့ ကစားသမား 8 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာ အသင်းမှာ ပွဲထွက်ကစားခွင့်တွေ ပိုပေးမယ်ဆိုတဲ့ မက်လုံးပေးမှုတွေနဲ့ အတူ ပြီးခဲ့တဲ့ နွေတုန်းက အသင်းရဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ဒီမှာပဲ ဆက်ကစားစေဖို့ သိမ်းသွင်းခဲ့ပါသေးတယ် ။

ဒါပေမဲ့ ရာသီသစ်မှာတော့ ဖိအားတွေအောက်ကျရောက်နေခဲ့တဲ့ ဆိုးလ်ရှားဟာ ကတိတွေ ပျက်ယွင်းသွားခဲ့ရပါပြီ ။ အခုတော့ ယူနိုက်တက် အသင်းရဲ့ ကစားသမား 8 ဦးထိဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ သိလိုက်ရပါတယ် ။

ESPN သတင်းရဲ့ ဖော်ပြချက်မှာတော့ ပြီးခဲ့တဲ့ နွေတုန်းက ဆိုးလ်ရှားဟာ ပွဲထွက် ကစားခွင့်တွေ နည်းပါးနေခြင်း အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြတဲ့ ကစားသမား 8 ဦးကို တွေ့ဆုံခဲ့ပြီး ပွဲထွက် ကစားခွင့်နဲ့ ပတ်သက်လို့ နှစ်ဖက် သဘောတူညီမှုတွေ ရယူခဲ့တယ်လို့ သိရပါတယ် ။

အဆိုပါ ကစားသမား 8 ဦး ကတော့ ဒွန်နီ ဗန်ဒီ ဘိခ် ၊ အဲလက်စ် တဲလက်စ် ၊ ဂျက်စီ လင်ဂတ် ၊ အန်သိုနီ မာရှယ် ၊ ဟွမ် မာတာ ၊ ဒီးန် ဟန်ဒါဆန် ၊ အဲရစ် ဘိုင်လီ နဲ့ ဒီယိုဂို ဒါးလော့ တို့ပဲ ဖြစ်ကြတယ်လို့ ESPN က ဖော်ပြသွားခဲ့လိုက််ပါတယ် ။

 

အခုတော့ အဆိုပါ ကစားသမား 8 ဦးဟာ ဒီရာသီ အတွင််း နည်းပြ ဖြစ်သူရဲ့ ပွဲထွက်ကစားသမား ရွေးချယ်မှုတွေ အပေါ် စိတ်ပျက်နေကြပြီး လက်ရှိအချိန်မှာတော့ ကစားခွင့် ရမလား ၊ ဒါမှမဟုတ် ထွက်ခွားသွားရမလား ဆိုတာကိုပဲ တွေးတောနေကြတယ်လို့ သိလိုက်ရပါတယ် ။

ပြီးခဲ့တဲ့ နွေတုန်းကတော့ ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် ဟာ ပြိုင်ဖက် အဲဗာတန် အသင်းရဲ့ ကမ်းလှမ််းမှုကို ရရှိထားခဲ့ပေမဲ့ ဆိုးလ်ရှားက အပြောင်းအရွှေ့ ဖြစ််နိုင်ခွင့်ကို ပိတ်ပင်သွားခဲ့တဲ့ အတွက် နယ်သာလန် လက််ရွေးစင်ဟာ ယူနိုက်တက် အရံခုံပေါ်မှာပဲ နေခဲ့ရပါတယ် ။

လက်ရှိ ဘောလုံး ရာသီမှာတော့ အေဂျက်ဇ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက် အသင်းအတွက် 16 မိနစ်သာ ပါဝင်ခွင့် ရရှိထားခဲ့သေးပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမယ့် နယ်သာလန် လက်ရွေးစင် အသင်းမှာလည်း အရွေးမခံခဲ့ရပါဘူး ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဝက်စ်ဟမ်း ယူနိုက်တက် အသင်းမှာ ကောင်းမွန်တဲ့ရာသီ တစ်ခုကို ပိုင်ဆိုင်ထားခဲ့တဲ့ ကွင်းလယ်လူ ဂျက်စီလင်ဂတ်ဟာ ဒီနှစ်မှာ အပြီးသတ် ပြောင်းရွှေ့နိုင်ခွင့် ပိုင်ဆိုင်ထားခဲဲ့ပါသေးတယ် ။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့ ကစားခွင့်ပေးမယ်ဆိုတဲ့ စကားလုံးတွေ အောက်မှာ မျောသွားခဲ့ရတဲ့ လင်ဂတ်ဟာလည်း ဒီရာသီိ ဗန်ဒီ ဘိခ် နည်းတူပဲ ပွဲကစားခွင့်မိနစ်တွေ နည်းပါးခဲ့ရ သလို အခုတော့ အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း အရွေးမခံခဲ့ရတော့ပါဘူး ။

ဒါ့ကြောင့် ကစားသမားတွေဟာ နည်းပြရဲ့ လုပ်ရက်ပေါ် စိတ်ပျက်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲမှာတော့ အချိို့တွေက ပွဲထွက် ကစားခွင့် ရရှိနေတဲ့ ကစားသမားတွေ ပုံစံကောင်း မပြသနိုင်ခြင်း၊ အသင်းရဲ့ ရလဒ်တွေဟာ ကျဆင်းနေပေမဲ့ နည်းပြက သူတို့တွေကိုပဲ ဆက်သုံးနေခြင်း အပေါ် စိတ်ပျက် နေခဲ့ကြတယ်လို့ သိရပါတယ် ။

#Sports_Myanmar