“PSG က ဘာပေ ရဲ့ အသင်းပါ” လို့ ပြောဆိုပြီး မက်ဆီ အခက်တွေ့နေကြောင်းကို ပြောပြသွားတဲ့ အွန်နရီ

ပြင်သစ် ၊ ဘာစီလိုနာ နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ က သူ့ရဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ ဟာ အသင်းသစ် PSG မှာ ဘာစီလိုနာ ကလောက် လွတ်လွတ် လပ်လပ် ကစားရခြင်း မရှိဘဲ ပိတ်ဆို့ ခံထားရမှုတွေ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အွန်နရီက ဒီလို ဖြစ်ရတာဟာ ပြင်သစ် တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ PSG ရဲ့ အဓိက လူ ဖြစ်နေတာကြောင့် တသင်းလုံးရဲ့ ကစားကွက် ပုံဖော်မှုဟာ ဘာပေ ကိုသာ ဦးတည် ဝန်းရံ ကစားနေတဲ့ အတွက် ဖြစ်တယ်လိ့ုလည်း သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလ မှာ လာလီဂါ ရဲ့ လုပ်ခ လစာ စည်းမျဉ်းတွေကြောင့် ဘာစီလိုနာ မှာ ဆက်နေလို့ မရတော့ဘဲ လူငယ် ဘ၀ ကတည်းက ကစားခဲ့တဲ့ အသင်းကို စွန့်ခွာ ခဲ့ရ ပါတယ် ။

မက်ဆီ ကို ဥရောပ ထိပ်သီး ကလပ်များစွာက စိတ်ဝင်စား ခဲ့ကြပေမယ့် PSG ကသာ မက်ဆီ ကို အမှန်တကယ် လိုလို လားလား ရှိခဲ့ ပါတယ် ။

PSG ဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို အရယူ နိုင်ဖို့ အတွက် ဟာခီမီ ၊ ဝိုင်နယ်ဒမ် ၊ ရာမိုစ့် တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပေမယ့် မက်ဆီ ရောက်ရှိလာမှု ကတော့ အခြားသူတွေ ထက် ခြားနားတဲ့ အဆင့်မျိုးမှာ ရှိနေစေခဲ့ ပါတယ် ။

မက်ဆီ ဟာ PSG မှာ ဘာစီလိုနာ က အသင်းဖော်ဟောင်း နေမာ နဲ့ ပြန်ဆုံခဲ့သလို အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် ဒီမာရီယာ ၊ ပြင်သစ် စတား ဘာပေ တို့နဲ့ တွဲဖက်ပြီး ပြိုင်ဘက်တိုင်းက ကြောက်ရွံ့ ထိတ်လန့် ရမယ့် တိုက်စစ် အတွဲ ကို ပုံဖော် ကစားဖို့ ဖြစ်လာခဲ့ ပါတယ် ။

ရွှေဘောလုံး ၆ ဆုရှင် အာဂျင်တီးနားသားဟာ ချန်ပီယံလိဂ် မှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းထားပေမယ့် ပြင်သစ်လိဂ် မှာတော့ ခုချိန် အထိ ဂိုးသွင်းယူထား နိုင်ခြင်း မရှိ သေးပါဘူး ။

ဘာစီလိုနာ အသင်းမှာ မက်ဆီ နဲ့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ သီယာရီ အွန်နရီ ကတော့ ဘာပေ ရဲ့ ဖြစ်တည်မှုဟာ မက်ဆီ ကို ဘာစီလိုနာ မှာ လောက် ကစားခွင့် မရရှိစေ ဖြစ်ခဲ့ရတာလို့ ပြောဆို သုံးသပ် သွားခဲ့ ပါတယ် ။

“သူ ( မက်ဆီ ) PSG မှာ ပိတ်မိ နေပါတယ် ၊ ဘာစီလိုနာ မှာ တုန်းကလောက် ဘောလုံး မရပါဘူး ။ ဒီအတွက် သူ စိတ်ပျက်နေတယ် လို့ ကျွန်တော် မပြော ပါဘူး ။ သူ့ကို တောင်ပံ မှာထက် အလယ် မှာ ပိုပြီး မြင်ချင် မိတာပါ”

“ဘာစီလိုနာ မှာ တုန်းက မက်ဆီ ညာခြမ်း ထွက် ကစားရင် ကျွန်တော် နဲ့ သိပ် အတွဲ မမိပါဘူး ။ သူ အလယ် ဝင် ကစားရင် ပိုပြီး အဆင်ပြေ ပါတယ် ။ မက်ဆီ – နေမာ နဲ့ ဘာပေ တို့ ၃ ယောက် အတွဲ မိမိ ကစားဖို့ ဆိုရင် မက်ဆီ က အလယ် ကို ဝင် ကစားတာ ပိုပြီး အဆင်ပြေမှာပါ”

“မက်ဆီ က စကားအများကြိး မပြောတတ် ပါဘူး ၊ ဘောလုံး နဲ့ပဲ စကားပြောတတ် တာပါ ။ အခု ဒီမှာ ( PSG ) က ဘာပေ ရဲ့ အသင်း ပါ ။ ဘောလုံးတွေက သူ့ဆီပဲ အများဆုံး လာတတ်ပါတယ်” လို့ အွန်နရီ က ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ နဲ့ ဘာပေ တို့ ဟာ နေမာ ဒဏ်ရာ ရရှိနေစဉ် အတွင်းမှာ တွဲဖက် ကစားနေကြပြီး လိုက်ပ်ဇစ် ကို ၃-၂ နဲ့ အနိုင် ရတဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ အတူ ခြေစွမ်းပြ ကစားခဲ့ကြပါတယ် ။

 

SPORTS MYANMAR