နောက်တစ်ကြိမ် အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် ပြိုင်ဖက် အသင်းတွေကို သတိပေးလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြိုင််ဖက်ကောင်း အတ္တလန္တာ အသင်းကို 3 – 2 ဆိုတဲ့ ရလဒ်နဲ့ အံ့ဖွယ် အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်ပြီးနောက် အသင်းဖော်တွေကို ချီးကျူးစကား ဆိုသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက်တို့ဟာ ဒီနေ့နံနက် ကစားခဲ့တဲ့ အဆိုပါ ပွဲစဥ်မှာတော့ ပထမပိုင်းအတွင်း ခံစစ် ကစားသမားတွေ တည််ငြိမ်စွာ ကစားပေးနိုင်စွမ်း မရှိခဲ့ကြတဲ့အတွက် မိနစ် 30 ကစားပြီးချိန်မှာပဲ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ်တွေမှာ ပုံစံကောင််းတွေ ပျောက်ဆုံးနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီပွဲမှာလည်း ပြန်လာနိုင်မှာ မဟုတ်ပဲ နိုင်ပွဲတွေ ဆက်လက် ပျောက်ဆုံးဦးမှာပဲလို့ ပထမပိုင်း အပြီး ထင််ကြေးတွေ ပေးခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက်တို့ဟာ ဒုတိယပိုင််းမှာ မမြင်ဖူးတဲ့ ပုံစံကောင်းတွေကို ပြသ ကစားသွားနိုင်ခဲ့ကြပြီး ရပ်ရှ်ဖို့ ၊ မက်ဂွားယား ၊ ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေကြောင့် နည်းပြ ဆိုးလ်ရှား လိုချင်နေတဲ့ comeback ပွဲစဥ်မျိုး ပိုင်ဆိုင်သွားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ အုပ်စု F မှာ အတ္တလန္တာ ၊ ဗီလာ ရီးယဲ အသင်းတွေကို 2 မှတ် ဖြတ်ပြီး အမှတ်ပေး ဇယားကိုလည်း ဦးဆောင်ခွင့် ပိုင်ဆိုင်ရင်း နောက်တစ်ဆင့် တက်ရောက်ဖို့ အလားအလာကောင်းတွေ ရှိနေကြပြီပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ Ballon D’ Or ငါးဆုရှင်း ခရစ္စတီယာနို ရော်နယ်ဒို က လူမှုကွန်ယက် ဖြစ်တဲ့ အင်စတာဂရမ် ၊ တွစ်တာ ၊ ဖေ့စ်ဘွတ်ခ် တွေမှ တစ်ဆင့် အသင််းဖော်တွေကို ရိုးရှင်းစွာ ချီးကျူးရင်း ဒါဟာ ယူနိုက်တက်် အသင်းပဲလို့ ပြိုင်ဖက်တွေကို သတိပေးစကား ပြောကြား သွားခဲ့လိုက်ပါတယ် ။

ရော်နယ်ဒိုဟာ အင်စတာဂရမ် ပေါ်မှာတော့ ‘ လုပ်ဆောင်ပုံ ကောင်းခဲ့တယ် ကောင်လေးတို့ ‘ လို့ အသင်းဖော် တွေကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် တွစ်တာ ပေါ်မှာတော့ ယူနိုက်တက် အသင်းဟာ ဘယ်တော့မှ လက်လျှော့ အရှုံးပေးသွားမှာ မဟုတ်ကြောင်း ဆက်လက်် ပြောခဲ့လိုက် ပါတယ် ။

” ဟုတ်တာပေါ့ ၊ အိပ်မက် ကဇာတ်ရုံကြီးက on fire ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့တွေ ဆက်လက် ရှင်သန်နိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့က မန်. ယူနိုက်တက် ဖြစ်ပြီး ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ပါဘူး ။ ဒါဟာ အိုးလ် ထရပ်ဖို့ဒ် ပဲ ” လို့ ရော်နယ်ဒို က ရေးတင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် အာရှမှာ လူအသုံးများတဲ့ လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် အထက်မှာတော့ ရော်နယ်ဒိုက “ဒါဟာ ယူနိုက်တက်ပဲ” လို့ ရေးသားဖော်ပြရင်း သူနဲ့ အသင်းဖော်တွေ အောင်ပွဲခံတဲ့ ပုံရိပ်တွေကိုလည်း မျှဝေ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက်တို့ ဒီပွဲကို အနိုင် ကစားနိုင်ခဲ့ပေမဲ့ နောက်ပွဲမှာတော့ လီဗာပူး ၊ တော့တင်ဟမ် ဟော့ စပါး ၊ အတ္တလန္တာ နဲ့ မန်စီးတီး အသင်းတွေကို ဆက်တိုက်ရင်ဆိုင်ကစားရဖို့ ရှိနေပါသေးတယ် ။ ဒီနိုင်ပွဲက ယူနိုက်တက်တို့ကို နောက််ပွဲတွေ ကစားဖို့ အတွက် ဘယ်လောက်အထိ တက်ကြွမှု ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar