အိုးလ် ထရပ်ဖို့ဒ်မှာ ခါးသီး ပြိုင်ဖက်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့နောက် ဝန်ခံစကားတွေ ပြောလိုက်ပြီး ယူနိုက်တက် ပရိသတ်တွေကို နာကျင်စေလိုက်ပြန်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ခါးသီးပြိုင်ဖက်ဖြစ်တဲ့ လီဗာပူး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ပထမပိုင်းမှာတင် 4 – 0 ၊ ပွဲစဥ် အပြီး 5 – 0 ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာတော့ 2020 နောက်ပိုင်းမှာ ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်း ဂိုးသွင်းယူလေ့ရှိခဲ့တဲ့ မိုဟာမက် ဆာလာက 3 ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး နောက်ထပ် နှစ်ဂိုးကိုတော့ ကီတာ နဲ့ ဂျိုတာ တို့က သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မို ဆာလာ ဟာ 9 ပွဲ ကစားပြီးချိန် 10 ဂိုး သွင်းယူခဲ့ပါပြီ ။

ယူနိုက်တက်တို့ဟာ ဒီပွဲမှာ ဂိုးပေါက် ကန်သွင်းခွင့် ၊ ခြိမ်းခြောက််ခွင့်တွေ ရရှိခဲ့ကြပေမဲ့ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ် ။ အထူးသဖြင့် ယူနိုက်တက် ကွင်းလယ်ပျက််နေခဲ့ပြီး ခံစစ် နေရာယူပုံ အလွဲလွဲ အချော်ချော် ဖြစ်နေမှုတွေက ယူနိုက်တက်တို့ကို နာကျင်ခံစားစေခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒီပွဲဟာ ယူနိုက်တက် နည်းပြ ဘဝ သူ့ရဲ့ အမှောင်အဖုံးဆုံးည ဖြစ်ကြောင်း ဝန်ခံလိုက်ပေမဲ့ အသင်းဖက်ကတော့ သူ့ကို ဘာမှ မပြောသေးကြောင််း ဖွင့်ဟရင်း Ole Out အော်ဟစ်နေခဲ့တဲ့ ပရိသတ်တွေကို နာကျင်စေခဲ့လိုက်ပါတယ် ။

” ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ပါတယ် ။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြတာတွေ ကြည့်ပြီး အသင်းနဲ့ အတူ လိုချင်တာကို ရယူနိုင်ဖို့ နီးစပ်တဲ့ အနေအထား တစ်ခုအထိ ရောက်နေပြီလို့ ယုံကြည်နေခဲ့ပါတယ် ”

” ဒါပေမဲ့ ဒီနေ့ ရယူခဲ့တဲ့ ရလဒ်ကတော့ လုံလောက်စွာ မကောင်းမွန်ခဲ့ပါဘူး ။ အဲ့တာက လူတွေရဲ့စိတ်ထဲ သံသယတွေ ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက် သန်မာနေဖို့ ၊ လုပ်နေတာတွေ အပေါ် ယုံကြည််နေဖို့ လိုအပ်ပါတယ် ”

” အသင်းဖက်ကတော့ ဘာမှပြောတာ မကြားသေးပါဘူး ။ ကျွန်တော်ဟာ မနက်ဖြန်အတွက် တွေးတောနေပါတယ် ။ ကျွန်တော်တို့တွေ အောက်ဆုံးအထိ ထိုးကျခဲ့ရပါတယ် ။ ကျွန်တော် ဒီထက်ဆိုးတဲ့ ခံစားချက်တွေ ပိုင်ဆိုင်ခဲ့တယ်လို့ မပြောနိုင်တော့ပါဘူး ”

” ကျွန်တော် ကြုံခဲ့ဖူးသမျှထဲ ဒါက အဆိုးရွားဆုံး ၊ အနိမ့်ပါးဆုံး ရက်စွဲ တစ်ခုပါပဲ ။ ဒါတွေကို ကျွန်တော်ပဲ တာဝန်ယူရမယ် လက်သင့်ခံပါတယ် ။ ဒီနေ့ အရှုံးကို ကျွန်တော်က တာဝန်ယူပြီး နောက်နေ့ ရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပါပဲ ”

” ဒီထက်ပိုပြီး ပြောထွက်ဖို့ မလွယ်ကူလှပါဘူး ။ ဒါဟာ ကျွန်တော် ဒီကစားသမားတွေကို ဦးဆောင်နေခဲ့စဥ်အတွင််း ဒါဟာ အမှောင်အဖုံးဆုံးည တစ်ခုပါပဲ ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီက စပါးကို 6 – 1 နဲ့ ရှုံးနိမ့်ခဲ့တာကို ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ ဒါပေမဲ့ အခုရလဒ်က အဲ့တာထက်ကို ဆိုးလွန်းပါတယ် ”

” ယူနိုက်တက် ပရိသတ် တစ်ဦးဖြစ်တဲ့ ကျွန်တော့် အတွက််တော့ ဒါဟာ အဆိုးရွားလွန်းဆုံး ပွဲစဥ် တစ်ပွဲပါ ။ ကျွန််တော်တို့ ဒါကို တက်နိုင်သမျှ အမြန်ဆုံး ကျော်ဖြတ်ပြနိုင်ဖို့ လိုအပ်တယ်လို့ပဲ ကျွန်တော် ပြောနိုင်ပါတော့တယ် ”

” ဒါက စိတ်ပိုင်းဆိုင်ရာပါ တကယ့်ကို ခက်ခဲစေတဲ့ ပွဲစဥ်တစ်ပွဲပါပဲ ။ ကစားသမားတွေရဲ့ ခံစားချက်တွေ နိမ့်ပါးနေပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့တွေဟာ စိတ်ဓါတ် ကောင်းလွန််းသူတွေပါ ။ ကျွန်တော်တို့ အောက်ခြေအထိ ထိုးကျခဲ့တယ််ဆိုတာကို သိပါတယ် ”

” ကျွန်တော်တို့ ဒီထက်ဆိုးတဲ့ ခံစားချက်ကို မပိုင်ဆိုင်နိုင်တော့ပါဘူး ။ ကျွန်တော်တို့ ဘယ်လောက်အထိ ပြန်တက်နိုင်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့ ။ အရင်တုန်းကလည််း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခက်ခဲတဲ့ ရက််စွဲတွေကို ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ပြန်လာနိုင်ခဲ့တာချည်းပါပဲ ”

” ကျွန်တော်တို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြနိုင်ခဲ့ဖူးပါတယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေ အတွင်း ကျွန််တော်တို့ အရမ်းကို ခက်ခဲခဲ့ကြပါတယ် ။ စွမ်းဆောင်ရည်တွေကတစ်ဆင့် ရလဒ်ကိုမယူနိုင်ခဲ့ကြပါဘူး ။ ကျွန်တော်တို့ လွယ်ကူတဲ့ ဂိုးတွေ အများကြီးပေးခဲ့ရပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar