အာဆင်နယ် သတင်းတိုများ

၁ ။ အာဆင်နယ် အသင်းဟာ ဒီနေ့ညနေ မြန်မာစံတော်ချိန် ၆ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အဖြစ် လက်စတာစီးတီး အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ လက်စတာ နဲ့ အာဆင်နယ် ပွဲကိုတော့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ က တာဝန်ယူ ကိုင်တွယ် သွားမှာပါ ။

၂ ။ အာဆင်နယ် ယူ၂၃ အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ် ၁၀ မှာ လိဒ်ယူနိုက်တက် ယူ၂၃ အသင်းကို ၂-၄ နဲ့ အနိုင် ကစားပြီး အမှတ်ပေး ဇယား ထိပ်ဆုံး ရောက်လာပါတယ် ။ အာဆင်နယ် ယူ၂၃ အတွက် ဂိုးတွေကိုတော့ ဘာလိုဂန် ၊ နော်တန်ကပ်ဖီ ၊ ဆာလားအက်ဒီနေး နဲ့ ဂျိုရယ်လိုပက်ဇ် တို့က သွင်းယူ ပေးခဲ့တာပါ ။

၃ ။ လက်စတာ အသင်းနည်းပြ ဘရန်ဒန် ရော်ဂျာ က တိုက်စစ်မှူး ဂျေမီဗာဒီ ဟာ အာဆင်နယ် အသင်း နဲ့ ပွဲမှာ ပြန်လည် ပါဝင် နိုင်မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ် ။ ဗာဒီ ဟာ ပြီးခဲ့တဲ့ တစ်ပတ် ဘရန့်ဖိုဒ့် နဲ့ ပွဲ ပထမပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲ ခံလိုက်ရသူ ဖြစ်ပါတယ် ။

၄ ။ အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ပွဲ ၂၀ မှာ Clean-sheet 10 ပွဲ အထိ ရယူ ထားနိုင်ပြီး ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ clean-sheet အများဆုံး အသင်း အဖြစ် လီဗာပူး အသင်း နဲ့ အတူ ပူးတွဲ ရပ်တည် နေပါတယ် ။

၅ ။ အာဆင်နယ် အသင်း နည်းပြ အာတီတာ က ဆာလီဘာရဲ့ ခြေစွမ်း ကို အမြဲတမ်း အနီးကပ် စောင့်ကြည့် နေပြီး သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် အရာကို စဉ်းစား ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

၆ ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာတီတာ က ဘန်ဝှိုက် ဟာ အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခြင်း မရှိသေးဘဲ ဒီနေ့ အခြေအနေကို ကြည့်ပီးမှ လက်စတာ နဲ့ ပွဲမှာ ပါနိုင် မနိုင် ဆုံးဖြတ် သွားမယ်လို့ ဆိုပါတယ် ။ တီယာနေး ရဲ့ ကြံ့ခိုင်မှု ကတော့ လေ့ကျင့်ရေး ကွင်းမှာ တိုးတက်ကောင်းမွန် နေပေမယ့် လက်စတာ နဲ့ ပွဲမှာ ပါဝင်ဖို့တော့ ၁၀၀% မသေချာသေးဘူးလို့ သိရပါတယ် ။

၇ ။ လက်စတာ နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း – ရမ်စ်ဒဲလ် ၊ တိုမီယာစု ၊ ချန်ဘာ ၊ ဂါဘရီယဲလ် ၊ တာဗာရက်စ် ၊ ပါတေး ၊ လိုကွန်ဂါ ၊ စမစ်ရို ၊ ဆာကာ ၊ လာကာဇက် ၊ အော်ဘာမီယန်း ။

၉ ။ လက်စတာ Vs အာဆင်နယ် ပွဲအတွက် ပွဲရလဒ်ခန့်မှန်းချက်များ

ပေါလ်မာဆင်(လက်စတာ ၁ -၁ အာဆင်နယ်)
လော်ရိုး(လက်စတာ ၂-၁ အာဆင်နယ်)
ဘာဘာတောဗ့်(လက်စတာ ၂-၁ အာဆင်နယ်)
လူးဝစ်ဂျူံးစ် (လက်စတာ ၀-၁ အာဆင်နယ်

SM