အာဆင်နယ် သတင်းတိုများ

၁ ။ အာဆင်နယ် ၂-၀ လိဒ်ယူနိုက်တက် ပွဲစဉ်အတွက် Sky sports ရဲ့ Man of the Match ဆုကို တစ်ဂိုး သွင်းယူ ပေးခဲ့တဲ့ လူငယ် တိုက်စစ်မှူး အက်ဒီ အန်ခီတီးယား က ရရှိ သွားခဲ့ပါတယ် ။ အာဆင်နယ် ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ Man of the Match ဆုကိုတော့ ဂိုးသမား လီနို က ရရှိ ခဲ့ပါတယ် ။

၂။ အာဆင်နယ် အသင်းဟာ လိဒ်ယူနိုက်တက် အသင်းကို အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်လာခဲ့ပြီး အဆိုပါ ၈ ပွဲမှာ ၆ ပွဲ အနိုင်ရကာ Clean-sheet ၅ ပွဲ အထိ ရယူ ထားပါတယ် ။

၃ ။ အာဆင်နယ် နည်းပြ အာတီတာ က ဘန်ဝှိုက်ဟာ နေလို့ သိပ်မကောင်းတာကြောင့် လိဒ်ယူနိုက်တက် နဲ့ ပွဲမှာ လူစားလဲ လိုက်ရတာ ဖြစ်ကြောင်း နဲ့ မာရီ မပါဝင် နိုင်တာဟာလည်း နေမကောင်းတာကြောင့် ဖြစ်ကြောင်း ဖြေရှင်း လိုက်ပါတယ် ။ ဒါ့အပြင် လိဒ်နဲ့ ပွဲကို လွဲချော်ခဲ့တဲ့ အိုဒီဂွါဒ် နဲ့ တီယာနေး တို့ နှစ်ဦး လက်စတာ နဲ့ ပွဲမှာ ပြန်လည် ပါဝင် နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ် ။

၄ ။ အာတီတာ က လိဒ်ယူနိုက်တက် နဲ့ ပွဲမှာ ဆာလား အက်ဒီနေး ကို အရန် လူစာရင်းမှာ ပထမဆုံး အကြိမ် ထည့်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး ” သူ့ကို ဆုချတာပေါ့ဗျာ ၊ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း သူလုပ်ပြနေတဲ့ အရာတွေ ကစားခွင့်ရချိန်မှာ သူ ပြသခဲ့တဲ့ စွမ်းဆောင်ရည် ၊ သူ့ရဲ့ ခံယူချက် နဲ့ အရည်အသွေးကောင်းတွေကြောင့်ပါ ၊ သူက ကျွန်တော်တို့နဲ့ အတူ ရှိနေဖို့ လုံးဝ ထိုက်တန်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

၅ ။ The Sun ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ဆာလီဘာ နဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် မချရသေးဘဲ အသင်းမှာ ဆက်ထားသင့် / မသင့်ကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

၆ ။ နာဆရီ က ဆာလီဘာ ဟာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ကောင်းမွန်ပြီး မြန်လည်းမြန် ဘောလုံး ပေးပို့မှုလည်း ကောင်းမွန်သူ ဖြစ်တာကြောင့် အာဆင်နယ် အသင်းမှာ သူ့ကို နေရာ မပေးစရာ အကြောင်းအရင်း လုံးဝ မရှိသင့်ဘူး လို့ ပြောကြား လိုက်ပါတယ် ။

၇ ။ လိဒ်ယူနိုက်တက် နဲ့ ပွဲတွင် အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့တဲ့ နောက်ခံလူ ချန်ဘာ က သူ လူစားဝင် မကစားမှီ အချိန်မှာ set-piece နည်းပြ နီကိုဂျိုဗာ ဟာ first-touchနဲ့ တင် ဂိုးသွင်းပြဖို့ တွန်းအားပေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ် ။ ဒါကြောင့် ချန်ဘာ ဟာ ဂိုးသွင်းနိုင်ချိန်မှာ နည်းပြခုံတန်းကို ပြေးပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ် ။

၈ ။ အာဆင်နယ် အသင်း ဂိုးသမား အာရွန်ရမ်စ်ဒဲလ် က အင်္ဂလန် အသင်း နဲ့ အတူ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင် ခွင့်ရတာဟာ သူ့ဘဝ ရဲ့ အကောင်းဆုံး ရက်သတ္တပတ် ဖြစ်ကြောင်း ဆိုပြီး ရှေ့လျှောက် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အရယူ သွားမယ်လို့ ပြောလိုက်ပါတယ် ။

၉ ။ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် စိတ်ဓတ်ကျနေချိန်မှာ ဂန်းနား ဂန္တဝင် အွန်နရီ ဟာ သူ့ကို အားပေး စကား ပြောကြား ခဲ့ကြောင်း ဆာကာ က ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။ အွန်နရီ ဟာ ဆာကာ ရဲ့ ဖုန်းနံပါတ် ကို ရအောင် ရှာဖွေ ဆက်သွယ်ပြီး သူဟာ ဟီးရိုး တစ်ဦး ဖြစ်ကြောင်း အားပေး စကားဆိုခဲ့တာပါ ။

SM