အာဆင်နယ် သတင်းတိုများ

၁ ။ ဒီတစ်ပတ်မှာ အာဆင်နယ် အသင်း အငှားချထားတဲ့ ကစားသမား ၂ ဦးဟာ သူတို့ရဲ့အသင်းတွေမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းခဲ့ကြပါတယ် ။ စတုဂတ် အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ မာဗရိုပါနိုစ့် ဟာ အဝေးကန်ချက် နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၃ ဂိုးအထိ ရှိလာခဲ့ပါပြီ ။

၂ ။ မာဆေးလ် အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ဂွမ်ဒူဇီ ဟာလည်း အသင်းဟောင်း လော်ရီယန့် အသင်းဘက်ကို နှစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပြီး ဂိုးပြတ် နိုင်ပွဲ ရရှိအောင် ကူညီ ပေးခဲ့ပါတယ် ။ ဆာလီဘာ ဟာလည်း မာဆေးလ် အသင်းအတွက် ပွဲချိန်ပြည့် ပါဝင် ကစားပေးခဲ့ပါတယ် ။

၃ ။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ၊ ဒီနေ့လို နေ့မျိုးမှာ သီယာရီ အွန်နရီ တစ်ယောက် သွင်းဂိုး ၁၈၆ ဂိုးမြောက်ကို သွင်းယူပြီး အာဆင်နယ် အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။ အွန်နရီ ဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၂၂၈ ဂိုး အထိ သွင်းယူ နိုင်ခဲ့သူ ဖြစ်ပါတယ် ။

၄ ။ အာဆင်နယ် ယူ၂၃ အသင်းဟာ ဒီတစ်ပတ်မှာ လီဗာပူး ယူ၂၃ အသင်းကို ၃ ဂိုးပြတ် ရှုံးနိမ့်ပြီး ၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရပ်တန့် သွားခဲ့ပါတယ် ။ အာဆင်နယ် ယူ၂၃ အသင်းဟာ ဒီတစ်ပတ် ရှုံးပွဲကြောင့် ထိပ်ဆုံးက မန်စီးတီး ယူ၂၃ နဲ့ ၄ မှတ် ကွာဟ သွားခဲ့ပါတယ် ။

၅ ။ အာဆင်နယ် ယူ၁၈ အသင်းကတော့ PL Cup မှာ ဘန်လေ ယူ၁၈ အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ် ။ အာဆင်နယ် ယူ၁၈ အတွက် ဂိုးတွေကိုတော့ ဖလောရက်စ် နဲ့ ဆာဂိုး ဂျူနီယာ တို့က သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

၆ ။ ၂၀၂၁ ခုနှစ်ရဲ့ Golden Boy ဆုအတွက် အယောက် ၂၀ ဆန်ခါတင်စာရင်းမှာ အာဆင်နယ် အသင်းမှ ဆာကာ နဲ့ ဆာလီဘာတို့ ပါဝင် လာပါတယ် ။

၇ ။ အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာကာဇက် နေရာ အစားထိုးဖို့ အတွက် အယ်ဗာတန် တိုက်စစ်မှူး ကယ်ဗက်လီဝင် ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ် တို့ကို ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

၈ ။ အာဆင်နယ် အသင်း နဲ့ လက်စတာ စီးတီး အသင်းဟာ ဆောက်သမ်တန် အသင်း တိုက်စစ်ကစားသမား Mohamed Elyounoussi ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။Elyounoussi ရဲ့တန်ကြေးဟာ ပေါင် ၁၆ သန်း ရှိပြီး အိုဒီဂွါဒ် ရဲ့နိုင်ငံ အသင်းဖော် ဖြစ်ပါတယ် ။

 

၉ ။ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း – ရမ်စ်ဒဲလ် ၊ တိုမီယာစု ၊ ဘန်ဝှိုက် ၊ ဂါဘရီယဲလ် ၊ တီယာနေး ၊ ပါတေး ၊ အိုဒီဂွါဒ် ၊ စမစ်ရို ၊ ပေပေ ၊ ဆာကာ ၊ အော်ဘာမီယန်း ။

၁၀ ။ အာဆင်နယ် Vs ခရစ္စတယ်ပဲလေစ့် ပွဲအတွက် ပွဲရလဒ်ခန့်မှန်းချက်များ

မိုက်ကယ်အိုဝင်(အာဆင်နယ် ၂-၁ ခရစ္စတယ်ပဲလေစ့်)
လူးဝစ်ဂျူံးစ် (အာဆင်နယ် ၂-၀ ခရစ္စတယ်ပဲလေစ့်)
ပေါလ်မာဆင်(အာဆင်နယ် ၂-၁ ခရစ္စတယ်ပဲလေစ့်)
လော်ရိုး(အာဆင်နယ် ၁-၂ ခရစ္စတယ်ပဲလေစ့်)

SM