အာဆင်နယ် သတင်းတိုများ

၁ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ယနေ့နံနက်က ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် ဟော့ဖန်ဟိမ်း အမျိုးသမီးအသင်း နဲ့ ကစားခဲ့ပြီး လစ်တယ် ၊ ဟိထ် ၊ မီဒမ်မာ ၊ ဝီလီယံဆန် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ လေးဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ၂ ပွဲ ကစားအပြီးမှာ ၁ ပွဲ နိုင် ၊ ၁ ပွဲရှုံးနဲ့ အဆင့် ၂ နေရာကို ရောက်ရှိ လာခဲ့ပါတယ် ။

၂ ။ အာဆင်နယ် အသင်းနည်းပြ မီခေးလ် အာတီတာ က လာကာဇက် အသင်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချ သွားခဲ့ပြီး ပြင်သစ်သားဆီက အကောင်းဆုံး ခြေစွမ်းတွေ ရရှိအောင် ကြိုးစားနေကြောင်း ပြောကြား သွားခဲ့ပါတယ် ။

၃ ။ ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး အကြောင်း ရိုက်ကူးထားတဲ့ ‘Invincible’ မှတ်တမ်း ရုပ်ရှင် trailer ဟာ မနေ့က ထွက်ရှိ လာခဲ့ပါတယ် ။ မှတ်တမ်း ရုပ်ရှင် ကိုတော့ လာမယ့် နိုဝင်ဘာလမှာ ထုတ်ဝေ ဖြန့်ချိ သွားမှာ ဖြစ်ပါတယ် ။

၄ ။ အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက်ဝဲလ်ရှား က လူငယ် အသင်းမှာ ချာလီ ပါတီနို နဲ့ အိုမာရီ ဟက်ချင်ဆန် တို့ဟာ ခြေစွမ်းကောင်းတွေ ရှိတဲ့ လူငယ် ကြယ်ပွင့်လေးတွေလို့ ချီးကျူး လိုက်ပါတယ် ။ ပါတီနို နဲ့ ဟက်ချင်ဆန် တို့ဟာ အာဆင်နယ် ယူ၂၃အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ပါတယ် ။

၅ ။ မန်ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဖာဂူဆန် က အာဆင်နယ် နဲ့ အာဆင်ဝင်းဂါး ရယူ ခဲ့တဲ့ တစ်ရာသီလုံး ရှုံးပွဲ မရှိ စံချိန် နဲ့ ချန်ပီယံ ဖြစ်ခဲ့မှုဟာ အရာအားလုံးထက် ကြီးကျယ် ခမ်းနားကြောင်း ‘Invincible’ မှတ်တမ်း ရုပ်ရှင်ထဲမှာ ပြောကြား ခဲ့ပါတယ် ။

၆ ။ အာတီတာ က မာဆေးလ် အသင်းမှာ အငှားသွားရောက် ကစားနေတဲ့ ဂွမ်ဒူဇီ ရဲ့ အနာဂတ်ကို ရာသီကုန်မှသာ စဉ်းစား ဆုံးဖြတ်သွားမယ်လို့ ပြောကြားလိုက်ပြီး အငှား စာချုပ်သက်တမ်းကုန်ရင် အပြီးသတ် ဝယ်ယူခွင့် ပါရှိတယ်သတင်းတွေကို ငြင်းဆန် သွားခဲ့ပါတယ် ။

၇ ။ ဒီရာသီ မန်ချက်စတာစီးတီး အသင်းမှာ ပွဲထွက် ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး အသင်းက ထွက်ခွာမယ့်လို့ အရိပ်အမြွက်ပြောကြားထားတဲ့ စတာလင် ကို ခေါ်ယူဖွယ် ရှိတဲ့ အသင်းလေးသင်းမှာ အာဆင်နယ် အသင်း ပါဝင်တယ်လို့ Express sport က ဖော်ပြ လိုက်ပါတယ် ။

၈ ။ ဒီနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ဟာ အာဆင်နယ် အသင်း ကစားသမားဟောင်း မီဆွတ် အိုဇေးလ် ရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။အိုဇေးလ် ဟာ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေ ဖလား ၃ ကြိမ် ရယူ နိုင်ခဲ့ပြီး ၇ နှစ်တာကာလအတွင်း ပွဲပေါင်း ၂၅၄ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၇၇ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ် ။

၉ ။ ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က ဒီတစ်ပတ်မှာ ကစားမယ့် လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်းဟာ ခရစ္စတယ်ပဲလေစ့် အသင်းကို ၂-၁ နဲ့ အနိုင် ရရှိ သွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

၁၀ ။ Fanatik က တူရကီကလပ် ဂါလာတာစာရေး ဟာ အယ်နီနီ နဲ့ သဘောတူညီမှု ရရှိ ခဲ့ပြီ ဖြစ်ပြီး အာဆင်နယ် နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ပဲ ကျန်တော့တယ်လို့ ရေးသား ဖော်ပြ လိုက်ပါတယ် ။

SM