အာဆင်နယ် ရှုံးပွဲ ကြုံလိမ့်မယ် လို့ ခန့်မှန်းလိုက်တဲ့ လော်ရိုး

လက်စတာ vs အာဆင်နယ်

အာဆင်နယ် က လမ်းကြောင်းမှန် တခုပေါ်ကို လျှောက်လှမ်းနေပြီလို့ ကျနော်တော့ မယုံသေးပါဘူး။ သူတို့ဟာ ရှုံးပွဲမရှိ ပွဲဆက် အနည်းငယ် ရယူထားတယ် ဆိုပေမယ့် ၊ စပါး ကို အနိုင်ယူပြခဲ့တဲ့ စွမ်းဆောင်ရည်တွေ ကလွဲရင် နော့ဝှစ်ချ် ၊ ဘန်လေ ၊ ဝင်ဘယ်ဒန် ၊ ဗီလာ ၊ လိဒ် ယူနိုက်တက် တို့ကို မျှော်လင့်ထားတဲ့ ပုံစံတစ်ခု နဲ့ အနိုင်ယူပြနိုင်ခဲ့တာ မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်။

ပဲလေ့ နဲ့ ပွဲတုန်းက ဆိုရင် ကံကောင်းလို့ တစ်မှတ်ရတာပါ။ ထောင့်ကန်ဘောတွေ ကနေ ရလာဒ်ကောင်းတွေ ရအောင် စွမ်းဆောင်ပြနေသည့်တိုင်အောင် ၊ သူတို့ ရဲ့ ခြေချော်မယ့် အခိုက်အတန့်က ဘယ်နေ့ ရောက်လာမလဲ ဆိုတာ မျှော်လင့်ရသလိုပါပဲ။ ဒါပေမယ့် အဲဒီနေ့တော့ သေချာပေါက် ရောက်လာမှာပါ။

လက်စတာ က ကြားရက်မှာ ကစားခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာ ဗာဒီ ကို အနားပေးထားပါတယ်။ ဒါကြောင့် သူဟာ ဒီပွဲမှာတော့ ဆာလောင်မှု အပြည့်နဲ့ ကစားလာမှာ ဖြစ်လို့ ၊ ဂိုးသွင်းနိုင်လိမ့်မယ်လို့တောင် ယုံကြည်ထားမိပါတယ်။
ခန့်မှန်းချက် – လက်စတာ 2-1 အာဆင်နယ်

လီဗာပူး vs ဘရိုတ်တန်

ဒီရာသီ ဘရိုတ်တန် ရဲ့ ကစားပုံက ကျနော် ကြိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆိုရင် မန်စီးတီး ကို 3-0 နဲ့ ရှုံးနိမ့်နေသည့်တိုင်အောင် ပြသနာ တချို့ကို ရအောင် ဖန်တီးပြသွားတာပါ။

ပရီးမီးယားလိဂ် အသင်းတွေ အတွက် မန်စီးတီး နဲ့ လီဗာပူး တို့လို အသင်းတွေကို ရင်ဆိုင် ကစားရတာ မလွယ်ပါဘူး။ ဒါကြောင့် ဒီပွဲမှာလဲ မန်စီးတီး နဲ့ ပွဲ ရလာဒ် အတိုင်းပဲ ထွက်ပေါ်လာမယ်လို့ မှန်းထားချင်တယ်ဗျာ။

လီဗာပူး ဟာ ဒီရာသီ ကစားထားတဲ့ 14 ပွဲ စလုံး ရှုံးပွဲ မရှိတဲ့ အပြင် 11 ပွဲ အထိကို နိုင်ပွဲတွေ ယူပြထားတာပါ။ ကျနော်တို့ ခေတ်တုန်းက ခံစားခဲ့တဲ့ရ ခံစာချက်မျိုးတွေကို အခုလက်ရှိ အသင်းကို ကြည့်ရင်း ပြန်ပေါ်လာတဲ့ အတွက် ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့လဲ ပြောချင်ပါတယ်။ ကလော့ပ် က ဘယ်လို ကစားသမားမျိုးတွေပဲ ထုတ်သုံးလာပါစေ သူတို့ဟာ နိုင်ပွဲကို ရအောင် ယူပြမှာပါ ဘာလို့လဲ ဆိုတော့ တသင်းလုံးက အမြင့်ဆုံး ခြေစွမ်းတွေ ပေါ်ထွက်နေတာလေ။
ခန့်မှန်းချက် – လီဗာပူး 3-0 ဘရိုတ်တန်

မန်စီးတီး vs ပဲလေ့
မန်စီးတီး ဟာ ကာရာဘောင် ဖလားကို 4 လုံး ဆက်တိုက် ရယူအပြီးမှာတော့ ၊ ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရပါပြီ။ ဒါဟာ ကျနော် ကစားသမား ဘ၀ က စွမ်းဆောင်ပြခဲ့တဲ့ အရေအတွက် နဲ့ တူညီနေပါတယ်။

ဝက်စ်ဟမ်း ကို ရှုံးနိမ့်ပြီး ကာရာဘောင် ဖလားကနေ ထွက်လိုက်ရလို့ ပက်ဂွာဒီယိုလာ က စိတ်ပျက်မှာ မဟုတ်ပါဘူး။ သူဟာ ဆုဖလားတွေ ရသလောက် လိုချင်တဲ့ နည်းပြမျိုး ဖြစ်ပေမယ့် ၊ ရှေ့ပွဲစဉ်တွေ အတွက် အကောင်းဆုံး ပြင်ဆင်သွားမှာပါ။

အခုလို ကာရာဘောင် ကနေ ထွက်လိုက်ရတဲ့ အတွက် သူတို့ဟာ ဒီဇင်ဘာ ကနေ ဇန်နဝါရီ ကာလ အတွင်း ကြားရက်မှာ အနားယူဖို့ 3 ပတ်လောက် ပိုရသွားပါတယ်။ ယခင် နှစ်တွေ မှာတုန်း ကတော့ သူတို့ဟာ ကြားရက်တွေမှာလဲ ဆက်တိုက်တွေ ကစားပေးခဲ့ရတာပါ။ ဒါကြောင့် အခုလို နားရက် ရလိုက်တဲ့ အပေါ် သူတို့က တဖက်ကနေ ပြန်တွေးရင်း ကျေနပ်နေပါလိမ့်မယ်။

ပဲလေ့ ကလဲ ခြေစွမ်းကောင်းကောင်း နဲ့ ကစားပြနေပါတယ်။ ဒါပေမယ့် သရေပွဲတွေ များတယ်ဗျာ။ သူတို့ အနေနဲ့ အီတီဟတ် လို နေရာမျိုးမှာ ရလာဒ် ကောင်းချင်တယ် ဆိုရင်တော့ အံ့အားသင့်စရာ ကောင်းလွန်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်မှပဲ ဖြစ်လာမှာပါ။
ခန့်မှန်းချက် – မန်စီးတီး 3-0 ပဲလေ့

နယူး vs ချဲဆီး
နယူးကာဆယ် ဟာ အဆင့် 13 ကနေ 18 အတွင်း မှာ ရှိတဲ့ အသင်းတွေ ကစားပြီးပါပြီ ၊ တစ်ပွဲမှလဲ မနိုင်ပါဘူး။ ဒါကြောင့်မို့ ဒီပွဲမှာ ပထမဆုံး နိုင်ပွဲရမယ်လို့ မပြောချင်ပါဘူး။

တိုက်စစ်မှုး ကလမ် ဝီလ်ဆင် က ဂိုးသွင်းခြေ ပြန်တွေ့နေတယ် ဆိုပေမယ့် ၊ ချဲဆီး ကလဲ လူကာကူ မပါပဲနဲ့တောင် သက်တောင့်သက်သာ အနိုင်ယူပြသွားနိုင်ပါတယ်။
ခန့်မှန်းချက် – နယူးကာဆယ် 0-2 ချဲဆီး

စပါး vs ယူနိုက်တက်
ဆိုးရှား ဟာ ယူနိုက်တက် ကို အလွယ်တကူ နဲ့ အနိုင်ယူလို့ မရတဲ့ အသင်းမျိုး ဖြစ်အောင် တည်ဆောက်ပြရမှာပါ။ ပြီးခဲ့တဲ့ အကြောင်းအရာတွေ အားလုံး မေ့ထားပြီး ၊ အခုချိန်မှာ စုစည်းမှု အပြည့်ဖြစ်ဖို့ စတင် တည်ဆောက်ပြရတေ့မှာ ဖြစ်ပါတယ်။

သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား စာရင်းနဲ့ တန်ပြန်တိုက်စစ်ပဲ ကစားပြနေတာတော့ မဟုတ်သေးပါဘူး။ သူတို့ အနေနဲ့ ပြိုင်ဘက် က နိမ့်ပါးသွားတဲ့ အခိုက်အတန့်တွေမှာ ဒီထက်ပိုပြီး ဖိအားတွေပေးရင်း ကစားပြဖို့ လိုပါတယ်။

အခုချိန်ရောက်မှ ယူနိုက်တက် ရဲ့ စတိုင်တွေ ဘာတွေ ပြောနေလို့မရပါဘူး။ အတိတ်က ဘောလုံးအတွေးအခေါ်တွေ နဲ့ အခုလက်ရှိ ပုံစံတွေက အများကြီး ကွာခြားသွားပါပြီ။

လက်ရှိ သူ ရင်ဆိုင်နေရတဲ့ ဖိအားမျိုးတွေ နဲ့ ဒီပွဲကို ချဉ်းကပ်ရတာ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စပါးကလဲ ထင်သလောက်ကြီး မဟုတ်သေးလို့ ၊ ယူနိုက်တက်သာ အနိုင်ကစားပြသွားမယ် ဆိုရင် အံ့အားသင့်စရာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။
ခန့်မှန်းချက် – စပါး 1-2 ယူနိုက်တက်

SPORTS MYANMAR