အသည်းကွဲခဲ့တဲ့ အသင်းကြီးများ ၊ အလုခံရတဲ့ ဟာရဲရား တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ဥရောပ တလွှားက ထိပ်တန်းလိဂ်တွေ မှာတော့ အသင်းကြီး အတော်များများ မျက်နှာ မလှ ဖြစ်ခဲ့ကြ ပါတယ် ။ အင်္ဂလန် မှာ မန်ချက်စတာ စီးတီး ဟာ ဝက်စ်ဟမ်း ကို အရေးနိမ့်ပြီး ကာရာဘောင် ဖလား ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။ ဒါဟာ ၄ နှစ်ဆက် ချန်ပီယံ စီးတီး အဖို့ ၅ နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ကာရာဘောင် ဖလားကနေ ထွက်ခွာ ခဲ့ရတာပါ ။

အခြား ပွဲစဉ်တွေ မှာတော့ လက်စတာ စီးတီး ၊ တော့တင်ဟမ် ဟော့စပါး ၊ လီဗာပူး နဲ့ ဘရန့်ဖိုဒ့် တို့ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပါတယ် ။

ကာရာဘောင် ဖလား ရဲ့ ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ကိုတော့ လာမယ့် စနေနေ့မှာ မဲခွဲ သွားမယ်လို့ သိရ ပါတယ် ။

ဂျာမန် ပိုကယ် ဖလား ပွဲမှာတော့ ဘိုင်ယန်မြုးနစ် ဟာ မိုချန် ဂလာဘတ် ကို အဝေးကွင်းမှာ ၅-၀ နဲ့ အံ့အား သင့်ဖွယ် ဂိုးပြတ် အရေးနိမ့် ခဲ့ရပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ ဆာဆူအိုလို အသင်း ကို နောက်ဆုံး မိနစ် မှာ ပေးလိုက်ရတဲ့ ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ ဆာဆူအိုလို အတွက်တော့ ဒီပွဲဟာ ဒီရာသီ စီးရီးအေ ရဲ့ ပထမဆုံး နိုင်ပွဲ ဖြစ်စေခဲ့ ပါတယ် ။

အင်တာမီလန် ဟာ အဝေးကွင်းမှာ အမ်ပိုလီ အသင်းကို 2-0 နဲ့ အနိုင်ရခဲ့ပြီး ရိုးမားကလည်း ကာဂလီယာလီ ကို အဝေးကွင်းမှာပဲ 2-1 နဲ့ အနိုင်ရခဲ့ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ အိုဆာဆူနာ အသင်းနဲ့ ဂိုးမရှိ သရေကျသွားခဲ့ပါတယ် ။

ဘာစီလိုနာ ကတော့ ဗယ်လက်ကာနို အသင်းကို ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ ပါတယ် ။ ဒီလို အရေးနိမ့်မှု ရဲ့ အကျိုးဆက် ကတေ့နည်းပြ ရော်နယ်ကိုးမန်း ကို ထုတ်ပယ်လိုက် တာပါပဲ ။

လက်ရှိ မှာတော့ ဘာစီလိုနာ ဟာ နည်းပြသစ် ရှာဖွေ နေပြီး အယ်လ်ဆတ် အသင်း ကို ၃၄ ပွဲဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင် ထားတဲ့ ကစားသမားဟောင်း ဇာဗီ ကို ချိတ်ဆက် ထားတယ် လို့ သိရ ပါတယ် ။

PSG ၊ ရီးရဲမက်ဒရစ် နဲ့ လီဗာပူး အသင်းတို့ဟာ သြစတြီးယား ကလပ် ရက်ဘူး ဆဲဘတ် အသင်းမှာ ကစားနေတဲ့ ဂျာမန် လူငယ်လေး ကာရင် အဒီယီမီ ကို အပြိုင် စိတ်ဝင်စား နေကြတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒေါ့မွန် အသင်းကတော့ အင်္ဂလန် ကွင်းလယ် ကစားသမားလေး ဘယ်လင်ဟမ် ရဲ့ ၁၆ နှစ် အရွယ် ညီ ဖြစ်သူ ဂျုပ်ဘ် ဘယ်လင်ဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် လို့ သတင်း ရရှိ ပါတယ် ။

 

ပရီးမီးယားလိဂ် ဟာ လာမယ့် ရာသီက စတင်ပြီး အခြား လိဂ်တွေ ကဲ့သို့ ကစားသမား ၅ ဦး လူစားလဲတဲ့ စတစ် ကို အသုံးပြုဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မှာလည်း စက်ကိရိယာ အကူအညီတွေ ရယူကာ အလိုအလျောက် လူကျွံ ဘော ဖမ်း အချက်ပြတဲ့ စနစ်ကို စမ်းသပ် အသုံးပြု မယ်လို့ ကြားသိရ ပါတယ် ။

PSG ကွင်းလယ်လူ အန်ဒါ ဟာရဲရား ဟာ တနင်္လာနေ့ ညက မီးပွိုင့်မှာ လုယက် ခံ ခဲ့ရပြီး ပိုက်ဆံအိတ် နဲ့ နာရီ တို့ ပါသွား ခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီး ဟာ စာချုပ် သက်တမ်းတိုးဖို့ နှောင့်နှေး နေတဲ့ ရူဒီဂါ နဲ့ ခရစ်ရှန်ဆန် တို့နေရာတွေကို ဖာထေး နိုင်ဖို့ အတွက် ဆီဗီးလား နောက်ခံလူ ကွန်ဒီ နဲ့ ယူဗင်တပ် ခံစစ်မှူး ဒီလစ် တို့ကို တပြိုင်တည်း စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် သာ အိုလေ ဂန်နာ ဆိုးရှား ကို ထုတ်ပယ် ဖြစ်ခဲ့ပါက နစ်နာကြေး အဖြစ် ပေါင် ၇.၅ သန်း ပေးချေ ရမယ်လို့ သိရပါတယ် ။

SPORTS MYANMAR