၁ ။ ဝက်ဖိုဒ့် – လီဗာပူး
ကလော်ဒီယို ရာနီရေးနီ ကို ခန့်အပ်လိုက်တာက ဝက်ဖိုဒ့် အတွက် စိတ်ဓါတ် တက်စရာ ဖြစ်လာစေမှာပါ ။
စနေနေ့ နေ့လည်ပိုင်းမှာ ကစားမှာ ဖြစ်လို့ လီဗာပူး ဘက်မှာ လူမစုံ နိုင်ပါဘူး ။
ဒါကို အခွင့်အရေး အဖြစ် ရာနီရေးနီ အသုံးချနိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။
လီဗာပူး က စနေနေ့ အစောဆုံးကစားရတဲ့ နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲပဲ နိုင်ထားပါတယ် ။
သူတို့ရှေ့တန်းက ဂိုးသွင်းအားကောင်း ပေမယ့် နောက်တန်းက အရမ်း ယုံစားလို့ မရပါဘူး ။
နည်းပြသစ်တွေ ရောက်လာတိုင်း မထင်မှတ်တာတွေ ဖြစ်တတ်တဲ့ ပရီးမီးယားလိဂ် ရဲ့ အစဉ်အလာကိုလည်း ထည့်တွက်ရမှာပါ ။
လီဗာပူး အဝေးကွင်းမှာ သရေကျသွားခဲ့မယ် ဆိုရင် ဒါဟာ အံ့သြစရာတော့ မဟုတ်နိုင်ပါဘူး ။
ခန့်မှန်းချက် – ဝက်ဖိုဒ့် ၁-၁ လီဗာပူး
၂ ။ လက်စတာ စီးတီး – မန်ချက်စတာ ယူနိုက်တက်
ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဆိုးရှား ဘယ်လို ရလဒ်မျိုးနဲ့ စတင် ဖွင့်လှစ်မလဲ ဆိုတာ သိချင်မိပါတယ် ။
ဟယ်ရီ မက်ဂွဲယား နဲ့ ရာဖေး ဗာရန်းတို့ မပါနိုင်တဲ့ ယူနိုက်တက် ခံစစ် က ကင်းပါဝါ မှာ ဂိုးတွေ ပေးရမှာပါ ။
လင်ဒီလော့ဖ် နဲ့ ဘိုင်လီ တို့ တွဲ ကစားတဲ့ နောက်ဆုံး ၅ ပွဲမှာ ယူနိုက်တက် တို့ နိုင်ပွဲ လုံး၀ မရခဲ့ပါဘူး ။
ရိုနယ်ဒို ဦးဆောင် လာမယ့် ယူနိုက်တက် ရှေ့တန်းကရော လက်စတာကို ဂိုးဘယ်လောက် သွင်းနိုင်မှာလဲ ။
ရက်ဖိုဒ့် ပြန်ကစားနိုင်ပြီ ဖြစ်လို့ ယူနိုက်တက် ရဲ့ တိုက်စစ်က ပိုကောင်းလာမှာပါ ။ ဒါပေမယ့် နောက်တန်းက အပေါက်တွေကို သူတို့ ဖာထေးနိုင်ဖို့ မလွယ်ပါဘူး ။
အခြေအနေတွေက ဂိုးတွေ အပြိုင်သွင်းကြမယ့်ဘက်ကို ဦးတည်နေတာပါ ။
ခန့်မှန်းချက် – လက်စတာ စီးတီး ၂ – ၂ မန်ချက်စတာ ယူနိုက်တက်
၃ ။ မန်ချက်စတာ စီးတီး – ဘန်လေ
မန်စီးတီး ပွဲတွေလောက် ခန့်မှန်းရ လွယ်တာ မန်စီးတီး ပွဲတွေပဲ ရှိပါတယ် ။
ဒီလိုမျိုး လွယ်ကူအောင်လည်း သူတို့ မှာ တည်ငြိမ်တဲ့ ကစားပုံ ၊ ဂိုးသွင်းနှုန်း ကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင် ထားတာပါ ။
ဘီမီ မပါနိုင်တဲ့ ဘန်လေ ခံစစ် က အရင်လို မဟုတ်နိုင်ပါဘူး ။ စီးတီး ဘက်မှာ ဖာရန်တောရက်စ် မပါနိုင်ပေမယ့် ကျန်တဲ့ ကစားသမားတွေက ဂိုးတွေ သွင်းနိုင်ပါတယ် ။
အသင်းကြီးချင်း ကစားတဲ့ အခါမျိုးတွေမှာသာ တိုက်စစ်မှူးကောင်း မရှိတာက စီးတီး ကို ဒုက္ခပေးနိုင်တာပါ ။
ဒီလိုပွဲမျိုး မှာတော့ ဟယ်ရီကိန်း လို တိုက်စစ်မှူးမျိုး မရှိနေလည်း ကိစ္စ မရှိပါဘူး ။ စီးတီးပဲ နိုင်သွားမှာပါ ။
ခန့်မှန်းချက် – မန်စီးတီး ၄-၀ ဘန်လေ
၄ ။ ဘရန့်ဖိုဒ့် – ချဲလ်ဆီး
ဒီရာသီမှာ ဖရန့်ဖိုဒ့် ရဲ့ ခြေစွမ်း နဲ့ ရလဒ်တွေက ပရိသတ်တွေကို အံ့အားသင့်စေမှာ သေချာပါတယ် ။
လီဗာပူး ၊ ဝက်စ်ဟမ်း ၊ အာဆင်နယ် တို့ အားလုံး ဒီတန်းတက် အသင်းကို အနိုင် မယူနိုင်ခဲ့ ကြပါဘူး ။
အခု ချဲလ်ဆီး ရဲ့ အလှည့် ရောက်လာပါပြီ ။ ချဲလ်ဆီးမှာ နိုင်ငံပွဲ သွားကစားထားသူတွေ ရှိကြပါတယ် ။
လာမယ့် ကြားရက်မှာလည်း ချန်ပီယံလိဂ် ပွဲရှိနေပြီး နိုင်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် ဒီပွဲမှာ သူတို့ လူစုံထုတ်ဖို့ အလားအလာ နည်းပါတယ် ။
ဒါကို ဘရန့်ဖိုဒ့် က ဘယ်လို အသုံးချ နိုင်မလဲ ၊ လီဗာပူး နဲ့ ပွဲတုန်းကလိုမျိုး အံ့ဖွယ် စွမ်းဆောင်ရည်တွေကို သူတို့ ထပ်ပြ နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။
ခန့်မှန်းချက် – ဘရန့်ဖိုဒ့် ၁-၁ ချဲလ်ဆီး
၅ ။ နယူးကာဆယ် – တော့တင်ဟမ် ဟော့စပါး
ပိုင်ရှင်သစ် ရောက်လာတာက နည်းပြသစ် ရောက်လာတာလိုမျိုး ချက်ချင်း အကျိုးသက်ရောက်မှု မရှိတတ် ပါဘူး ။
ဒါပေမယ့် နယူးကာဆယ် ပရိသတ်တွေ နဲ့ ကစားသမားတွေ ကိုတော့ စိတ်ဓါတ် တက်စေမှာ သေချာပါတယ် ။
ဇန်နဝါရီမှာ အသင်းကနေ ထွက်မသွားရစေဖို့ ခုချိန်ကစပြီး သူတို့ အားလုံး အစွမ်းကုန် ကြိုးစား ကြရတော့မှာပါ ။
စပါး ကတော့ ဗီလာ ကို အနိုင် ကစားခဲ့ပေမယ့် အားရလောက်တဲ့ တည်ငြိမ်မှု မရှိနေပါဘူး ။ ဟယ်ရီကိန်း ကလည်း ဂိုးပေါက် ပျောက်ဆဲပါ ။
ဒါကြောင့် ဒီတပွဲမှာတော့ စပါးတို့ အမှတ်ယူနိုင်ဖို့ အလားအလာ နည်းတယ်လို့ပဲ မြင်မိပါတယ် ။
ခန့်မှန်းချက် – နယူးကာဆယ် ၂-၁ တော့တင်ဟမ် ဟော့စပါး
၆ ။ အာဆင်နယ် – ပဲလေ့စ်
ပက်ထရစ် ဗီယာရာ ရောက်လာ အပြီးမှာ ပဲလေစ့် ရဲ့ ကစားပုံရော စိတ်ဓါတ်ပိုင်းပါ တိုးတက် လာပါတယ် ။
ဒါပေမယ့် အာဆင်နယ် က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားတာပါ ။
အီမီလ် စမစ် ရိုဝီ ကလည်း အာဆင်နယ် မှာ ခြေစွမ်းပြနေ ပါတယ် ။ တနင်္ဂနွေနေ့မှာ ကစားရတာ ကလည်း နိုင်ငံ ပွဲက ပြန်လာမယ့်သူတွေ ကို နားရက် ပိုရစေမှာပါ ။
အာဆင်နယ် နိုင်သွားမယ့် ပွဲပဲ ဖြစ်လာပါလိမ့်မယ် ။
ခန့်မှန်းချက် – အာဆင်နယ် ၂ – ၀ ပဲလေ့စ်
အခြားပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –
၇ ။ အက်စတွန် ဗီလာ ၁ – ၀ ဝုဗ်
၈ ။ နောဝှစ်ချ် ၀ – ၂ ဘရိုက်တန်
၉ ။ ဆောက်သမ်တန် ၁-၁ လိဒ်
၁၀ ။ အဲဗာတန် ၁ – ၁ ဝက်စ်ဟမ်း
SPORTS MYANMAR