အထုတ်ခံရဖို့ သတင်းကြီးနေတဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ ဆီဗတ်စတြာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား ကတော့ ကာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခဲ့ရသလို အမှတ်ပေး ဖလား ပြိုင်ပွဲမှာလည်း 4 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့နောက် အထုတ်ခံရဖို့ ရေပန််းစားသူ ဖြစ်လာခဲ့ပါတယ် ။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကင်းပါဝါ ကွင်းထဲမှာ လက်စတာ စီးတီး အသင်းကို 4 – 2 ၊ အိုးလ် ထရပ်ဖို့ဒ် ပရိသတ်တွေ ရှေ့မှောက် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို 0 – 5 ဆိုတဲ့ ရလဒ် တွေနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အခုလို ဖိအားတွေ ကြုံခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ချဲလ်ဆီး နဲ့ အင်တာ မီလန် နည်းပြဟောင်း အန်တိုနီယို ကွန်တီ က အထူး ရေပန်းစားနေခဲ့ပါပြီ ။ ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆာအဲလက်စ် ဖာဂူဆန််တို့ကြောင့် ဆိုးလ်ရှား အခုထိ မြဲနေတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ဟာ လာမဲ့ ရက်သတ္တပါတ် အတွင််း တော့တင်ဟမ် ဟော့ စပါး ၊ အတ္တလန္တာ ၊ မန်စီးတီး အသင််းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။ အဲ့ဒီပွဲတွေမှာတော့ ရလဒ် ဆိုးရွားခဲ့ရင် ဆိုးလ်ရှား ထုတ်ခံရမှာ အသေအချာပဲလို့ သတင်းတွေက ဖော်ပြနေခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း ဖြစ်သလို ဆိုးလ်ရှားရဲ့ အသင်းဖော်ဟောင်းလည်း ဖြစ်တဲ့ မီခေးလ် ဆီဗတ်စတြာ က နော်ဝေသား အနေနဲ့ ဒီရာသီမှာ ဆုဖလား တစ်လုံးတော့ မရရအောင် ဆွတ်ခူးပေးဖို့ လိုအပ််နေပြီ ဖြစ်ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

” အိုလီ ဂန်နာ ဆိုးလ်ရှား အနေနဲ့ ဒီရာသီ ဆုဖလား တစ််လုံးတော့ ဆွတ်ခူးသင့် ပါပြီ ။ သူ့အနေနဲ့ ဒါကို သိထားရပါ့မယ် ။ ဆုဖလား ဆွတ်ခူရေးဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ DNA မှာ ရှိနေတဲ့အရာ ဖြစ်တဲ့အတွက် ကစားသမားတွေ ၊ ပရိသတ်တွေ အတွက် ဒါကို လုပ်ပေးနိုင်ရပါ့မယ် “

” ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက သူတို့တွေဟာ ယူရိုပါလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အရမ်းပဲ နီးစပ်ခဲ့ကြပါသေးတယ် ။ ဒီရာသီမှာ အဲ့တာကြီးကို စိတ်ဓါတ် တက်ကြွစရာ အဖြစ် မှတ်ယူပြီး ရှေ့ဆက်တက်နိုင်ဖို့အတွက် သူတို့တွေဟာ တွန်းအားပေးနေရမှာပါပဲ “

” အသင်းမှာ အောင်မြင်ဖို့ ၊ ဆုဖလားတွေကို ဆွတ်ခူးဖို့ အတွက် လိုအပ်တဲ့ အင်အားစုလည်း ရှိနေပါပြီ ။ အသင်း အနေနဲ့ အမြန်ဆုံး ပြန်လာနိုင်ဖို့ ၊ အကောင်းဆုံး အဆုံးသတ််နိုင်ဖို့ မဖြစ်မနေ ကြိုးစားအားထုတ်ရပါတော့မယ် ” လို့ ဆီဗတ်စတြာ က အသင်းဖော်ဟောင်းကို သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက်တို့ တော့တင်ဟမ် ၊ အတ္တလန္တာ ၊ မန်စီးတီး အသင်းတွေနဲ့ ကစားပြီးရင်တော့ နိုင်ငံတကာ ပွဲစဥ်တွေ တစ်ဖန် ပြန်လည် ရောက်လာမှာပဲ ဖြစ်ပါတယ် ။ အကယ်လို့ ဆိုးလ်ရှားကသာ ရလဒ် မကောင်းခဲ့ရင် ယူနိုက်တက်တို့ဟာ ဒီကာလမှာ နည်းပြသစ် ခေါ်သွားဖို့ ကြိုးစားဖွယ် ရှိနေပါတယ် ။

#Sports_Myanmar