အင်္ဂလန် ဒါဘီ ပါဝင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အတွက် ခန့်မှန်း သုံးသပ်ချက်များ

ဒီတပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ကို အာဆင်နယ် နဲ့ အက်စတွန် ဗီလာ တို့ရဲ့ ရဲ့ ပွဲကောင်းနဲ့ စတင် ဖွင့်လှစ် သွားမှာပါ ။

ကျန်ပွဲတွေ ကိုတော့ စနေနဲ့ တနင်္ဂနွေတွေ မှာ ကစားသွားမှာ ဖြစ်ပြီး အိုးထရက်ဖိုဒ့် မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပရိသတ်တွေကို စိတ်အဝင်စားဆုံး ပွဲတပွဲ ဖြစ်လာမှာ သေချာပါတယ် ။

လက်ရှိ မှာ အသင်း ၂ သင်းရဲ့ ပုံစံ နဲ့ ရလဒ်တည်ငြိမ်မှုက ကွာခြားချက် ကြီးမားနေပေမယ့် သူတို့ ၂ သင်း ဆုံတွေ့သမျှ ပွဲတွေဟာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အကျိတ်အနယ် ရှိကြပြီး အင်္ဂလန် ဒါဘီရယ်လို့ သတ်မှတ်ခြင်း ခံထားရ ပါတယ် ။

 

ဒီပွဲတွေ အပြင် ဝက်စ်ဟမ်း နဲ့ စပါး တို့ရဲ့ လန်ဒန် ဒါဘီ ဟာလည်း ပရိသတ်တွေ စောင့်ကြည့် သင့်တဲ့ ပွဲတပွဲ ဖြစ်လာမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားမယ့် အင်္ဂလန် ဒါဘီ အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပေါလ်မာဆင် ရဲ့ ခန့်မှန်း သုံးသပ်မှုတွေ ကို ဖော်ပြ ပေးလိုက်ရပါတယ် ။

 

၁ ။ အာဆင်နယ် – အက်စတွန် ဗီလာ

 

အာဆင်နယ် တို့ ပရီးမီးယားလိဂ်မှာ ဟုတ်နေပါပြီ ။ လူတွေ ကတော့ ပဲလေ့စ် နဲ့ သရေကျတဲ့ပွဲ မှာ အာဆင်နယ် တို့ ကစားပုံ မကောင်းဘူးလို့ ပြောချင် ကြမှာပါ ။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဒီလိုပွဲမျိုးဟာ အာဆင်နယ်တို့ ရှုံးနေကျပွဲမျိုးပါပဲ ။ အခု သူတို့ ပိုကောင်းလာတာ အသိသာကြီးပါ ။

ဒီပွဲမှာလည်း ဗီလာ ရဲ့ ပွဲတပွဲ အတွင်းမှာဘဲ မတည်ငြိမ် ဖြစ်တဲ့ ခြေစွမ်းက သူတို့ကို ဒုက္ခပေးနေမှာပါ ။

အာတီတာ တို့ အမှတ်ပြန်ရမယ်လို့ ထင်ပါတယ် ။

မာဆင် ရဲ့ ခန့်မှန်းချက် က အာဆင်နယ် ၂-၁ အက်စတွန် ဗီလာ ဖြစ်ပါတယ် ။

၂ ။ ချဲလ်ဆီး – နောဝှချ် စီးတီး

 

ဒီပွဲအတွက် ဘယ်လို ဂိုးရလဒ်မျိုး လိုချင်လဲ ၊ ချဲလ်ဆီး က လူကာကူ နဲ့ ဗာနာ တို့ မပါဘဲ ကစားရမှာပါ ။

ဒါပေမယ့် သူတို့ရဲ့ ဘက်ပေါင်းစုံ ဂိုးသွင်း နိုင်စွမ်းက ပြိုင်ဘက်တွေကို တားဆီးရ ခက်စေပါတယ် ။

လူကာကူ တို့ မပါနိုင်တာကြောင့် ကိုဟာဗက် ကို တူချယ် က ရှေ့မှာ ထားကစားကောင်း ကစားမှာပါ ၊ ဒီနေရာကလည်း သူ့ထက် သင့်တော်တဲ့သူ မရှိပါဘူး ။

ဟာဗက် ဘယ်နှဂိုး သွင်းမလဲဆိုတာ သေချာ မသိပေမယ့် အိမ်ရှင် အသင်း ဂိုးပြတ် နိုင်မယ်ဆိုတာကတော့ ကျွန်တော် ပြောနိုင်ပါတယ် ။

မာဆင် က ချဲလ်ဆီး ၃ – ၀ နောဝှစ်ချ် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ ဘရိုက်တန် – မန်ချက်စတာ စီးတီး

 

ဘရိုက်တန် က အသင်းကောင်း တသင်းပါ ။ ဒါပေမယ့် သူတို့မှာ စီးတီး ကို ရပ်တန့် နိုင်စွမ်း မရှိပါဘူး ။

အိမ်ကွင်း ဖြစ်လို့ ဘရိုက်တန်တို့ စီးတီး ကို တခုခု တုန့်ပြန် နိုင်မှာပါ ။

အဲ့ဒိပြီးရင်တော့ မန်စီးတီး အပိုင်းပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ ဘရိုက်တန် ၁-၃ မန်စီးတီး ဖြစ်ပါတယ် ။

၄ ။ ဝက်စ်ဟမ်း – တော့တင်ဟမ် ဟော့စပါး

 

နောက်ထပ် စိတ်ဝင်စား စရာ ပွဲကောင်း တပွဲပါ ။ ဒီပွဲ အတွက် အိမ်ရှင် ဝက်စ်ဟမ်း ကို ကျွန်တော် ရွေးချယ် ချင်ပါတယ် ။

လက်ရှိ မှာ ဒေးဗစ် မိုရက်စ် ရဲ့ အသင်းက စပါး ထက် ခြေစွမ်း ပိုတည်ငြိမ်သလို ကစားပုံလည်း ပိုကောင်းတဲ့ အသင်းလို့ ကျွန်တော် မြင်ပါတယ် ။

စပါး ကတော့ နယူးကာဆယ် နဲ့ ပွဲမှာ ရလဒ်ကောင်းခဲ့ ပါတယ် ၊ အဲ့ဒိလူတွေကို ကြားရက်မှာ အနားပေးပြီး ယူရိုပါ ကွန်ဖရန့် လိဂ် ကို အရံတွေနဲ့ ကစားခဲ့တာကို ကြည့်တာနဲ့ နူနို ဆန်းတိုစ့် တယောက် ဒီပွဲ ကို ဘယ်လောက် ရလဒ်ကောင်းချင်သလဲ ဆိုတာ တွေးကြည့်လို့ ရနိုင်မှာပါ ။

ဒီပွဲမှာ အန်တိုနီယို ရော ဟယ်ရီကိန်း ပါ တောက်ပ နိုင်ပါတယ် ။ သူတို့ ၂ ယောက် ဂိုးသွင်း နိုင်ခဲ့တယ် ဆိုပါစို့ ၊ ကျန်တဲ့ ကစားသမားတွေရဲ့ ဂိုးသွင်းမှု အပိုင်းမှာ ဝက်စ်ဟမ်းက စပါးကို နှာတဖျား အသာရနေပါတယ် ။

အိမ်ရှင်က ကပ်နိုင်သွားဖို့ များပါတယ် ။

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ ဝက်စ်ဟမ်း ၂-၁ တော့တင်ဟမ် ဟော့စပါး ပဲ ဖြစ် ပါတယ် ။

၅ ။ မန်ချက်စတာ ယူနိုက်တက် – လီဗာပူး

 

ဒီတပတ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲပါ ။ လူတွေကတော့ လီဗာပူး ဟာ မန်ချက်စတာ ကို သွားပြီး အိုလေ ဂန်နာ ဆိုးရှား ရဲ့ အသင်းကို ဖဲ့ခြွေပစ်ကြမယ်လို့ ထင်ထား ကြပါတယ် ။

ဒါပေမယ့် အစောပိုင်း တုန်းက ဂျေမီ ကာရေဂါ ပြောခဲ့သလို ပါပဲ ၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်ရဲ့ တန်ဖိုးဟာ ပေါင်သန်း ၅၀ အနည်းဆုံး ရှိကြပါတယ် ။

ပြောရရင်တော့ မန်ချက်စတာ ယူနိုက်တက် ဟာ ထိပ်တန်း ကစားသမားတွေ စုဖွဲ့ထားတဲ့ အသင်းကြီး တသင်း ဖြစ်နေတုန်းပါပဲ ။

အခု သူတို့ အိမ်ကွင်းမှာ ခါးသီးတဲံ မဟာပြိုင်ဘက် နဲ့ ကစားရမှာပါ ၊ ဒီပွဲကို ဝင် ကစားရမယ့် အခွင့်အရေး အတွက် ဘယ်သူမဆို အရာရာကို ပေးဆပ် ကစားကြမှာ အသေအချာပါပဲ ။

ဒီပွဲဟာ ၂ သင်းစလုံး အတွက် ခက်ခဲတဲ့ ပွဲ ဖြစ်မှာ သေချာပါတယ် ။

စတားတွေ အားပြိုင်ကြမှာ ဖြစ်လို့ မိုဟာမက် ဆာလာ ရဲ့ အမည်ကို ကျွ်တော် ချန်ထားလို့ မဖြစ်ပါဘူး ။ သူ အဲ့ဒိ ညမှာ တောက်ပဦးမှာပါ ။ ဆန်ချို ဟာ သန်း ၇၀ တန်တယ်ဆိုရင် ဆာလာ ရဲ့ လက်ရှိတန်ကြေးက သန်း ၂၀၀ လောက် ရှိနေပါပြီ ။

ဒါပေမယ့် ခါးသီးတဲ့ မဟာပြိုင်ဘက်ချင်း အားစမ်းကြမယ့် ပွဲဟာ ၁ ဂိုးစီ သရေလောက်နဲ့ပဲ ပြီးဆုံး သွားမယ်လို့ ကျွန်တော် ထင်ပါတယ် ။

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ မန်ယူနိုက်တက် ၁ – ၁ လီဗာပူး ဖြစ် ပါတယ် ။

 

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ခရစ္စတယ်ပဲလေ့စ် ၂-၁ နယူးကာဆယ်

 

၇ ။ လိဒ်ယူနိုက်တက် ၂ – ၁ ဝုဗ်

 

၈ ။ အဲဗာတန် ၂ – ၀ ဝက်ဖိုဒ့်

 

၉ ။ ဘရန့်ဖိုဒ့် ၂ – ၂ လက်စတာ စီးတီး

 

၁၀ ။ ဆောက်သမ်တန် ၁-၀ ဘန်လေ

 

SPORTS MYANMAR