အင်္ဂလန်သားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ခြင်္သေ့ပြာတို့ ညှာတာမှု ကင်းမဲ့ခဲ့တဲ့ ချဲလ်ဆီး ၇ – ၀ နောဝှစ်ချ် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ယနေ့ည အစောပိုင်း က ယှဉ်ပြိုင် ကစားခဲ့တဲ့ ချဲလ်ဆီး – နောဝှစ်ချ် ပွဲမှာ အိမ်ရှင် ချဲလ်ဆီး အသင်း ဟာ အဆင့် ၁ နေရာက အသင်းပီပီ ၊ တန်းတက် နောဝှစ်ချ် ကို ဂိုးဒါဇင်ဝက်ကျော် သွင်းကာ ၇ – ၀ နဲ့ အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ိဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 8 )

တပွဲလုံး အိမ်ရှင်ဖက်က ဖိဖိစီးစီး ကစားခဲ့တာကြောင့်၊ မန်ဒီ အတွက် ထူးထူးခြားခြား အလုပ်မရှုပ်ခဲ့ရပေမယ့် ၊ ဒုတိယပိုင်း က နောဝှစ်ချ် တောင်ပံ ကစားသမား ရက်ရှီကာရဲ့ ကန်ချက်ကို အမှားအယွင်း မရှိ လက်စွမ်းပြသွားခဲ့ပါတယ် ။

့်နောက်တန်း – ထရက်ဗာ ချာလိုဘာ ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

ဒီရာသီ ချဲလ်ဆီး ခံစစ် အတွက် အလုပ် အနည်းဆုံးပွဲ ဖြစ်ခဲ့ပြီး ၊ သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ ၃ယောက်တန်း ခံစစ် ဟာ တည်ငြိမ် ကျစ်လျစ်မှုကို ထပ်မံ ပြသခဲ့ပြန်ပါတယ် ။ နောဝှစ်ချ် တိုက်စစ်မှူး တီမူ ပူကီ ကို ယင်း ဘရာဇီး ဝါရင့် ခံစစ်မှူး က အမှားအယွင်း မရှိ ထိန်းချုပ်ပြသွားခဲ့ပါတယ် ။

အလားတူ ချာလိုဘာနဲ့ ရူဒီဂါ တို့ဟာလည်း ခံစစ် အမှား ကင်းခဲ့ပြီး ၊ ခံစစ်ထက် တိုက်စစ်ကို လိုက်ပါရတဲ့ အချိန်ပင် ပိုများခဲ့ပါတယ် ။ ဒါ့အပြင် ရူဒီဂါ ဟာ ပွဲပြီးခါနီး ရခဲ့တဲ့ ပင်နယ်တီ အတွက် attempt လုပ်ပေးနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ၊ ဂျော်ဂျင်ဟို ၊ မတ်တီယို ကိုဗာဆစ် ( Rating – 8 ) ၊ ဘန်ချေဝဲလ် ( Rating – 9 )

wing-back ၂ဦးရဲ့ ဒီရာသီ အတောက်ပဆုံး စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပြီး ၊ ချေဝဲလ် ဟာ ကလပ်နဲ့ နိုင်ငံ အသင်းတွေ အတွက် နောက်ဆုံး ၅ပွဲမှာ ၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ် ။ ရိစ်ဂျိမ်းစ် ဆိုရင်လည်း အဆုံးသတ် က တိုက်စစ်မှူး တဦးကဲ့သို့ သေသပ် လှပခဲ့ပါတယ် ။

 

အလားတူ ကွင်းလယ်လူ ၂ဦးရဲ့ နောဝှစ်ချ် အသင်း အပေါ် တဖက်သတ် လွှမ်းမိုး ချုပ်ကိုင် နိုင်ခဲ့ခြင်း က ချဲလ်ဆီး ကို ဘောလုံး ပိုင်ဆိုင်မှု ပြတ်ပြတ်သားသား အသာစီး ရစေခဲ့သလို ၊ တပွဲလုံး သက်တောင့်သက်သာ ရှိစေခဲ့ပါတယ် ။ ကိုဗာဆစ် ဆိုရင် အိုဒွိုင်းရဲ့ ဒုတိယ ဦးဆောင်ဂိုး နဲ့ ဘန်ချေဝဲလ်ရဲ့ စတုတ္ထ ဦးဆောင်ဂိုး အတွက် လှလှပပ ဖန်တီးပေးခဲ့ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating- 9 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 7 )

ဒီနေ့ပွဲ မတိုင်မီ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး မရသေးတဲ့ မောင့် ဟာ ဘယ်လောက်ထိ ဂိုးဆာလောင်နေသလဲ ဆိုတာ သိသိသာသာ ပေါ်လွင်ခဲ့ပါတယ် ။ တကွင်းလုံး ပြေးလွှား ကစားခဲ့သလို ၊ ပင်နယ်တီ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကန်သွင်းခဲ့ပြီး ၊ချဲလ်ဆီးကစားသမား ဘဝ ပထမဆုံး ဟက်ထရစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

 

အိုဒွိုင်း ဟာလည်း အရင်လို ညာ wing-back နေရာမှာ မဆော့ရတဲ့ အတွက် လူမှန် နေရာမှန် ပြန်ရောက်ခဲ့ပြီး ၊ ကိုဗာဆစ်ရဲ့ ဖန်တီးမှု ကို အသာအယာ အဆုံးသတ်နိုင်ခဲ့တာ က သွေးအေးလွန်းခဲ့ပါတယ် ။ ဒါ့အပြင် နည်းပြ က တောင်းဆိုတဲ့ လုပ်အားမျိုးလည်း ပေးဆပ်သွားခဲ့ပါတယ် ။

 

ဟာဗက်ဇ် ကတော့ တိုက်စစ် နေရာယူပုံ မှန်ခဲ့ပေမယ့် ၊ ဂိုးကံခေခဲ့သလို ၊ ဂိုးသွင်းခွင့်တွေလည်း ကြီးကြီးမားမား ရခဲ့ခြင်း မရှိပါဘူး ။ သို့ပေမယ့်လည်း ရိုမီလူ လူကာကူနဲ့ တီမို ဗာနာတို့ ဒဏ်ရာရနေစဉ် အထောင် တိုက်စစ်မှူး တဦးရဲ့ presence ကို ပြသသွားခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ရော့စ် ဘာကလေ ၊ ဟာကင် ဇီယက်ချ် ( Rating – 6 )

SPORTS MYANMAR