အင်္ဂလန်ဒါဘီ မတိုင်မီ အသင်းဖော်တွေကို သတိပေးမှု ၊ တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်လိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည 10 နာရီအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 9 ရဲ့ အကောင်းဆုံး ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ခါးသီး ပြိုင််ဖက် လီဗာပူး အသင်းနဲ့ အင်္ဂလန် ဒါဘီ ပွဲစဥ် ဧည့်ခံ ဆင်နွှဲသွားရဖို့ ရှိနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ရော်နယ်ဒို ၊ ဆန်ချို ၊ ဗာရန်း တို့လို ကစားသမားတွေကို ခေါ်ယူ အင်အား ဖြည့်တင်းထားခဲ့ပေမဲ့ အခုအချိန်အထိ တည်ငြိမ််တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ဖို့ ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ် ။

ဒီအတွက် ရော်နယ်ဒိုက ကစားသမားတွေ အံဝင် နိုင်ဖို့ အတွက် အချိန်တစ်ခု ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့လိုက်ပြီး အသင်းဖော်တွေအနေနဲ့ အခုထက်ပိုမို စွန့်လွှတ််အနစ်နာခံပြီး ကစားသွားဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော် သွားခဲ့လိုက်ပါတယ် ။

ဒါ့အပြင် တစ်ဆင့်ပြီး တစ်ဆင့် တက်ရောက်ရမဲ့ အခိုက်အတန့်မှာ ဘာမဆို ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး ထည့်သွင်းထားဖို့ လိုအပ်ကြောင်း ၊ ကိုယ့်တာဝန်က ဘာလဲဆိုတာကိုပါ သိရှိဖို့ လိုအပ်ကြောင်း ဆက်လက် သတိိပေးသွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်း အပြောင််းအလဲ အချို့ကို လုပ်ဆောင်နေခဲ့တဲ့ အခိုက်အတန့််မျိုးထဲ ကျွန််တော်တို့ ရောက်ရှိနေကြတယ်လို့ ထင်မြင်မိပါတယ် ။ သူတို့တွေ ကျွန်တော့်ကို ဝယ်ခဲ့ကြသလို ဗာရန်း နဲ့ ဆန်ချိုတို့ကိုလည်း ဝယ်ယူခဲ့ကြပါတယ် ”

” အံဝင်နိုင်ဖို့ အတွက် အချိန်ပေးရမှာပါပဲ ။ ကစားကွက်မိနိုင်ဖို့လည်း အချိန်ပေးရပါလိမ့်မယ် ။ ဒါပေမဲ့ ကစားနေတဲ့ အဆင့်တွေ တစ်ခုချင်းစီမှာ ဘာမဆို ဖြစ်ပွားသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ စိတ်ထဲ ထည့်သွင်းသွားဖို့ လိုအပ်လိမ့်မယ်လို့ ထင်မိပါတယ် ”

” ကျွန်တော်က တစ်ကိုယ်တော်ကောင်းစားရေး အကြောင််း ပြောလေ့ မရှိဖူးပါဘူး ။ ကျွန်တော့်အတွက် အသင်းလိုက်် အောင်မြင်ရေးက နံပါတစ်ပါ ။ အသင်းလိုက် အောင်မြင််မှုပဲ လိုချင်ပါတယ် ။ တစ်ကိုယ်တော် ဆုတံဆိပ်တွေ ရဖို့က လွယ်ပါတယ် ။ ဘာမဆို ဖြစ်နိုင်တယ်လို့ပဲ ကျွန်တော်် တွေးထားပါတယ် ”

” လူတိုင်း ကိုယ့်ရဲ့တာဝန်က ဘာလဲဆိုတာ သိနေသင့်ပါတယ် ။ အသင်းမှာ ကျွန်တော့်ရဲ့ တာဝန်က ဘာလဲဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော့် တာဝန်က ဂိုးတွေကို သွင်းယူဖို့ ၊ အတွေ့အကြုံတွေနဲ့ အသင်းကို ကူညီပေးနိုင်ဖို့ ၊ ပွဲစဥ်အကြောင်း နားလည်အောင် လုပ်ဆောင်ဖို့ပါပဲ ”

” အကယ်လို့ အားလုံး ကိုယ့်တာဝန် အကြောင်းကို တွေးရင်း အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကြမယ်ဆိုရင် ကျွန်တော်တို့ ပိုကောင်းတဲ့ အသင်းမျိုး ဖြစ်လာနိုင်ကြလိမ့်မယ်လို့ တွေးထားပါတယ် ။ ကျွန်တော်တို့ အနောက်မှာ အံ့ဖွယ် အားပေးသူ ၊ ကွင်းကြီးနဲ့ အသင်းသားတွေ ရှိနေကြပါတယ် ”

” ကျွန်တော်တို့ရဲ့ တာဝန်တွေကို ဆက်လက်ပြီး ကျေပွန်စွာ ထမ်းဆောင်ပြနိုင်ဖို့ လိုအပ်တယ်လို့ပဲ တွေးတောထားပါတယ် ” လို့ ရော်နယ်ဒို က အင်္ဂလန် ဒါဘီ ပွဲစဥ်မတိုင်မီ အသင်းဖော်တွေကို သတိပေးမှု ၊ တိုက်တွန်း နှိုးဆော်မှုတွေ ပြုလုပ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar