” အချိန်ကိုက် လှုပ်ရှားသူ ” သူ့ကို ဝေဖန်ခဲ့တဲ့ ဂျေမီ ကာရေဂါကို ပြန်လည်တုန့်ပြန် စွပ်စွဲလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အတ္တလန္တာ အသင်းနဲ့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မကြာသေးခင်က သူ့ကို ဝေဖန်ထိုးနှက်ခဲ့သေးတဲ့ လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါကို အချိန်ကိုက် လှုပ်ရှားသူလို့ဆိုလိုက်ပြီး ပြန်လည် တုန့်ပြန် စွပ်စွဲသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေနေ့တုန်းက ပရီးမီးယားလိဂ် ပွဲစဥ် 8 အဖြစ် ကင်းပါဝါ ကွင်းထဲမှာ လက််စတာ စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး တိုင်လီမန်းစ် ၊ ဆိုယွန်ကူ ၊ ဗာဒီ ၊ ဒါကာ တို့ရဲ့ သွင်းဂိုးတွေကြောင့် 4 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ က ဆိုးလ်ရှားဟာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ လုံလောက််စွာ ​ကောင်းသူ မဟုတ်ကြောင်း ၊ ဆုဖလားတွေကို ဆွတ်ခူးလိုပါက ယူနိုက်တက် တို့ အပြောင်းအလဲ လုပ်ရမှာ ဖြစ်ကြောင်း ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီအကြောင်းအရာကို ဆိုးလ်ရှားက ကိုယ်တိုင် မမြင်ခဲ့ရပေမဲ့ သတင်းတွေ ကြားခဲ့ပြီး အခုတော့ အဆိုပါ အကြောင််းအရာကို အမေးခံလိုက်ရတဲ့ အခါမှာ ကာရေဂါဟာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ရင်ဆိုင်မဲ့ ပွဲစဥ်မတိုင်မီ သူတို့ကို အချိန််ကိုက် အာရုံများအောင် လုပ်နေတာ ဖြစ်ကြောင်း ပြန်လည်် စွပ်စွဲသွားခဲ့လိုက်ပါတယ် ။

” အဲ့တာက ကျွန်တော့် အပေါ်မှာ သက်ရောက်မှုတော့ မရှိခဲ့ပါဘူး ။ ဒါပေမဲ့ မှတ်ချက်ပေးမှု အချို့ကိုတော့ ခင်ဗျားတို့လည်း မြင်တွေ့ခဲ့မှာပါ ။ ကျွန်တော်တို့ တနင်္ဂနွေ​နေ့မှာ လီဗာပူးနဲ့ ကစားရဖို့ ရှိနေပါတယ် ။ ဂျေမီ (ကာရေဂါ) က ဒီလို အသေးစိတ် အချက်အလက်လေးတွေ ကြည့်ပြီး အချိန််ကိုက် လှုပ်ရှားနေတာပါ “

” ကျွန်တော့်မှာ တန်ဖိုးတစ်ခု ၊ စီမံ ခန့်ခွဲပုံတစ်ခု ရှိနှင့်ပြီးသားပါ ။ ကလပ်အသင်းဖက်က ကျွန်တော့်အပေါ် ယုံကြည််ပေးနေတဲ့ အချိန်အထိ ကျွန်တော့်ကို ကျွန်တော်လည်း ယုံကြည်ပါတယ် ။ ဂျေမီ ကာရေဂါရဲ့ ထင်မြင်ချက်က အဲ့တာကို ပြောင်းလဲသွားစေမှာမဟုတ်ပါဘူး ” လို့ ဆိုးလ်ရှားက ပြန်လည် တုန့်ပြန်ခဲ့တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည 1 နာရီခွဲ အချိန်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 3 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အီတလီ စီးရီးအေ အသင်းကောင်း တစ်သင်း ဖြစ်တဲ့ အတ္တလန္တာ အသင်းကို ဧည့်ခံ ကစားသွားရဖို့ ရှိနေပါတယ် ။

အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ တနင်္ဂနွေည 10 နာရီ အချိန် ၊ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 9 အဖြစ် ယာဂင် ကလော့ပ် ဦးဆောင်နေခဲ့တဲ့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကိုပါ ဆက်လက် ဧည့်ခံ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ တော့တင်ဟမ် ဟော့ စပါး ၊ အတ္တလန္တာ ၊ မန်စီးတီး အသင်းတွေကို ဆက်တိုက်် ရင်ဆိုင် ကစားသွားရမှာဖြစ်ပြီး အခုလိုမျိုး ပွဲကြပ်ကာလ က ဆိုးလ်ရှားရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ သတင်းတွေ ကြီးနေခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar