ဟတ်ထရစ် 8 ကြိမ်နဲ့ သွင်းဂိုး 30 အထိ အဆုံးရှုံးခံထားခဲ့တဲ့ စပါယ်ရှယ် ကစားသမား (သို့) လီယွန်နယ် မက်ဆီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်းဟာ မ​နေ့ညက ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ ဂျာမန် ထိပ်သီး RB လက်ပ်ဇစ် အသင်းကို ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဥ် 3 ဧည့်ခံ ကစားခဲ့ပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲစဥ်မှာတော့ PSG အသင်းရဲ့ အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးဖြစ်သူ နေမာ နဲ့ ကွင်းလယ်လူ ပါရီဒက်စ် တို့ဟာ ဒဏ်ရာကြောင့် အသင်းအတွက် ပွဲထွက် ကစားပေးနိုင်ခြင််း မရှိခဲ့ကြပါဘူး ။ တိုက်စစ်မှူး အီကာဒီ ကတော့ အိမ်တွင်းရေး ပြသနာကြောင့် ဒီပွဲ ကစားဖို့ လွဲချော်ခဲ့ရပါတယ် ။

အဲ့တာက လွဲရင် PSG အသင်းဟာ လူစုံနီးပါးနဲ့ ပွဲထွက်လာခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 9 မိနစ်မှာပဲ PSG ကြယ်ပွင့် ကိုင်လီယံ အမ်ဘက်ပီ က psg အတွက် အဖွင့်ဂိုး သွင််းယူ ပေးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲချိန် 28 မိနစ်မှာပဲ အန်ဒရေ ဆေးလ်ဗား က ခြေပဂိုး ပြန်လည် သွင်းယူခဲ့တဲ့ အတွက် ပထမပိုင်းဟာ 1-1 နဲ့ ပြီးဆုံးခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 57 မိနစ်မှာ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တဲ့ မန်စီးတီး အသင်းရဲ့ နောက််ခံလူဟောင်း အိန်ဂျလီနို ကပဲ အသင်းဖော် မူကီလီ အတွက်် ဦးဆောင်ဂိုးကို ဆက်လက်် ဖန်တီးပေးသွားနိုင်ခဲ့တဲ့အတွက် PSG တို့ နောက်က လိုက်ကစားခဲ့ရပါတယ် ။

ဒါပေမဲ့ 10 မိနစ် အကြာမှာပဲ အမ်ဘက်ပီ က မက်ဆီ,ဆီကို ဘောလုံး ပေးခဲ့ပြီး အာဂျင်တိုင်းသားက ဂိုးပေါက် ကန််လိုက်ရာ ဘောလုံးကဂိုးတိုင်ထိပြီး ဂိုးစည်းတစ်လျှောက် ပြေးသွားချိန် မက်ဆီက အလျင်မီ ပြေးလွှားပိတ်သွင်းနိုင်ခဲ့တဲ့အတွက်် သရေ ရလဒ် ထွက်ပေါ်သွားခဲ့ပါတယ် ။

 

အဲ့ဒီနောက် ပွဲချိန် 74 မိနစ်မှာ လက်ပ်ဇစ် နောက်ခံလူ ဆီမာကန်က အမ်ဘက်ပီကို ဂိုးဧရိယာထဲ ဆွဲလှဲခဲ့တဲ့အတွက် PSG တို့ ပင်နယ်တီ ရရှိသွားခဲ့ကြပါတယ် ။ ဒီပင်နယ်တီကို ဘယ်သူ ကန်သွင်းမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေခဲ့ချိန်မှာတော့ မက်ဆီက ကန်သွင်းခွင့် ရရှိသွားခဲ့ပြီး ဂိုးအဖြစ်် ပြောင်းလဲသွားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် PSG တို့ဟာ ပွဲစဥ်ကို ပြန်လည် ဦးဆောင်ခွင့် ရရှိသွားခဲ့ကြပြီး ပြိုင်ဖက်ကို ဆက်လက် ဖိအားပေးရင်း ကစားသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် နာကျင်ချိန်ပို မိနစ်မှာ ဝိုင်နယ်ဒမ်ဟာ တိုက်စစ်ကို လိုက်ပါခဲ့တဲ့ ဟာကီမီ ဆီ ဘောလုံး ပေးပို့ခဲ့ရာ လက်ပ်ဇစ် နောက်ခံလူ ဂျီဗာဒီယိုးလ် က ဂိုးဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်သွားခဲ့ပါတယ် ။

ဒါဟာ အငြင်းပွားဖွယ် ဖြစ်နေခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင်ဟာ VAR နဲ့ စစ်ဆေးခဲ့ပြီး မကြာမီမှာပဲ PSG အသင်းကို ဒုတိယမြောက် ပင်နယ်တီ ကန်သွင်းခွင့် ပေးဆောင် သွားခဲ့လိုက်ပါတယ် ။ ဒါ့ကြောင့် ဒီပင်နယ်တီကို မက်ဆီကပဲ ကန်သွင်းရင်း PSG ကစားသမား ဘဝရဲ့ ပထမဆုံး ဟတ်ထရစ် ရယူသွားလိမ့်မယ်လို့ ထင်မှတ်ခံခဲ့ရပါတယ် ။

 

ဒါပေမဲ့ လက်တွေ့မှာတော့ မက်ဆီဟာ ပင်နယ်တီ ကန်သွင်းခွင့်ကို မရယူခဲ့ပဲ ပွဲချိန်အတွင်း ခြေစွမ်းကောင်းတွေ ပြသနေခဲ့တဲ့ အသင်းဖော် အမ်ဘက်ပီ ကို နောက်တစ်ဂိုး သွင်းယူခွင့် ပေးဆောင်သွားခဲ့လိုက်ပါတယ် ။ ဒါပေမဲ့ အမ်ဘက်ပီရဲ့ ကန်ချက်က ဂိုးဘားကျော်ခဲ့တဲ့ အတွက် ပွဲစဥ်ဟာ 3 – 2 နဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ် ။

အခုတော့ ထွက်ပေါ်လာခဲ့တဲ့ အချက်အလက်တွေ အရ မက်ဆီဟာ သူ ကန်သွင်းရမဲ့ ပင်နယ်တီကို အသင်းဖော်တွေဆီ အခုမှ ပေးကန်ခဲ့တာ မဟုတ်ဖူးလို့ သိလိုက်ရပြီး မက်ဆီဟာ ဟတ်ထရစ် ဖြစ်စေမဲ့ သွင်းဂိုးမျိုးကိုတောင် အသင်းဖော်ကို ပေးကန်ခဲ့တာ မကြာခနပဲဆိုတာသိလိုက်ရပါတယ် ။

မက်ဆီဟာ ယခင်တုန်းကလည်း ဟတ်ထရစ်ရရှိနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့် 7 ကြိမ်အထိ ရရှိထားခဲ့ဖူးသူဖြစ်ပြီး ကိုယ်တိုင် မကန်ပဲ အသင်းဖော်တွေ ဂိုးရရှိစေနိုင်ဖို့ တစ််ကိုယ်ကောင်းမဆန်ပဲ ပေးကန်ခဲ့ဖူးပါသေးတယ် ။ အခုတော့ အမ်ဘက်ပီကို ပေးကန်ခဲ့ခြင်းကြောင့် 8 ကြိမ် ဖြစ်သွားခဲ့ရပါပြီ ။

ဒါ့အပြင် မက်ဆီဟာ ကစားသမားဘဝအတွင်း မိမိကန်သွင်းခွင့် ရရှိတဲ့ ပင်နယ်တီတွေကို ကိုယ်တိုင် မကန်ပဲ ဂိုးသွင်းဖို့ လိုအပ်နေတဲ့ အသင်းဖော်တွေကို ပေးကန်ခဲ့တာလည်း အကြိမ် 30 အထိ ရှိသွားခဲ့ပြီလို့ သိခဲ့ရပါတယ် ။ မက်ဆီ ပင်နယ်တီ ပေးကန်ခဲ့ဖူးတဲ့ ကလပ် အသင်းဖော်တွေကတော့ ….

နေမာ – 11 ကြိမ်
ဆွာရက်ဇ် – 9 ကြိမ်
အီတူး – 3 ကြိမ်
ဂရစ်ဇ်မန်း – 3 ကြိမ်
ကော်တင်ဟို – 2 ကြိမ်
အီဗရာဟီမိုဗစ် – 1 ကြိမ်
အမ်ဘက်ပီ – 1 ကြိမ် တို့ပဲ ဖြစ်ကြပါတယ် ။

မက်ဆီဟာ လက်ရှိ ဘောလုံး အားကစား လောကရဲ့ တစ်ကိုယ်ကောင်းမဆန်ဆုံး ကစားသမား ဖြစ်နေခဲ့ပြီလား…

#Sports_Myanmar