သူ့အပေါ် တုန့်ပြန်ခဲ့တဲ့ ဆိုးလ်ရှားကို အကြီးအကျယ် ဝေဖန်ထိုးနှက်လိုက်ပြီး သတိပေးစကားပါ ပြောကြားသွားတဲ့ #ကာရေဂါ

လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါက လက်ရှိ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား ဘယ်လောက် အထိ စွမ်းဆောင််နိုင်စွမ်း ရှိသလဲဆိုတဲ့အပေါ် မှတ်ချက်ပေးခဲ့လိုက်ပြီး ဘယ်တော့မှ မန်စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီး နည်းပြ တို့နဲ့ အဆင့်တူလာမှာ မဟုတ်ကြောင်း သုံးသပ်သွားခဲ့လိုက််ပါတယ် ။

ကာရေဂါဟာ ယူနိုက်တက်တို့ လက်စတာစီးတီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီးမှာ ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းကို နည်းပြနိုင်စွမ်းရှိသူ မဟုတ်ကြောင်း ၊ အသင်းကို ကိုင်တွယ် နည်းပြဖို့အတွက် လုံလောက်စွာကောင်းမွန်တဲ့သူ မဟုတ်ကြောင်း ၊ ယူနိုက်တက်တို့ နည်းပြသစ် လိုအပ််ကြောင်း ဝေဖန်ခဲ့ပါသေးတယ် ။

 

အဲ့ဒီနောက် အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင်မဲ့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ကာရေဂါဟာ ယူနိုက်တက် နဲ့ လီဗာပူးတို့ ထိပ်တိုက်် တွေ့ဆုံမဲ့ ပွဲစဥ်မတိုင်မီ သူ့အသင်းရဲ့ စည်းလုံးမှုကိုဖြိုခွဲဖို့ အချိန်ကိုက် လှုပ်ရှားနေတာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပါသေးတယ် ။

အခုတော့ telegraph ရဲ့ သတင်း သုံးသပ်ရေး အစီအစဥ်မှာ ပါဝင်ခဲ့တဲ့ ကာရေဂါက ဆိုးလ်ရှားဖက်မှ အခုလို ပြန်လည်် တုန့်ပြန်တာက မှန်ကန်ကြောင်း ၊ လုပ်သင့်ကြောင်း ပြောသွားခဲ့လိုက်ပေမဲ့ နော်ဝေသားဟာ ဘယ်တော့မှ ဂွာဒီယိုလာ ၊ ကလော့ပ် ၊ တူချယ်တို့လို နည်းပြမျိုး ဖြစ်လာမှာ မဟုတ်ကြောင်း ထပ်ဆင့်ဝေဖန်ခဲ့လိုက် ပါတယ် ။

” ဂျွန်တယ်ရီက ကျွန်တော့်ထက် ပိုရှည်ခဲ့ပြီး အမြင့်ဘောတွေ အမြဲတမ်း ပိုကောင်းခဲ့ပါတယ် ။ ရီယို ဖာဒီနန် ကလည််း ပိုမိုမြန်ဆန်သူ၊ ပိုမိုသန်မာသူ ဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော်လည်း ကျွန်တော့်မှာ ရှိတဲ့ အရည်အသွေးတွေနဲ့ ကြိုးစားပြခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တုန်း ကမှ သမာရိုးကျ နည်းလမ်းနဲ့ မယှဥ်ပြိုင်နိုင်ခဲ့ပါဘူး ”

” ဆိုးလ်ရှားကို ဂွာဒီယိုလာ ၊ ကလော့ပ် ၊ တူချယ်တို့နဲ့ ယှဥ်လိုက်ရင် ကျွန်တော် အဖြစ်မျိုးနဲ့ ပုံစံတူနေပါလိမ့်မယ် ။ သူဟာ ဘယ်တော့မှ ယှဥ်ပြိုင်ရမဲ့ ပြိုင်ဖက်နည်းပြ သုံးဦးလို တူညီတဲ့ အဆင့်မျိုး ရောက်နိုင်မှာ မဟုတ်တဲ့သူပါပဲ ။ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး ။ သူဟာ အဲ့ဒီ သုံးဦးနဲ့ တူညီတဲ့ လားရာကို ချဥ်းကပ်နိုင်မှာ မဟုတ်ပါဘူး ”

” လီဗာပူး အသင်းမှာ ကလော့ပ် အခု လုပ်ပြနေတာမျိုးတွေကို သူ ဘယ်တော့မှ မလုပ်ပြနိုင်ပါဘူး ။ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် နဲ့ မန်စီးတီး အသင်းတွေမှာ အောင်မြင်ခဲ့တဲ့ ပက် ဂွာဒီယိုလာလို သူဟာ ဆုဖလား နောက်ခံ သမိုင််းကြောင်းတွေလည်း ရှိမနေပါဘူး ။ ဂွာဒီယိုလာ ပြောတာတိုင်းကို ကစားသမားတွေက လိုက်နာကြတယ်လေ ”

” အဲ့တာတွေကို ပိုပြီး သိသာစေတာက တူချယ် ချဲလ်ဆီးဆီကို ရောက်လာခြင်းပါပဲ ။ လွန်ခဲ့တဲ့ 2 နှစ် ၊ 3 နှစ်လောက််က ချဲလ်ဆီးဟာ ယူနိုက်တက် နဲ့ တူညီတဲ့ အဆင့်အတန််း တစ်ခုမှာ ရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့တွေဟာ လီဗာပူး ၊ မန်စီးတီးတွေနဲ့ ယှဥ်နိုင်စွမ်းရှိမဲ့ နည်းပြမျိုးကို ခေါ်ယူပြီး အသင်းကို မြှင့်တင်ခဲ့ကြပါတယ် ” လို့ ပြောရင်း အတ္တလန္တာ နဲ့ ပွဲမှာ ပေါ့ဂ်ဘာကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်လို့ သတိပေးစကားပါ ဆက်လက် ပြောခဲ့လိုက်ပါတယ် ။

” (ပေါ့ဂ်ဘာကို ပွဲထွက် ကစားသမား အဖြစ်မှ ချန်လှပ်ခြင်း) ဒါက ကြီးမားလွန်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ ။ ယူနိုက်တက် အသင်း အနေနဲ့ ပေါ့ဂ်ဘာ မပါပဲ ရှေ့ဆက်နိုင်ဖို့ ကြိုတင် ပြင်ဆင်နေသင့် ပါပြီ ။ သူဟာ ရာသီအကုန်မှာ အချိန်မရွေးပဲ အသင်းကနေ ထွက်ခွာသွားနိုင်တဲ့သူ တစ်ဦးပဲ ဖြစ်နေပါပြီ ”

” လက်စတာ နဲ့ ပွဲစဥ် အပြီးမှာ ပြောင်းလဲဖို့ လိုအပ်ပြီလို့ ပြောဆိုခဲ့တဲ့နောက် ပေါ့ဂ်ဘာကို ပွဲထွက် ကစားသမား စာရင််းမှ ချန်လှပ်ခဲ့ခြင်းက ဆိုးလ်ရှားရဲ့ အကြီးမားဆုံးသော စီမံခန့်ခွဲမှု ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ရပါတယ် ” လို့ ကာရေဂါ က ဆက်လက် ပြောကြားရင်း ပေါ့ဂ်ဘာ မပါပဲ အသင််းကို ရှေ့ဆက်နိုင်အောင် လုပ်ဖို့ ပြောကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar