သူ့ရဲ့အနာဂတ် ၊ လူပြောများနေခဲ့တဲ့ သူနဲ့ ပေါ့ဂ်ဘာကြားက ပြသနာတွေအကြောင်း ဖွင့်ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စူပါဆန်းဒေးတုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ခါးသီးပြိုင်ဖက်် လီဗာပူး အသင်းကို 5 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားဟာ အသင်းမှ ထုတ်ခံရမယ့် ဖိအားတွေအောက် ချက်ချင်းဆိုသလို ကျရောက်သွားခဲ့ရပါတယ် ။

 

ဒါဟာ ယူနိုက်တက် အတွက် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 4 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခြင်း ဖြစ်သွားခဲ့ရတဲ့ အတွက်် ပရိသတ်တွေက နည်းပြအပေါ် သည်းမခံနိုင် ဖြစ်ခဲ့ကြပေမဲ့ ဆိုးလ်ရှားက အသင်းမှ တာဝန်ရှိသူတွေရဲ့ အားပေးထောက်ခံမှုကို ရရှိသွားခဲ့ပါတယ် ။ အခုတော့ စပါး နဲ့ ပွဲစဥ်မတိုင်မီ သတင်းထောက်က အဆင်ပြေရဲ့လားလို့ မေးလိုက်တဲ့ အချိန်မှာတော့…

” ကောင်းပါတယ် ၊ ဘာကြောင့်မို့ အဆင်မပြေရမှာလဲ ? ပြေလို့ပဲ ခင်ဗျားတို့နဲ့ စကားတွေ အများကြီး ပြောနေတာလေ ။ ဟုတ်ပါတယ် ၊ ဒါဟာ ခက်ခဲတဲ့ ရက်သတ္တပါတ် ဖြစ််ခဲ့ရပါတယ် ။ လီဗာပူး အသင်းနဲ့ ပွဲစဥ်မှ ရလဒ် နဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ ကိုင်တွယ် ဖြေရှင်းနေခဲ့ရတယ်လေ ”

” ဒါက လုံလောက်စွာ မကောင်းမွန်ခဲ့ဘူးလေ ။ ဘောလုံးသမားတွေဟာ ဒါကို ကိုင်တွယ် ဖြေရှင်းရလေ့ ရှိတတ်ကြပါတယ် ။ ဒါဟာ ဘောလုံးပြိုင်ပွဲပါ ၊ ကျွန်တော်တို့ နောက်တစ်ပွဲကို ရှေးရှုကြရပါ့မယ် ။ ကျွန်တော်တို့ နောက်တစ်ပွဲ ကစားဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို သေချာအောင် လုပ်ဖို့ ကြိုးစားရပါ့မယ် ”

” ပြီးတော့ နောက်တစ်ပွဲ ကစားရပြီဆိုတာနဲ့ ဘယ်လို စိန််ခေါ်မှုတွေ ၊ ပြသနာတွေ ရင်ဆိုင်ရမလဲဆိုတာ ကြိုသိနေဖို့ လိုအပ်လှပါတယ် ။ ကျွန်တော်တို့ ပြန်လည် တုန့်ပြန်နိုင်ဖို့ လိုအပ်ပါတယ် ။ နည်းပြ တစ်ဦးအနေနဲ့ ကစားသမားတွေရဲ့ စိတ်ထဲ မှန်ကန် ကောင်းမွန်တဲ့ စိတ်နေစိတ်ထားတွေကို ထည့်သွင်းပေးရမှာလည်း ကျွန်တော့် အလုပ်ပါပဲ ”

” ပြန်လည် တုန့်ပြန်မှု ၊ ရလဒ် ၊ စွမ်းဆောင်ရည်အတွက် ကျွန်တော် တာဝန်ရှိပါတယ် ။ ကျွန်တော်တို့ဟာ ကွင်းထဲမှာ အလုပ်တွေ လုပ်ခဲ့ရသလို ကစားသမား တစ်ဦး ပိုမို ကောင်းမွန်စေနိုင်ဖို့ လိုအပ်တဲ့ အရာတွေကိုလည်း ဖြည့်စွက်ပေးနိုင်ဖို့ ကြိုးစားခဲ့ရပါတယ် ။ သူတို့ စိတ်ကို တည့်မတ်ပေးရုံနဲ့ အဆင်မပြေနိုင်ပါဘူး ”

” ပွဲစဥ်ကို ချဥ်းကပ်မှု ၊ နည်းဗျူဟာ ၊ game plan ၊ နည််းစနစ်၊ နည်းပညာ အရာရာတိုင်းကို အသေးစိတ် အာရုံစိုက်ရပါတယ် ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ နားရက်တွေကို ပိုင််ဆိုင်ခဲ့ရပါတယ် ။ အခုတော့ ကစားသမားတွေ အမြဲတမ််းလိုပဲ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ဖို့ အသင့်ရှိနေကြပြီလို့ ကျွန်တော် ခံစားနေရပါတယ် ”

” ဟုတ်ပါတယ် ၊ လီဗာပူးနဲ့ ပွဲစဥ်မှာ ကြိုတင်စီစဥ်ထားခဲ့သလို ဘာမှ ဖြစ်မလာခဲ့ပါဘူး ။ ကျွန်တော်တို့ရဲ့ စွမ်းရည်ဟာ အကောင်းဆုံးနဲ့ နီးစပ်တဲ့ နေရာမှာတောင် ရှိမနေခဲ့ရပါဘူး ။ ကျွန်တော် အမြဲတမ်းလိုပဲ ဆက်လက် အာရုံစိုက်နေပါတယ် ။ ကျွန်တော့်အနောက်မှာ လိုက်ပါနေတဲ့ ကစား သမားတွေ ရှိနှင့်ပြီးသားပါ ” လို့ ပြောဆိုရင်း ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ ဝေဖန်ခံနေရမှု အပေါ် …

” ဥပမာ အနေနဲ့ ပြောရရင် ပေါလ် (ပေါ့ဂ်ဘာ) ဟာ ကျွန်တော့်ဆီကို ဒေါသတကြီး ရောက်လာခဲ့ပါတယ် ။ ဒီအတွက်် ကျွန်တော်တို့တွေ ဝေဖန်ခံရလိမ့်မယ်ဆိုတာ ကြိုသိခဲ့ပါသေးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းဆောင်ရည်က မကောင်းမွန်ခဲ့ဘူးလေ ။ ဒီအတွက် ခင်ဗျားတို့ အသံတွေ စုံလင်အောင် ကြားရမှာပါပဲ ”

” လူတွေ အလိမ်အညာ ပြောဆိုကြတာကို ကျွန်တော်တို့ လက်ခံသွားကြမှာ မဟုတ်ပါဘူး ။ ပေါလ် က သူ ဆိုရှယ် မီဒီယာအထက်မှာ ဘာတွေတင်ခဲ့လဲဆိုတာ ကျွန်တော့်ကို ပြောပြခဲ့ပါတယ် ။ ကျွန်တော်တို့တွေဟာ အစုအဖွဲ့ တစ်ခု အနေနဲ့ ဒီနေရာမှာ အတူတကွ ရပ်တည်နေခဲ့ကြပါတယ် ။ အလိမ်အညာတွေ ပြောသံကြားရရင် သူတို့ အတူရှိနေပြီး ပြန်ပြောသင့်တာ ပြောရမှာပါပဲ ”

” လူတွေ ထင်မြင်ချက်ပေးတာ ၊ report တင်ကြတာတွေက အဆင်ပြေပါတယ် ။ ဒါပေမဲ့ အလိမ်အညာတွေတော့ မတင်ကြပါနဲ့ ။ ကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ ကစားနေခဲ့ကြတာပါ ။ ကျွန်တော်တို့ အကြားမှာ တစ်ဦးအပေါ် တစ်ဦး လေးစားသမှု အမြဲတမ်း ရှိနေပါတယ် ” လို့ ဆိုးလ်ရှား က ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar