လီဗာပူးကို ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ခံမှုတစ်ခု ပြုလုပ်လိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ပွဲစဥ် 9အဖြစ်် ခါးသီးပြိုင်ဖက် လီဗာပူး အသင်းနဲ့ အင်္ဂလန် ဒါဘီပွဲစဥ် ကစားခဲ့ရပြီး 5 – 0 ဆိုတဲ့ ရလဒ်ဆိုးနဲ့ စိတ်ပျက်ဖွယ် ဂိုးပြတ််ရှုံးနိမ့်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပထမပိုင်းမှာပဲ ကီတာ ၊ ဂျိုတာ ၊ ဆာလား ( 2 ဂိုး ) တို့ရဲ့ သွင်းဂိုးတွေကြောင့် 4 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပိုင်းမှာ ဆာလာ နောက်တစ်ဂိုး သွင်းယူ ၊ ဟတ်ထရစ် ရယူခဲ့တဲ့ အတွက် 5 ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် လီဗာပူး တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် 2 နေရာကို ပြန်လည် တက်လှမ််း သွားခဲ့ပေမဲ့ အရှုံး ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 7 နေရာထိ ဆင်းပေးခဲ့လိုက်ရ ပါတယ် ။

ဒါဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှောက် ခြေပျက်လက်ပျက် ရှုံးနိမ့်ခဲ့တာ ဖြစ်ခဲ့တဲ့ အတွက် တကယ့်ကို ရှက်စရာ ဖြစ်ခဲ့ရပြီး ပထမပိုင်း အပြီးမှာတင် ပရိသတ် အများစု ကွင်းထဲမှ ထွက်ခွာသွားခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုက လီဗာပူး အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်သွားခဲ့ရတဲ့ ပွဲမျိုးမှာ ပရိသတ်တွေဟာ အခုထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ထိုက်တန်သူတွေ ဖြစ်ခဲ့ကြကြောင်း လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ အင်စတာဂရမ် မှတစ်ဆင့် ပြောခဲ့လိုက်ပါတယ် ။

” တခါတလေကျရင်တော့ ကျွန်တော်တို့ တိုက်ပွဲဝင်နေကျသလို ရလဒ်မျိုး ထွက်ပေါ်လာလေ့ မရှိတတ်ပါဘူး ။ တခါတလေကျတော့ ဂိုးရလဒ် ဆိုတာကြီးကလည်း ကျွန််တော်တို့ မလိုချင်တဲ့ ရလဒ်မျိုး ဖြစ်နေတတ်ပါတယ် ”

” အဲ့တာက ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေပါတယ် ။ ကျွန်တော်တို့ ပေါ်မှာချည်းပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ အခြား အပြစ်တင်ရမဲ့သူ မရှိဘူးလေ ။ ကျွန်တော်တို့တွေရဲ့ ပရိသတ်တွေကတော့ နောက်တစ်ကြိမ် အားပေးမှု အံ့ဖွယ်် ဖြစ်ခဲ့ရပါတယ် ”

” သူတို့ဟာ ဒီထက် ပိုကောင်းတဲ့ ၊ အများကြီး ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့ကြပါတယ် ။ အဲ့တာကို ရယူပေးဖို့က ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေတာပါ ။ အခုအချိန််ပဲ ကျွန်တော်တို့ ဒါကို လုပ်ပြနိုင်ရပါ့မယ် ” လို့ ရော်နယ်ဒို က အင်စတာဂရမ် ပေါ်မှာ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ရော်နယ်ဒိုဟာ တစ်ဂိုး သွင်းယူနိုင်ခဲ့သေးပေမဲ့ လူကျွံနေခဲ့တဲ့အတွက် ပယ်ဖျက်ခံခဲ့ရပါသေးတယ် ။ ဒါ့အပြင် ပထမပိုင်းအပြီး လီဗာပူး ကွင်းလယ်လူ ကာတစ်ဂျုံးစ်ကို ဖြတ်ကန်သလို ဖြစ်သွားခဲ့ရခြင်းကလည်း ပရိသတ််တွေကြား ဝေဖန်စရာ ဖြစ်သွားခဲ့ရပါသေးတယ် ။

ပရိသတ် အများစုကတော့ ရော်နယ်ဒိုဟာ ဒီလို အဖြစ််အပျက်မျိုး အတွက်် တိုက်ရိုက် အနီကဒ် ပြသခံခဲ့သင့်တယ််လို့ ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ရော်နယ်ဒိုဟာ အဝါကဒ်ပြ သတိပေးခြင်းသာ ခံခဲ့ရပြီး ကံကောင်းသွားခဲ့ရပါတယ် ။

#Sports_Myanmar