လက်စတာနဲ့ ရှုံးပွဲအပြီး ယူနိုက်တက်မှာ အမြဲတမ်း ရှိနေခဲ့တဲ့ ပြသနာကို ထောက်ပြပြောဆိုလိုက်တဲ့ ဟားဂရေ့ဗ် နဲ့ ဟွမ် ဘားနက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညကတော့ ကင်းပါဝါကွင်းထဲမှာ လက်စတာစီးတီး အသင်းကို ရင်ဆိုင််ကစားခဲ့ရပြီး အဝေးကွင်းမှာ 4-2 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ကာ အဝေးကွင်းရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင််းကို 29 ဆိုတဲ့ ဂဏန်းမှာပဲ ရပ်တန့်ခဲ့လိုက်ရပါတယ် ။

ဒီပွဲမှာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို မေဆွန် ဂရင်းဝုဒ်က ပွဲချိန် 19 မိနစ်မှာ သွင်းယူခဲ့ပေမဲ့ တိုင်လီမန်းစ် က ​ခြေပပြီး ဆိုယွန်ကူက ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်အတွက် ဒီရာသီရဲ့ ပထမဆုံး ပွဲစဥ်ကို လူစားဝင် ကစားခဲ့တဲ့ ရပ်ရှ်ဖို့က ပြန်လည် ​ချေပနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ စက္ကန့်ပိုင်း အနည်းငယ်အကြာမှာပဲ သွင်းယူခဲ့တဲ့ ဗာဒီရဲ့ ဦးဆောင်ဂိုး ၊ ဒါကရဲ့ နာကျင်ချိန်ပို မိနစ် သွင်းဂိုးတွေက ယူနိုက်တက် တို့ကို စိတ်ပျက်ဖွယ် ရှုံးပွဲ ကြုံတွေ့စေခဲ့တာပဲ ဖြစ်ပါတယ် ။ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက်် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်ခဲ့သူတွေ အရမ်းကို များခဲ့ကြပါတယ် ။

 

အဲ့ဒီထဲမှာတော့ သတင်းသုံးသပ်သူတစ်ဦးဖြစ်ခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း အိုဝင် ဟားဂရေ့ဗ် လည်း တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ် ။ ဟားဂရေ့ဗ် ဟာ ဒီပွဲစဥ်မှာ အင်္ဂလန် အသင်းဖော်ဟောင်း ဟွမ်ဘားနက်စ် နဲ့ အတူ သတင်းသုံးသပ်သူ အဖြစ် ရှိနေခဲ့ပါတယ် ။

ဟွမ် ဘားနက်စ် ကတော့ ပွဲကို ထိန်းချုပ်နိုင်ဖို့ အတွက် ဘောလုံး ပိုင်ဆိုင်မှု ရှိတဲ့ အချိန်မှာရော မရှိတဲ့ အချိန်မှာပါ ကြိုးစားဖို့ လိုအပ်ကြောင်း ၊ ယူနိုက်တက် အသင်းဟာ ဘောလုံး ဆုံးရှုံးသွားတဲ့ အချိန်တွေမှာ ပြိုင်ဖက်တွေကို အလွယ်တကူ ဂိုးပေးရလေ့ ရှိကြောင်း ထောက်ပြ သွားခဲ့လိုက် ပါတယ် ။

 

” ဘောလုံး ပိုင်ဆိုင်မှု ရှိမှတင် မဟုတ်ပါဘူး ၊ ဘောလုံး မရှိတဲ့ အချိန် ဘောလုံးကို အမြန်ဆုံး ပြန်လည် ဆယ်ယူနိုင်မှ ပွဲစဥ်ကို ထိန်းချုပ်နိုင်မှာပါ ။ အကယ်လို့ ခင်ဗျားတို့ဟာ ဘောလုံးကို အမြန်ဆုံး မဆယ်ယူနိုင်ခဲ့ဘူးဆိုရင် အသင််းသားတွေ အားလုံးဟာ အမြန်ဆုံး အလုပ် ကြိုးစားရမှာပါပဲ “

” မန်ချက်စတာ ယူနိုက်တက်အသင်းက ဘောလုံးဆုံးရှုံးတဲ့ အခါတိုင်း ပြိုင်ဖက်ကို အလွယ်လေးအခွင့်အရေးပေးရလေ့ ရှိတတ်ခဲ့ပါတယ်။ သူတို့ ဒီလိုကစားနေသေးသရွေ့ အခုလို ရလဒ်တွေ ထွက်ပေါ်ဦးမှာပါပဲ ။ သူတို့ အခုပဲ ထိပ််ဆုံးက အသင်းနဲ့ အမှတ်တွေ ကွာဟနေပြီလေ ” လို့ ဟွမ် ဘားနက်စ် က ပြောကြားခဲ့လိုက် ဟားဂရေ့ဗ် က …

” သူတို့ တစ်ရာသီလုံး ဒီလိုကစားနေခဲ့တာပါ ။ သူတို့တွေ တကယ့်ကို ကောင်းမွန်တဲ့အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ကြတာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါတယ် ။ တစ်ဦးကောင်း ပုံစံက သူတို့က မကြာခန ကယ်တင်ပေးခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့တွေဟာ ပွဲစဥ်ကိုတော့ ဘယ်တုန်းကမှ မထိန်းချုပ် နိုင်ခဲ့ကြပါဘူး “

” သူတို့ ကစားခဲ့တဲ့ ပွဲတိုင်း… ပြိုင်ဖက်က အက်စတွန် ဗီလာ ၊ ဗီလာ ရီးယဲ ၊ အဲဗာတန်ပဲ ဖြစ်နေပါစေ… ပွဲစဥ်တိုင်းမှာ သူတို့တွေဟာ ကောင်တာတိုက်စစ် ဒဏ်ကို ခံစားခဲ့ကြရပါတယ် ။ ဒီနေ့ပွဲမှာလည်း ကောင်တာတိုက်စစ်ကစားပုံ ​ကောင်းမွန်တဲ့ ကစားသမားတွေက သူတို့တွေကိုဒဏ်ခတ်သွားခဲ့ကြပါတယ် “

” သူတို့ရဲ့ ခံစစ်က အရမ်းကို ပွင့်ထွက်နေခဲ့ ပါတယ် ။ ဟွမ် (ဘားနက်စ်) ထောက်ပြတဲ့ အချက်က တကယ် ကောင်းပါတယ် ။ တိုက်စစ် လေးဦးက ခံစစ်ကို ​ပြန်လိုက်နိုင်စွမ်း နည်းပါးနေခဲ့ကြသလို အသင်းက နေရာလွတ်တွေလည်း အများကြီးပေးခဲ့ရပါတယ် ။ အဲ့တော့ ခုလို ရလဒ် ထွက်လာခဲ့တာပေါ့ဗျာ ” လို့ ဟားဂရေ့ဗ် က ဝေဖန် သုံးသပ်ခဲ့လိုက် ပါတယ် ။

#Sports_Myanmar