ရော်နယ်ဒို ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမား ထိပ်ဆုံး ၅ ဦးစာရင်းထဲတောင် မဝင်ဘူးလို့ ပြောလိုက်တဲ့ ကာဆာနို

အီတလီ ဂန္တဝင် တိုက်စစ်မှူး အန်တိုနီယို ကာဆာနို က မန်ယူနိုက်တက် တိုက်စစ် ကစားသမား ခရစ်တီယာနို ရော်နယ်ဒို ဟာ သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမား ထိပ်ဆုံး ၅ ဦးစာရင်းထဲတောင် မဝင်တဲ့သူ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဘောလွန်းဒီအော် ဆုကို ၅ ကြိမ် အထိ ရယူ ထားတဲ့ ရော်နယ်ဒို ဟာ ဒီနှစ်အတွက် ဆန်ခါတင် အယောက် ၃၀ စာရင်းမှာလည်း ထပ်မံ ပါဝင် နေပါတယ် ။ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ် အသင်းကနေ အသင်းဟောင်း မန်ယူနိုက်တက် အသင်းကို ပြန်လည် ပြောင်းရွှေ့ ခဲ့သူ ဖြစ်ပါတယ် ။

ကစားသမားဘဝ ကနေ အနားယူသွားခဲ့ပြီ ဖြစ်တဲ့ ကာဆာနို က ရော်နယ်ဒို ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမား ဖြစ်တယ်လို့ ချီးကျူးခဲ့တဲ့ အေဂျင့် မန်ဒက်စ် ရဲ့ ပြောစကားကို သဘောမတူကြောင်း ပြောကြားလိုက်ပီး ပေါ်တူဂီသားဟာ ထိပ်ဆုံး ၅ ဦးစာရင်းထဲတောင် မဝင်ဘူးလို့ ဆိုလိုက်ပါတယ် ။

ကာဆာနို က Christian Vieri’s Twitch channel Bobo TV မှာ ” မန်ဒက်စ် ဆီက ဒီလို ချီးကျူးစကားတွေ ကြားရတာ လုံလောက်နေပါပြီ ၊ ခရစ်တီယာနို ရော်နယ်ဒို က သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမားလား ? ၊ သူက ထိပ်ဆုံး ငါးဦးစာရင်းထဲတောင် မဝင်ပါဘူး ။ ”

” မက်ဆီ ၊ ပီလီ ၊ မာရာဒိုနာ ၊ ခရိုက်ဖ် ၊ ရော်နယ်ဒို(နာဇာရီယို) က တခြား အဆင့်တစ်ဆင့်မှာ ရှိနေကြတဲ့ ကစားသမားတွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဒီနှစ် ဘောလွန်းဒီအော် ရဖို့ စီရော်နယ်ဒို ထက် ပိုရေပန်းစားနေသူအဖြစ် မက်ဆီ ၊ ဂျော်ဂျင်ဟို ၊ကန်တေ ၊ လီဝန်ဒေါစကီး နဲ့ ဒီဘရိုင်းတို့ ရှိနေကြပေမယ့် မန်ဒက်စ် က ဒီနှစ်ဆုဟာ ရော်နယ်ဒို နဲ့ အထိုက်တန်ဆုံး ဖြစ်တယ်လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ် ။

” ရော်နယ်ဒို ရဲ့ ကျော်ကြားမှု ပုံရိပ် ၊ သွင်းဂိုး အချက်အလက်တွေက နောက်ထပ် ဘော်လွန်းဒီအော်ဆု ရဖို့ လုံလောက် နေပြီလို့ ကျွန်တော်ကတော့ မြင်ပါတယ် ။ ”

” နောက်ပြီး ရော်နယ်ဒို က ပေါ်တူဂီ လက်ရွေးစင် အသင်းကြီး အတွက် သွင်းဂိုး ၁၁၅ ဂိုးမြောက်ကို သွင်းပြီး သမိုင်း တစ်လျှောက် နိုင်ငံ သွင်းဂိုးအများဆုံး အမျိုးသား ကစားသမား ဖြစ်လာခဲ့ပါတယ် ။၁၅ နှစ်ကြာ တင်ရှိနေတဲ့ စံချိန်ကို ချိုးဖျက်ပြီး သမိုင်းဝင် စံချိန်သစ်ကို စိုက်ထူ နိုင်ခဲ့တာပါ ။ ”

” ဒီလို ကြီးကျယ်တဲ့ အောင်​မြင်မှုတွေ ၊ ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေက ဒီဆုကို ရွေးချယ် ပေးအပ်ရာမှာ အဓိက ကျသင့်ပါတယ် ။ သူသာ ဒီလိုတွေ ဆက်လုပ်နေနိုင်မယ်ဆိုရင် သံသယဖြစ်ဖွယ်ရာမရှိ သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမားပါပဲ ။ ” လို့ ပြောကြား ခဲ့တာပါ ။

ဂျူဗင်တပ်စ် နဲ့ အီတလီ တိုက်စစ်မှူးဟောင်း ကာဆာနို ဟာ အရင်တုန်းကလည်း ရော်နယ်ဒိုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပြီး ပေါ်တူဂီသားဟာ သူ သွင်းဂိုး ရဖို့ နဲ့ စံချိန်တင်နိုင်ဖို့ကိုပဲ အာရုံစိုက်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားလို့ ပြောခဲ့ဖူးပါတယ် ။

SM