ရော်နယ်ဒို ဂျူဗင်တပ် ကနေ ထွက်ခွာခဲ့တာ ဘာကြောင့်လဲ ၊ ဘယ်သူ့ကြောင့်လဲဆိုတာ ပြောပြလိုက်တဲ့ အီဗရာ

ယူနိုက်တက် နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ပတ်ထရစ် အီဗရာက အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ဂျူဗင်တပ် အသင်းမှ ထွက်ခွာလာခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ချစ်ခင်မှု ၊ လေးစားမှု တွေကို မရတော့လို့ ဖြစ်တယ်လို့ သုံးသပ်သွားခဲ့လိုက် ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ နောက်ဆုံးရက်စွဲတုန်းက မန်ချက်စတာ ယူနိုက်တက် အသင််းမှ ထွက်ခွာလာခဲ့သူဖြစ်ပြီး 2003 ခုနှစ်နဲ့ 2009 ခုနှစ် အတွင်း သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ အသင်းနဲ့ ပြန်လည် ပူးပေါင််းခွင့် ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ 2018 ခုနှစ်တုန်းက ရီးယဲ မက်ဒရစ် အသင််းမှ ထွက်ခွာခဲ့ပြီး ဂျူဗင်တပ် အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပေမဲ့ စီးရီးအေ ဖလား 2 ကြိမ်ဆက် ရယူပြီး ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူး နိုင်ခဲ့တဲ့နောက် အသင်းပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

 

ဒါပေမဲ့ အသင်းမပြောင်းမီ နောက်ဆုံးနှစ်မှာတော့ ပီယာလို ဦးဆောင်နေခဲ့တဲ့ ဂျူဗင်တပ် အသင်းဟာ အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်စွမ်း မရှိတော့ပဲ အဆင့် 4 နေရာနဲ့သာ ရာသီ ပိတ်သိမ်းခဲ့ရ ပါတယ် ။ ဒီအတွက် ဝေဖန်ခံခဲ့ရသူက ရော်နယ်ဒိုပဲ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းမှ ထွက်ခွာခဲ့တဲ့နောက် ဂျူဗင်တပ် အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ပတ်ထရစ် အီဗရာက ရော်နယ်ဒိုဟာ တူရင်မြေမှာ မျှတမှု မရှိတဲ့ ဆက်ဆံရေးကိုသာ ရရှိခဲ့တဲ့အတွက် အသင်းပြောင်းရွှေ့လိုခဲ့တာ ဖြစ်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ဘာဖြစ်လို့လဲဆိုတော့ သူ (ရော်နယ်ဒို) ဟာ ချစ်ခင်မှုနဲ့ လေးစားမှုတွေ လိုအပ်နေခဲ့လို့ ပါပဲ ။ တူရင်မြေမှာ သူဟာ အဲ့တာကို သိမြင်နားလည်ခဲ့ ပါတယ် ။ သူဟာ ဂျူဗင်တပ် အသင်းမှာတော့ အသင်းနဲ့ ပရိသတ်တွေရဲ့ ကြားထဲက မြေစာပင်သာ ဖြစ်သွားခဲ့ရပါတယ် ”

” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အတော်များများက စီးရီးအေမှာ အောင်မြင်မှု ရရှိနိုင်ဖို့ ခက်ခဲခဲ့တယ် ဆိုတာကို မေ့နေခဲ့ကြပြီထင်ပါတယ် ။ အန်ဒရိ အက်ဂ်နယ်လီ (ဂျူဗင်တပ် ဥက္ကဌ) ရဲ့ အဓိက ပစ်မှတ်က နှစ်စဥ် စကူဒတ်တို ဖလားကိုသာ ဆွတ်ခူးနိုင်ရေးပါ ၊ ချန်ပီယံလိဂ်ဖလား မဟုတ်ခဲ့ရပါဘူး ”

” ရော်နယ်ဒို အသင်းက ထွက်ခွာရေးမှာ နည်းပြ အယ်လီဂရီ ရဲ့ ပြောစကားကလည်း အရေးပါခဲ့ပါတယ် ။ သူဟာ ရော်နယ်ဒို ပွဲတိုင်း ပါရမှာ မဟုတ်ဘူးလို့ လူသိရှင်ကြားပဲ ပြောခဲ့တယ်လေ ။ ဒါကို လူသိရှင်ကြား ပြောနေစရာကို မလိုပါဘူး ။ သီးသန့် စကားဝိုင်းထဲပဲ ပြောရမှာပါ ”

” ဒီလို အရာမျိုးတွေက ခရစ္စတီယာနို ရော်နယ်ဒို အပေါ် သက်ရောက်မှုတွေကို ဖြစ်ပေါ်သွားစေခဲ့ပါတယ် ” လို့ အီဗရာ က သူ့ရဲ့ ရော်နယ်ဒို ၊ ဂျူဗင်တပ် အသင်းနဲ့ ပတ်သက််လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar