‘ရော်နယ်ဒိုလား ၊ ဆာလာလား’ ဘယ်သူပိုကောင်းလဲ ဆိုတဲ့ စကားနိုင်လုပွဲထဲ ပါဝင်လာကြပြီး မှတ်ချက် ကိုယ်စီ ပေးလိုက်ကြတဲ့ ဆိုးလ်ရှား နဲ့ ကလော့ပ်

ဒီတစ်ပါတ် တနင်္ဂနွေည မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း နှစ်သင်းဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ဟာ အိုးလ် ထရပ််ဖို့ဒ် ကွင်းထဲမှာ အင်္ဂလန် ဒါဘီ ပွဲစဥ်ကို ကစားသွားကြရဖို့ ရှိနေပါတယ် ။

ဒီနှစ်သင်းဟာ ဘယ်လိုတွေပဲ ရလဒ် ကျဆင်းနေပါစေ ၊ ထိပ်တိုက် တွေ့ဆုံခဲ့ကြတဲ့ ပွဲစဥ်တွေမှာ အမြဲတမ်း ရေကုန်ရေခမ်း ကစားခဲ့ကြတဲ့ အသင်းတွေ ဖြစ်ကြတဲ့ အတွက် ဒီတစ်ကြိမ် ဘယ်လို ရလဒ် ထွက်ပေါ်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရပါတယ် ။

အထူးသဖြင့် ဒီနှစ် မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ခရစ္စတီယာနို ရော်နယ်ဒို ပြန်ရောက်လာခဲ့တဲ့နောက် သူနဲ့ လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဖြစ််သူ မိုဟာမက် ဆာလာတို့ အကြား ဘယ်သူ ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းထုတ်သံတွေ ကျယ်လောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီရာသီ ရော်နယ်ဒို ၊ ဆာလာ ၊ လူကာကူတို့ အနက်် ဘယ်သူ ဂိုးပိုသွင်းနိုင်မလဲဆိုတာလည်း လူပြောများတဲ့ ခေါင်းစဥ် ဖြစ်ခဲ့ရပါသေးတယ် ။ အခုအချိန်ထိတော့ ဆာလာဟာ လီဗာပူးရဲ့ ပွဲစဥ် 8 ပွဲလုံး ကစားအပြီး 8 ဂိုးသွင််းယူ ၊ 3 ကြိမ် ဖန်တီးပေးထားခဲ့ပါတယ် ။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက်အတွက် 4 ကြိမ် ပွဲထွက် ကစားပေးထားခဲ့တဲ့ ရော်နယ်ဒိုက 3ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ ဆာလာက ရော်နယ်ဒိုထက် သိသိသာသာပဲ သာနေခဲ့တာ ထင်ရှားခဲ့ရပါတယ် ။

ဒါ့အပြင် ကြားရက်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း သူတို့ နှစ်ဦးဟာ အသင်းကို 3 – 2 နဲ့ နိုင်စေမဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပွဲစဥ်အကြို သတင်းစာ ရှင်းလင််းပွဲမှာ သူဟာ အမြဲတမ်း ရော်နယ်ဒို ဖက်က ရှိနေမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဘယ်ပြိုင်ပွဲမှာမဆို ကျွန်တော်ဟာ ရော်နယ်ဒို ဖက်မှာပဲ ရှိနေမှာပါ ။ သူဟာ တုနှိုင်းမရသူ တစ်ဦးပါ ။ ဟုတ်ပါတယ်် ၊ လက်ရှိ အချိန်မှာ ဆာလာဟာ on fire ဖြစ်နေပါတယ် ။ ဒါ့ကြောင့် သူ့ကို ရင်ဆိုင် ကစားကြရတဲ့ အချိန်တွေမှာ ကျွန်တော်တို့ အကောင်းဆုံး ခုခံနိုင်ဖို့ လိုအပ်တယ်ဆိုတာလည်း သိပါတယ် “

” ဆာလာ တစ်ဦးထဲမဟုတ်ပါဘူး၊ ကျွန်တော်တို့တွေဟာ ဘောလုံး ရသကို ခံစားရင်းနဲ့ ပြိုင်ဖက် ကစားသမားတွေကို ရင်ဆိုင်ရပါ့မယ် ။ ကျွန်တော်ဟာ လီဗာပူး တိုက်စစ် 3 ဦးရဲ့ big fan တစ်ဦးပါ ။ ကျွန်တော်တို့ Clean Sheet 1 ခု ရနိုင်ဖို့ 95 မိနစ်လုံး သူတို့တွေအပေါ် အာရုံစိုက်ကြရပါလိမ့်မယ် ” လို့ ဆိုးလ်ရှား က မှတ်ချက်ပေးလိုက်ပါတယ် ။

လီဗာပူး နည်းပြ ယာဂင် ကလော့ပ် ကတော့ သူတို့ နှစ်ဦးလုံးဟာ ပါရမီ ကောင်းလွန်းသူ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ကြကြောင်း ၊ သူတို့ နှစ်ဦးမှာ တူညီနေတာ တစ်ခုက ဂိုးတွေ သွင်းယူဖို့ အမြဲတမ်း ဆာလောင်နေခြင်း ဖြစ််ကြောင်း မှတ်ချက်ပေးစကား ပြောခဲ့လိုက်ပါတယ် ။

” ဘယ်သူ ပိုကောင်းလဲဆိုတာမျိုး ကျွန်တော် ဘယ်တုန်း ကမှ မတွေးခဲ့ဖူးပါဘူး ။ ကျွန်တော်တို့တွေ ခရစ္စတီယာနို နဲ့ ဆာလာ တို့ကို ဘာကြောင့် နှိုင်းယှဥ်နေရမှာလဲ ? သူတို့ နှစ်ဦးလုံး ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာ သိသာထင်ရှားလှ ပါတယ် ။ ကျွန်တော့်အတွက်တော့ အဲ့လောက်ပါပဲ “

” ရော်နယ်ဒိုရဲ့ ဘယ်ခြေက မဆိုးလှဘူးလို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်၊ ဒါပေမဲ့ မိုဆာလာရဲ့ ဘယ်ခြေကတော့ အနည်းငယ် ပိုကောင်းတယ်လို့ ပြောချင်ပါတယ် ။ အမြင့်ဘောတွေမှာတော့ ခရစ္စတီယာနို က အနည်းငယ် ပိုသာသူ ဖြစ်ပြီး ညာခြေကလည်း ပိုသာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် “

” ဒါပေမဲ့ လျင်မြန်မှုအပိုင်းမှာတော့ သူတို့ 2 ယောက်လုံးဟာ အရမ်းမြန်ကြပါတယ် ။ ပြီးတော့ သူတို့နှစ်ဦးလုံးဟာ ဂိုးတွေ သွင်းယူနိုင်ဖို့ အမြဲတမ်း စိတ်အားထက်သန်နေသူတွေချည်းပါပဲ ။ ကျွန်တော့် အတွေးကတော့ ဒီလောက်ပါပဲ ” လို့ ယာဂင် ကလော့ပ် က မှတ်ချက် ပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar