ရော်နယ်ဒိုက ယူနိုက်တက်ကို ပိုဆိုးရွားစေတယ်လို့ ဝေဖန်ခဲ့သူတွေကို ပြန်လည်ထိုးနှက်လိုက်တဲ့ ဒွိုက်ယော့ခ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ ဒွိုက်ယော့ခ်က အသင်းဆီ ခရစ္စတီယာနို ရော်နယ်ဒို ကို ပြန်လည် ခေါ်ယူလိုက်ခြင်းက ယူနိုက်တက်တို့ကို ပိုပြီး ဆိုးရွားသွားစေခဲ့တယ်လို့ ဝေဖန်နေကြသူ အချို့ကို ပြန်လည် တုန့်ပြန် သွားခဲ့လိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့တဲ့နောက် ကစားပေးခဲ့တဲ့ ပထမဆုံး ပွဲစဥ် 2 ပွဲမှာပဲ ကိုယ်တိုင် 3 ဂိုး အထိ သွင်းယူခဲ့ပြီး ပရိသတ်တွေ မျှော်လင့်နေခဲ့ကြသလိုမျိုး အစကောင်းသွားခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်တို့ဟာ အခုတော့ အမှတ်ပေးဖလား ပြိုင်ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ 3 ပွဲဆက် ရှိနေခဲ့ပါပြီ ။ ဒီအတွက် ဝေဖန်မှု အချို့ကို ရော်နယ်ဒို က လက်ခံ ရရှိနေခဲ့ပါတယ် ။ အချို့ကတော့ ရော်နယ်ဒိုဟာ တိုက်စစ်ပိုင််းမှာ လုံလောက်စွာ ဖိအားပေးနိုင်ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်လာခဲ့တဲ့နောက် ဘောလုံးမပိုင်ဆိုင်ရတဲ့ အချိန်တွေမှာ သိပ်ပြီး လိုက်ကစားခြင်း မရှိတာကို မြင်တွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ပေါ်တူဂီသားဟာ လိုအပ်တဲ့ အချိန်တွေမှာတော့ ရရှိတဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချပြနိုင််ခဲ့ပါတယ် ။

ဒီအတွက် အချို့က အသင်းလိုက်ကစားဟန်မှာ လိုက်ပါစီးမျောပြီး ကစားပေးခြင်းမရှိတဲ့ ၊ အားသွန်ခွန်စိုက် လိုက််လံ ကစားခြင်းမရှိတဲ့ ရော်နယ်ဒိုဟာ အသင်းရဲ့ ကစားကွက််အတွက် ပြသနာ ဖြစ်စေလိမ့်မယ်လို့ ဝေဖန််သုံးသပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အတွက် 4 နှစ် အထိ ကစားပေးပြီး ဆုဖလားတွေကို သိမ်းပိုက်ခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ် က အဲ့တာတွေကို အရေးမပါတဲ့ စကားတွေလို့ ထိုးနှက်လိုက်ပြီး ရော်နယ်ဒိုကြောင့် အသင်းဟာပိုကောင်းလာဖို့ပဲ ရှိတယ်လို့ တုန့်ပြန်သွားလိုက်ပါတယ် ။

 

” ကျွန်တော့် အမြင်အရ ပြောရရင် အဲ့လိုလို ဝေဖန်မှုတွေက ​ောက်ရေး မပါဘူးလို့ ထင်မိပါတယ် ။ ခင်ဗျားတို့က ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ကို ရလိုက်တာပါ ။ ခင်ဗျားဟာ အကောင်းဆုံး ကစားသမားတွေကို ပွဲထွက် ကစားစေခဲ့တယ် ။ ဒါဟာ ရိုးရှင်းတဲ့ အရာတစ်ခုပါပဲ “

” ဒီလို ကစားသမားမျိုးက အသင်းဆီ ဘာတွေ ယူလာနိုင််သလဲဆိုတာ အခြားကစားသမားတွေက သိကြပါတယ် ။ ဒါ့အပြင် အဲ့ဒီလို တိုက်စစ် ကစားသမားတွေကို ဖြည့်စွက်် ကစားပေးနိုင်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာလဲ သူတို့တွေ သိရှိကြပါတယ် “

 

” သူ ယူနိုက်တက် အသင်းဆီ ဟန်ချက် တစ်ခု မယူလာပေးနိုင်ဘူးလို့ လူတွေ ပြောနေကြတာကတော့…. ဟုတ်ပါတယ် ၊ သူဟာ အရင်လို ပေါက်ကွဲအားတွေ ဘာတွေ ယူချင််မှ ယူလာနိုင်မှာပါ ။ ဒါပေမဲ့ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုး ကမ္ဘာပေါ်က ဘယ်အသင်းဆီပဲ ရောက်ပါစေ ၊ အဲ့ဒီ အသင်းက ပိုကောင်းလာဖို့ပဲ ရှိပါတယ် “

” ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ဒါကို အခွင့်ယူ အသုံးချရပါ့မယ် ။ လက်ရှိ ယူနိုက်တက် အသင်း ဖွဲ့စည််းပုံ ၊ ကစားသမား အင်အားစုကို ကြည့်လိုက်မယ်ဆိုရင် သူတို့တွေဟာ ဒီနိုင်ငံရဲ့ အကောင်းမွန်ဆုံး အသင်း တစ်သင်း ဖြစ်တယ်လို့ပဲ ကျွန်တော် ထင်မိပါတယ် “

 

” ဒါပေမဲ့ ကံမကောင်းစွာပဲ အခုလို အခိုက်အတန့်မှာ ယူနိုက်တက် အသင်းဟာ ဘာကြောင့် ရလဒ်ကောင်းတွေ မယူနိုင်တာလဲ ဆိုတဲ့ ခေါင်းစဥ်အောက်မှာ သူဟာ ဝေဖန်မှုတွေကို ခံစားနေရပါတယ် ” လို့ ဒွိုက်ယော့ က ပြန်လည် တုန့်ပြန် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar