ရိုနယ်ဒို ဟာ ယူနိုက်တက် ရဲ့ ကစားကွက်ကို ဘယ်လို ဒုက္ခရောက်နေစေလဲဆိုတာ သုံးသပ်ပြခဲ့တဲ့ ကာရေဂါ

ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိလာမှုဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အိုလေဂန်နာ ဆိုးရှား တို့ကို နည်းစနစ် ပိုင်း အရ အားနည်းမှု များစွာ ဖြစ်စေခဲ့တယ် လို့ ဂျေမီ ကာရေဂါ က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ သြဂုတ်လ တုန်းက အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး အသင်းပရိသတ်တွေ နဲ့ ကစားသမားဟောင်းတွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှု ကို ရရှိခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ အသင်းဟောင်း အတွက် စတင် ကစားတဲ့ နယူးကာဆယ် နဲ့ ပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့သလို လက်ရှိ အချိန်အထိလည်း ပါဝင် ကစားခဲ့တဲ့ ပွဲရဲ့ ထက်ဝက်ကျော်မှာ ဂိုးသွင်းယူထားခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ ရလဒ်ပိုင်းတွေ ကတော့ ကောင်းမွန်ခြင်း မရှိဘဲ လက်စတာ စီးတီး ကို ၄-၂ နဲ့ ရှုံးနိမ့် အပြီးမှာတော့ အဆင့် ၆ နေရာအထိ ရောက်ရှိ သွားခဲ့ရ ပါတယ် ။

လီဗာပူး ဂန္ထဝင် ကာရေဂါ က ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ရိုနယ်ဒို ကို အဆင်ပြေပြေ အသုံးမချ တတ်သေး သလို ပေါ်တူဂီသားကြီး ပါဝင်တဲ့ ကစားကွက် ၊ ကစားပုံ ကိုလည်း အခုချိန်ထိ မသိရှိသေးဘူး လို့ ယမန်နေ့ ညက တင်ဆက်ခဲ့တဲ့ Monday Night Football အစီအစဉ်မှာ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“တိုက်စစ် ကစားသမား ၅ ယောက်နဲ့ ဘယ်သူမှ မကစားနိုင် ပါဘူး ။ ရက်ဖိုဒ့် နာနေချိန် မှာ ပေါ့ဘာ က ဘယ်ခြမ်း ကနေ တိုက်စစ်ကို အသားပေး ကစားခဲ့ရ ပါတယ် ။

အခု ရိုနယ်ဒို ရောက်လာတော့ ဆိုးရှားက သူ့ကို ကွင်းလယ် ပြန်ပို့ ခဲ့ပါတယ် ။

ဒါပေမယ့် ပေါ့ဘာ က ကွင်းလယ် အထိုင်မှာ ကစားတတ်တဲ့ သူမျိုး မဟုတ်ပါဘူး ။ သူ ရှေ့တက်ပြီး တိုက်စစ် လိုက်လာတဲ့ အခါမျိုးမှာဆိုရင် ယူနိုက်တက် ကွင်းလယ်က ဟန်ချက်မညီတော့တာကို ခနခန တွေ့လာရ တော့တာပါပဲ ။

ဒီပြဿနာ ကို အိုလေး ဘယ်လို ရှင်းမလဲ ? သူ့ရဲ့ အစီအစဉ်က ဘာလဲ ၊ ကျွန်တော်ကတော့ ဘာ အစီအစဉ်မှ ရှိမယ်လို့ မထင်ပါဘူး ။

တဘက်အသင်းကို ဖိအားပေး ကစားရမယ်ဆိုရင် တသင်းလုံး ကစားရမှာပါ ၊ ယူနိုက်တက် က ဒီလိုမျိုး ( ဖိအား ပြင်းပြင်း ပေးတတ်တဲ့ ) အသင်းလား ၊ မဟုတ်ပြန် ပါဘူး ။ ရိုနယ်ဒို ပါနေသရွေ့ ဒီလိုလုပ်လို့ မရပါဘူး”

“ကလော့ ၊ ပက် ဒါမှမဟုတ် တူချယ် သာ ဆိုရင် ဒီလိုမျိုး အားမပါတဲ့ ကစားပုံမျိုးကို လုံး၀ လက်ခံစရာ အကြောင်းရှိမှာ မဟုတ်ပါဘူး ။ ကစားသမားက မလုပ်ဘူး ဆိုရင် နည်းပြက ညွှန်ကြားရမှာပါ ။ သူ့မှာ တာဝန် ရှိပါတယ် ။

အခု ယူနိုက်တက် ဖြစ်နေတဲ့ ပြဿနာတွေက နည်းပြရော ကစားသမားမှာပါ တာဝန်ရှိပါတယ် ။

အိုလေး မန်ချက်စတာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ရော ချန်ပီယံလိဂ် ပါ ရမှာ မဟုတ်ပါဘူး ။ သူက ဒီလို အတွေ့အကြုံမျိုးလည်း ( နည်းပြအဖြစ်နဲ့ ) မရှိခဲ့ ဖူးတဲ့သူပါ ။

သူ့အသင်းက တောင့်တင်းပါတယ် ၊ တဦးချင်း တယောက်ချင်း စွမ်းရည်တွေလည်း ကောင်းကြပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် က ပိုကောင်းတဲ့ နည်းပြကို လိုအပ် နေပါပြီ ၊ ပြိုင်ဘက်တွေနဲ့ ဖလား ယှဉ်လုနိုင်မယ့် နည်းပြမျိုးပေါ့” လို့ ကာရေဂါက ပြောဆို သွားခဲ့ ပါတယ် ။

ကာရေဂါ နဲ့ အတူ တင်ဆက် ခဲ့တဲ့ ဂယ်ရီ နဗီးလ် ကတော့ ဒီကိစ္စ မှာ ကစားသမားတွေရဲ့ အားနည်းမှု ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု ၊ အချိတ်အဆက် မမိမှုတွေ က ပိုမို အဓိက ကျတယ်လို့ ပြောဆို ခဲ့ပြီး သူ့အနေနဲ့ ဆိုးရှား ကို ထုတ်ပယ်ဖို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးကြောင်းလည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနက်ဖြန် ညမှာ ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ် အဖြစ် အီတလီ စီးရီးအေ ကလပ် အတ္တလန်တာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေ မှာတော့ မိုဟာမက် ဆာလာ ဂိုးမြူးမှုနဲ့ အတူ ချန်ပီယံ ခြေစွမ်းပြသနေတဲ့ မဟာပြိုင်ဘက် လီဗာပူး အသင်းကို အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR