ရလဒ် ဆိုးရွားမှုကြောင့် ဖိအားတွေအောက် ကျရောက်နေတဲ့ ဆိုးလ်ရှားကို အကြံပေးမှု ၊ တိုက်တွန်းမှုတွေ ပြုလုပ်လိုက်တဲ့ ဒွိုက်ယော့ခ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်တဲ့ ဒွိုက်ယော့ခ် က အသင်းရဲ့ ကံကြမ္မာကို ပြောင််းလဲလိုက်ဖို့ အတွက် ဆိုးလ်ရှား အနေနဲ့ အဖြေ တစ်ခုထုတ်သင့်ကြောင်း တိုက်တွန်း နှိုးဆော် စကား ပြောကြားသွားခဲ့လိုက် ပါတယ် ။

မနက်ဖြန်ညမှာ ချန်ပီယံလိဂ် ပွဲစဥ် 3 အဖြစ် အတ္တလန္တာ အသင်းကို ရင်ဆိုင်ရဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ လက်တလောမှာတော့ ရလဒ်တွေ ဆက်တိုက်် ဆိုးရွားနေခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ကပဲ လက်စတာစီးတီး အသင်းကို 4 – 2 နဲ့ ရှုံးနိမ့်ထားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 3 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါပြီ ။ ဒါ့အပြင် ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ ရမှတ် 5 မှတ် အထိ ကွာဟနေခဲ့ရပါပြီ ။

ရမှတ်အရ ခြားနားချက် ကြီးကြီးမားမားကြီး မဖြစ်သေးတဲ့အတွက် ယူနိုက်တက်တို့ဟာ အမှတ်ပေး ဖလားကို စိန််ခေါ် နိုင်စွမ်း ရှိသေးတယ်လို့ပြောလို့ရနိုင်ပေမဲ့ ကွင်းအတွင််း စွမ်းဆောင်ရည်တိုးတက်မလာခြင်းက ယူနိုက်တက်ရဲ့ ဆုဖလား အိပ်မက်ကို ဖျက်စီးသွားဖို့ ရှိနေပါတယ် ။

လက်ရှိ ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တော်ရုံနည်းပြကြီးတွေ ကိုင်တွယ်ဖို့ အိပ်မက်မက်ကြတဲ့ တောင့်တင်းတဲ့ ကစားသမား စာရင်းပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ရလဒ်ကောင်း ပျောက်ဆုံးနေတဲ့ ဆိုးလ်ရှားဟာ ဖိအားတွေအောက် ရောက်ခဲ့ရပါတယ် ။

အခုတော့ တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က ဖိအားတွေအောက် ကျရောက်နေခဲ့ရတဲ့ ဆိုးလ်ရှား အနေနဲ့ နည်းစနစ် တစ်ခုကို ရှာဖွေဖို့ လိုကြောင်း ၊ အသင်း အနေနဲ့ စွမ်းဆောင််ရည်တွေ ပိုမို တိုးတက်လာဖို့ လိုအပ်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ရပ်ရှ်ဖို့ ပြန်လာသင့်ပါပြီ ။ ဒီကောင်လေး လေ့ကျင့်နေခဲ့တာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေထဲက ကျွန်တော် မြင်ခဲ့ပြီးပါပြီ ။ ဒီကောင်လေး ပြန်ကစားနိုင်ပါပြီ။ သူ အင်္ဂလန် အတွက် ဘာလို့ မကစားတာလဲ ကျွန်တော်လဲ မသိပါဘူး ။ သူဟာ ပွဲတိုင်း ကစားနေသင့်ပါပြီ “

” ကျွန်တော့်ကိုယ် ကျွန်တော် ဘောလုံးသမားလို့ သတ်မှတ််ထားခဲ့ပါတယ် ။ ဒီကောင်းလေးက တကယ့် ဘောလုံးသမား စစ်စစ်ပါ ။ အသင်းမှာ သူ၊ ခရစ္စတီယာနို ရော်နယ်ဒို ၊ ကာဗာနီ ၊ ဂရင်းဝုဒ် ၊ ပေါ့ဂ်ဘာ ၊ ဘရူနို တို့လို ကစား သမားတွေ ရှိနေရင် ပွဲစဥ်တွေ မနိုင်နိုင်ဘူးလို့ ခင်ဗျားက ကျွန်တော့်ကို ပြောချင်သေးရဲ့လား ? “

 

” တစ်နေရာရာမှာတော့ တစ်ခုခု မှားနေပါပြီ ။ ကျွန်တော်တို့ စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ဖို့လိုအပ်ပါတယ် ။ ကျွန်တော်တို့ ဆုဖလားတွေကို ဆွတ်ခူးသင့်ပါတယ် ။ ကျွန်တော်တို့ အခုထက် ပိုပြီး တောင့်တင်း ကောင်းမွန်တဲ့ အနေအထား တစ်ရပ်မှာ ရပ်တည်နေသင့် ပါတယ် “

” ကျွန်တော်တို့ ဗာရန်းကို ခေါ်ယူခဲ့ပြီး ခံစစ်ကို ထူးထူးကဲကဲ တိုးတက် ကောင်းမွန်စေခဲ့ပြီးပါပြီ ။ ကျွန်တော်တို့တွေဟာ လက်ရှိ အသင်းကို ပိုမို တောင့်တင်း ကောင်းမွန်စေနိုင်တဲ့ ကစားသမားတွေကို နေရာ အစုံအလင်မှာ ပိုင်ဆိုင်ထားခဲ့ပြီးကြပါပြီ “

 

” အခုတော့ အသင်းပိုကောင်းဖို့ အိုလီ အနေနဲ့ အဖြေရှာသင့်နေပါပြီ ။ ကျွန်တော်တို့ ပြသနာတွေ အများကြီး ချပြလို့ ရပါတယ် ။ ဒါပေမဲ့ အိုလီ အနေနဲ့တော့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အဖြေတွေပဲ ရှာနေသင့်ပါတယ် ” လို့ ဒွိုက်ယော့ခ် က တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar