ရလဒ်ဆိုးအတွက် ဝေဖန်မှုတွေ သိမ်းကြုံး မခံစေချင်တဲ့ ယူနိုက်တက် ကစားသမား အမည်ကို ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ဂန္တဝင်ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ် က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသူ ဂျေဒန် ဆန်ချိုဟာ ရလဒ်ဆိုးတွေရဲ့ သားကောင် ဖြစ်နေခဲ့ရကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဂျေဒန် ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့တုန်းက ဒေါ့မွန် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 73 သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ညာတောင်ပံ ကစားသမား လိုချင်နေခဲ့တဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ မျှော်လင့်ချက် အများကြီး ထားခံခဲ့ရပါတယ် ။

ဂျေဒန် ဆန်ချိုဟာ မန်စီးတီး အသင်းမှ ထွက်ခွာပြီး ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့နောက်် ဂျာမန်​လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ဦးအဖြစ် အထူးခြေစွမ်းကောင်းတွေကို နှစ်စဥ် ပြသထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့်လည်း ညာတောင်ပံ ကစားသမားကောင်း ရှာနေဖွေနေခဲ့တဲ့ ယူနိုက်တက်တို့ဟာ ဆန်ချိုကို အသည်းအသန်် လိုချင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဆန်ချိုက အခုထိ ယူနိုက်တက်အတွက် ဂိုးသွင်း ၊ ဖန်တီးမှု မလုပ်ဆောင်နိုင်သေးပဲ ရုန်းကန်နေခဲ့ရပါတယ် ။

ဒီလို ဖြစ်နေခဲ့တာ ပွဲစဥ် 10 ပွဲလောက် ရှိနေပြီ ဖြစ်ပေမဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ကစားသမားကို ယုံကြည်မှုတွေ ဆက်လက်ပေးနေခဲ့ပြီး ပွဲထွက်ကစားခွင့်တွေ ပေးနေဆဲပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ရပ်ရှ်ဖို့ ပြန်လာခြင််းက ပွဲထွက်ခွင့် အခက်အခဲ ဖြစ်သွားဖို့ ရှိနေပါတယ် ။

ဒါပေမဲ့ ခြေစွမ်းမပြတာ ၊ အသင်းရဲ့သွင်းဂိုးတွေနဲ့ ပါဝင် ပတ်သက်ခြင်းမရှိတာတွေအတွက် ပရိသတ်တွေက သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ဆန်ချို အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါပြီ ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်က ဆန်ချိုဟာ ဝေဖန်မှုတွေကို သိမ်းကြုံး ရသင့်သူ တစ်ဦး မဟုတ်သေးကြောင်း ၊ သူဟာ လက်ရှိ အသင်းရဲ့ ရလဒ်ဆိုးတွေရဲ့ သားကောင် ဖြစ်နေသူ တစ်ဦးသာ ဖြစ်ကြောင်း ပြောကြားသွားခဲ့လိုက် ပါတယ် ။

” လက်ရှိ အချိန်မှာ ဆန်ချို ဟာ အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုတွေရဲ့ သားကောင်ဖြစ်နေသူ တစ်ဦးပါပဲ ။ ခင်ဗျားတို့ဟာ ဒီလို ကစားသမား တစ်ဦး အသင်းဆီကို ရောက်လာမယ်ဆိုရင် ချက်ချင်း အထိုင်ကျစေဖို့ မျှော်လင့်နေကြမှာ အသေအချာပါပဲ ”

” သူဟာ အကောင်းဆုံး ပုံစံတွေကို ရှာဖွေနေသေးဆဲ ပါပဲ ။ ဒါပေမဲ့ အဲဗာတန်နဲ့ ပွဲစဥ်ရဲ့ နောက်ဆုံး မိနစ် 20 အတွင််းမှာတော့ သူဟာ အရင်တုန်းက ကစားခဲ့တာထက် သိသိသာသာ ပိုကောင်းခဲ့တာကို ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ကြရပါတယ် ”

” သူဟာ သိမ်းကြုံး ဝေဖန်ခံရသူ တစ်ဦး မဖြစ်သင့်သေး ပါဘူး ။ ဒီလောက် ငွေကြေးနဲ့ ပြောင်းလာတဲ့ ယူနိုက်တက် ကစားသမား တစ်ဦးဖြစ်နေရင် ဝေဖန်မှုတွေတော့ ရနေမှာ အသေအချာပါပဲ ။ ဒါပေမဲ့ သိမ်းကြုံဝေဖန်ခံရတာမျိုးက တိုးတက်မှု နှောင့်နှေးစေနိုင်ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က သုံးသပ်သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar