ယူနိုက်တက်Vsလီဗာပူး ပွဲအတွက် နှစ်ဖက် ကစားသမားတွေထဲက အကောင်းဆုံး XI ယောက်အသင်းကို ရွေးချယ်ပေးလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း အင်းနရစ်

ဒီတစ်ပါတ် တနင်္ဂနွေည 10 နာရီ အချိန်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံးအသင်း နှစ်သင်းဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ အင်္ဂလန် ဒါဘီ ပွဲစဥ် နွှဲကြရဖို့ ရှိနေပါတယ် ။

အဆိုပါပွဲစဥ် မတိုင်မီမှာတော့ လီဗာပူး အသင်းဟာ 5 ပွဲနိုင် ၊ 3 ပွဲသရေ ကစားထားခဲ့ပြီး ရမှတ် 18 မှတ်နဲ့ အမှတ််ပေး ဇယား အဆင့် 2 နေရာမှာ ရပ်တည်နေခဲ့ ပါတယ် ။ အခြားတဖက်မှာတော့ ယူနိုက်တက် အသင််းက 4 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 2 ပွဲရှုံး ရလဒ် နဲ့ အဆင့် 6 နေရာမှာ ရှိနေခဲ့ ပါတယ် ။

အဆိုပါ ပွဲစဥ် 8 ပွဲမှာ လီဗာပူး အသင်းဟာ 22 ဂိုး သွင်းယူ ၊ 6 ဂိုးသာ ပေးထားခဲ့ပြီး ယူနိုက်တက် ကတော့ 16 ဂိုး သွင်းယူ 10 ဂိုးအထိ ပေးဆောင်ခဲ့ရပါတယ် ။ ဒါ့ကြောင့် လက်ရှိ အနေအထားအရ လီဗာပူး တို့ဟာ ယူနိုက်တက်ထက် သာနေတာ ထင်ရှားလှပါတယ် ။

ဒါပေမဲ့ ခါးသီး ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ အားလျှော်စွာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံးတိုင်း အကြိတ်အနယ် ကစားကြတာမို့ ဘယ်လို ရလဒ် ထွက်ပေါ်မလဲ ဆိုတာ ကြိုတင် ခန့်မှန်းလို့ မရနိုင်ပါဘူး ။ နှစ်ဖက် အသင်းမှာလည်း ပွဲစဥ်ရဲ့ အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား များစွာ ရှိနေကြပါတယ် ။

အခုတော့ လီဗာပူးအသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဟိုဆေး အင်းနရစ်က ပွဲစဥ်မတိုင်မီ နှစ်ဖက် အသင််းရဲ့ ကစားသမားတွေထဲမှ 11 ယောက်ကို ရွေးချယ်ခဲ့ပြီး အသင်းတစ်သင်း ဖွဲ့ပေးခဲ့လိုက်ပါတယ် ။ အဆိုပါ အသင််းမှာတော့ ယူနိုက်တက်မှ ကစားသမား 2ဦးသာ ပါဝင်ခဲ့ပါတယ် ။

အခုတော့ အင်းနရစ်က အခုလို အသင်းမျိုးကို ရွေးချယ်လိုက်ခြင်းအပေါ် ရှင်းလင်းချက် ပေးခဲ့ပြီး သူ့ရဲ့ အသင်းမှာတော့ ရော်နယ်ဒိုထက် အသက်ငယ်သလို လက်ရှိ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေခဲ့တဲ့ မိုဟာမက် ဆာလာ ကပဲ စတား ကစားသမား ဖြစ်နေလိမ့်မယ်လို့ ပြောပြခဲ့လိုက််ပါတယ် ။

” ဂိုးသမား နေရာအတွက်တော့ ကျွန်တော် အလီဆွန် ကိုပဲ ရွေးချယ်ပါ့မယ် ။ ဒါပေမဲ့ ဒီဂီယာ ဟာလည်း တကယ့်ကို ကောင်းခဲ့သူပါ ။ ပြီးခဲ့တဲ့ နှစ်တွေက သူနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ များခဲ့ပါသေးတယ် ။ ဒါပေမဲ့ အခုအချိန်မှာ သူဟာ အရာရာကို ကျော်လွှားပြီး အကောင်းဆုံး ပုံစံ ပြန်လည် ပြသနေခဲ့ပါပြီ ”

” ဒါပေမဲ့ ကျွန်တော်ကတော့ အလီဆွန် ဘက်ကာ ကိုပဲ ရွေးချယ်သွားမှာပါ ။ လီဗာပူး အသင်း အက်သလက်တီကို မက်ဒရစ် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်ကို ခင်ဗျားတို့လည်း ကြည့်ရှုခဲ့မှာပါ ။ အလီဆွန်ကို ကျေးဇူးတင်မိပါတယ် ။ သူ့ကြောင့် လီဗာပူး အနိုင်ရခဲ့တာပါ ”

” ဘယ် ၊ ညာ ခံစစ် အတွက် အထူး ပြောနေဖို့ မလိုပါဘူး ၊ အာနိုး နဲ့ ရော်ဘတ်ဆန် ပါပဲ ။ သံသရာ ဖြစ်နေစရာ မရှိပါဘူး ။ နောက်တစ်ယောက်က ဗန်ဒိုက်ပေါ့ ။ သူနဲ့ တွဲဖက်ဖို့ အများစုက ဟယ်ရီ မက်ဂွားယားကို ရွေးချယ်ကြမှာပါ ။ ကျွန်တော်ကတော့ ဂျိုရယ် မာတစ်ကိုပဲ ရွေးချယ်ချင်ပါတယ် ”

” အဲ့တာပြီးရင်တော့ ကွင်းလယ်မှာ ဖာဘင်ဟို ၊ ဘရူနို နဲ့ နံပါတ် 8 နေရာအတွက် ဂျော်ဒန် ဟန်ဒါဆန်ကို ရွေးချယ်ချင်ပါတယ် ။ သူတို့ကွင်းလယ်က အသင်းကို အများကြီး အထောက်အပံ့ ပေးနိုင်လိမ့်မယ်လေ ။ ပြီးရင် တောင်ပံ တိုက်စစ် နေရာမှာ ဆာလာ နဲ့ မာနေး တို့ကို ရွေးချယ်လိုက်ပါ့မယ် ။ ဒါကိုလည်း သံသယ ဖြစ်စရာမရှိပါဘူး ”

” ဒီရာသီမှာတော့ ဖာမီနိုရဲ့ ကစားပုံက တကယ်ကို ကောင််းမွန်နေခဲ့ပါတယ် ။ ဒါပေမဲ့ ခရစ္စတီယာနိုက ခရစ္စတီယာနို ပါပဲ ။ ကျွန်တော် တိုက်စစ်မှူး နေရာအတွက်တော့ ခရစ္စတီယာနိုကိုပဲ ရွေးချယ်ရပါလိမ့်မယ် ” လို့ ပြောရင်း ဦးစားပေး တိုက်စစ်မှူး ဘယ်သူ ဖြစ်မလဲလို့ အမေးခံလိုက်ရချိန်မှာတော့…

” ဆာလာပေါ့ ၊ ကျွန်တော် လီဗာပူး ကစားသမားဟောင်း ၊ လီဗာပူး ပရိသတ် မို့လို့ ဒီလိုစကား ပြောနေတာ မဟုတ်ပါဘူး ။ လီဗာပူး အသင်း ကစားတဲ့ ပုံစံမျိုးကြောင်း ကျွန််တော် အခုလို ပြောရတာပါ ။ ခရစ္စတီယာနို က ဂိုးတွေသွင််းပေးမယ်ဆိုတဲ့ ကတိကို ပေးနိုင်သူပါ ။ သူဟာ ဂိုးတွေ သွင်းယူပြခဲ့ပါတယ် ။ အသင်းက သူ့အတွက် ကစားပေးရင် သူဟာ ဂိုးတွေ သွင်းပြဦးမှာပါပဲ ”

” ဒါပေမဲ့ ကျွန်တော်က လီဗာပူးရဲ့ ပြင်းအားကောင်းတဲ့ ကစားပုံကို နှစ်သက်လှပါတယ်။ ဒါ့ကြောင့် ကျွန်တော်က နည်းပြ ဖြစ်နေရင် ဆာလာကိုပဲ ရွေးမှာပါ ။ သူဟာ ဖိအားပေး ကစားနိုင်တယ် ၊ ရော်နယ်ဒိုထက်လည်း ငယ်တယ် ၊ ပြီးတော့ ပုံစံကောင်းလည်း ရနေပါတယ် ။ ဒါ့ကြောင့် ဆာလာပါပဲ ” လို့ အင်းနရစ် က ​ရှင်းပြခဲ့လိုက်ပါတယ် ။

#Sports_Myanmar