ယူနိုက်တက် ပရိသတ် ဖြစ်ရတာ သိပ်မကောင်းတော့ဘူးလို့ ပြောရင်း ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ဖာဒီနန်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် Super Sunday ရဲ့ နောက်ဆုံး ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ခါးသီးပြိုင်ဖက် လီဗာပူး အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။

ဒီပွဲစဥ်ကိုတော့ ကမ္ဘာ့အနှံ့ ပရိသတ် သန်းပေါင်းများစွာ နည်းတူ ယူနိုက်တက် ဂန္တဝင် တစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန် ကလည်း စောင့်ကြည့်ခဲ့ပြီး အခြားသော အသင်းရဲ့ အမာခံ ပရိသတ်တွေလိုပဲ နာကျင်မှုတွေ ခံစားရင်းနဲ့ ဝမ်းနည်း စိတ်ပျက်သွားခဲ့ရပါတယ် ။

အခုတော့ လူမှုကွန်ယက် အထက်က သူ့ရဲ့ podcast အစီအစဥ်မှာ ညီဖြစ်သူ အန်တွန် ဖာဒီနန် နဲ့ ပြောခဲ့တဲ့ အမေးအဖြေ ကဏ္ဍမှာတော့ ယူနိုက်တက် ဂန္တဝင်က အသင်းရဲ့ ကစားသမားတွေဟာ ကိုယ်ပိုင်အမှတ်တံဆိပ် ပျောက်ဆုံးနေကြပြီလို့ အထူးဝေဖန်သွားခဲ့လိုက်ပါတယ် ။

” ဒါဟာ တကယ့်ကို စိတ်ကသိကအောင့် ဖြစ်ခဲ့ရတဲ့ ပွဲစဥ် ပါပဲ ။ မန်စီးတီး အသင်းကို 6 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့စဥ်တုန်းက ကျွန်တော် ကိုယ်တိုင် ကွင်းထဲ ရှိနေခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကျွန်တော်တို့တွေဆီမှာ ရက်ပိုင်းအတွင်း အကောင်းဆုံး ပြန်လာရမယ်ဆိုတဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်် တစ်ခု ရှိခဲ့ပါတယ် ”

” လက်ရှိအသင်းမှာတော့ အဲ့တာကြီးက ပြသနာတစ်ရပ် ဖြစ်နေခဲ့ပါပြီ ။ အသင်းသားတွေဟာ သူတို့ ဘယ်သူတွေလဲ ဆိုတဲ့ အမှတ်တံဆိပ်ကို ရှာဖွေနိုင်ဖို့ ရုန်းကန်နေခဲ့ကြရပါတယ် ။ ကျွန်တော်တို့ ဘောလုံး ကြည့်ကြတဲ့ အခါမှာလည််း ‘ ငါတို့က ဘာကောင်တွေလဲ? ‘ ဆိုတဲ့ အတွေးမျိုးတွေတောင် ဝင်ရောက်နေခဲ့ပါပြီ ”

” မန်နေဂျာ (ဆိုးလ်ရှား) ကရော ကစားသမားတွေဆီကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ​ပေးပို့နေရဲ့လား ? အကယ်လို့ နည်းပြက လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့နေခဲ့တယ် ဆိုရင် ကစားသမားတွေက ဒါကိူ လက်ခံရယူခြင်း မရှိကြဘူးလား ? ”

” မန်နေဂျာ အနေနဲ့ အောက်ခြေမှာ အဲ့ဒီလို အရာတွေကို ယူဆောင်လာရပါ့မယ် ။ အခု ကြည့်နေရတာက အသင်းဟာ အတူတကွ အရှုံးနွံထဲ နစ်နေသလို ပါပဲ ။ အခု အသင််းကို ကြည့်ရတာက ‘ သူတို့ ကောင်းမွန်တဲ့ လမ်းညွှန်မှုကို ရရှိကြရဲ့လား ? ‘ ၊ ‘ မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ရရှိကြရဲ့လား ‘ ဆိုပြီး တွေးစရာ ဖြစ်နေရပါပြီ ”

” ဒီပွဲပြီးရင် သူတို့အားလုံး ရှက်ရွံ့နေကြမှာ အသေအချာပါပဲ ။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ထိခါးခဲ့ရပြီလေ ။ သူတို့တွေဟာ မီတင်ပွဲတွေ အကြီးကြီးတောင် လုပ်ပြီး စကားတွေ ပြောကောင်းပြောနေလောက်ကြပါပြီ ။ ဒါဟာ တကယ့်ကို စိတ်မကျေနပ်စရာ ပါပဲ ”

” အခုလို အချိန်မှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် ဖြစ်ရတာတောင် သိပ်မကောင်းတော့ပါဘူး ။ အကောင်းဆုံး အသင်းတွေတိုင်းမှာ ကိုယ်ပိုင် အမှတ်တံဆိပ် ရှိတတ်ပါတယ် ။ သူတို့ ဘယ်သူလဲဆိုတာ သူတို့ ကောင်းကောင်း သိကြပါတယ် ” လို့ ဖာဒီနန် က ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar