ယူနိုက်တက် နည်းပြ ဘဝရဲ့ လူတိုင်း ပြောစရာ ဖြစ်ခဲ့ရတဲ့ သမိုင်းဝင် အောင်ပွဲခံမှုအကြောင်းကို ပြန်ပြောင်းရှင်းပြလိုက်တဲ့ မော်ရင်ဟို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2018 တုန်းက ချန်ပီယံလိဂ် အုပ်စု ပွဲစဥ်အဖြစ် တူရင်​မြေမှာ ဂျူဗင်တပ် အသင်းကို ရင်ဆိုင်ကစားခဲ့စဥ်ပြီး အနိုင်ရရှိခဲ့စဥ်က နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုဟာ နားရွက်ကို လက်နဲ့ကာပြီး နားထောင်ဟန် လုပ်ရင်း ပါးစပ်ကို ရွဲ့ကာ ဂျူဗင်တပ် ပရိသတ်တွေ ရှေ့မှောက် အောင်ပွဲခံခဲ့တာ အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ် ။

အဆိုပါ အချိန်တုန်းကတော့ ယူနိုက်တက် ပရိသတ်တွေနဲ့ ဘောလုံး ပရိသတ် အများစုဟာ အိမ်ကွင်းမှာ ရှုံးခဲ့ပြီးနောက် အဝေးကွင်းမှာ ပြန်လည် အနိုင်ယူခဲ့တဲ့ မော်ရင်ဟိုရဲ့ အောင်ပွဲခံပုံကို သဘောကျ နှစ်ခြိုက်ခဲ့ပြီး လူပြောများတဲ့ အရာတစ်ခု ဖြစ်သွားခဲ့ရပါသေးတယ် ။ ဒါပေမဲ့ ဂျူဗင််တပ် ပရိသတ်တွေ အတွက် ဒါဟာ လေးစားမှု မရှိဘူးလို့ ပြောစရာ ဖြစ်သွားခဲ့ရပါတယ် ။

မနေ့ကတော့ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ ရိုးမား အသင်းဟာ တူရင်မြေမှာ ဂျူဗင်တပ် အသင်းကို ရင်ဆိုင်ကစားခဲ့ရပြီး မွိုက်စ်ကင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုး ၊ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။ ဒါက ဂျူဗင်တပ် အတွက်တော့ ပရိသတ်တွေ အတွက် မော်ရင်ဟိုကို လက််စားချေပေးခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါပေမဲ့ ဂျူဗင်တပ်နဲ့ ပွဲစဥ်မှ အင်တာဗျူး အစီအစဥ်မှာတော့ ရိုးမား အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို က ယူနိုက်တက် နည်းပြ ဖြစ်ခဲ့တဲ့ အဆိုပါ ပွဲစဥ်မှာ ဂျူဗင်တပ် ပရိသတ်တွေဟာ လေးစားသမှုကင်းမဲ့တဲ့ ပုံစံတွေ ပြသ ၊ အော်ဟစ်နေခဲ့ကြတဲ့အတွက်် အဲ့ဒီလို အောင််ပွဲခံခဲ့ရတာ ဖြစ်ကြောင်း ပြန်လည် ရှင်းပြသွားခဲ့လိုက်ပါတယ် ။

ဂျူဗင်တပ် Vs ရိုးမား ပွဲအတွက် ဂျူဗင်တပ် ပရိသတ်တွေရဲ့ တုန့်ပြန်မှုက ဘယ်လိုလဲ ၊ ယူနိုက်တက် နည်းပြ ဘဝတုန်းက အောင်ပွဲခံခဲ့မှု အကြောင်း အမေးခံလိုက်ရတဲ့ အချိန်မှာတော့…

” သူတို့တွေရဲ့ တုန့်ပြန်မှုတွေက အမြဲတမ်းလိုပါပဲ ။ ဒါမှမဟုတ် ခြားနားနေတာမျိုးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ကျွန်တော်တော့ အသေအချာ မသိခဲ့ပါဘူး ။ ကျွန်တော် နောက်ဆုံး အကြိမ်တုန်းက ဒီကို ရောက်လာခဲ့စဥ် ဝေဖန်မှုတွေ ရှိနေခဲ့လို့ ပြန်လည် တုန့်ပြန်ခဲ့ရတာပါ ။ အဲ့တာက အတော််လေး ထူးဆန်းတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ် ”

 

” လူတွေဟာ ကစားခဲ့တဲ့ မိနစ် 90 ကို မေ့ပျောက်သွားခဲ့ကြပြီး ကျွန်တော် 10 စက္ကန့်လောက် စိတ်လှုပ်ရှားပြီး လုပ်ခဲ့မိတာကို အခုထတိုင်အောင် မှတ်မိနေကြပါသေးတယ် ။ ဒီနေ့လည်း ကျွန်တော်တို့တွေ လေးစားသမှုအကြောင်းကို ပြောဆိုနေခဲ့ကြပြီး အဲ့ဒီ ပွဲချိန် မိနစ် 90 ကို မေ့ပျောက်နေခဲ့ကြပါပြီ ” လို့ မော်ရင်ဟို က ပြန်လည် ပြောကြားသွားခဲ့လိုက် ပါတယ် ။

မော်ရင်ဟို 2011 ခုနှစ်တုန်းက လက်ရှိ ဂျူဗင်တပ် နည်းပြ မက်စ် အယ်လီဂရီ နဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး ပြိုင်ဖက် နည်းပြ ဖြစ်သူကို ‘ သနားစရာကောင်းသူ ‘ လို့ ​ပြောဆိုခဲ့ဖူးပါသေးတယ် ။ ဒါပေမဲ့ ပွဲစဥ် မတိုင်မီ သတင်းစာ ရှင်းလင််းပွဲမှာတော့ အယ်လီဂရီ နဲ့ ပတ်သက်လို့ စိတ်ထဲ ဘာမှ မရှိကြောင်း ၊ ပွဲစဥ် ကစားဖို့ပဲ ရှေးရှုနေကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဒါက သူနဲ့ ကျွန်တော့်ရဲ့ ကြားက ပွဲစဥ် မဟုတ်ပါဘူး ။ ဒါဟာ ဂျူဗင် – ရိုးမား ပွဲပါ ။ အတိတ်တုန်းက ပွဲက ယူနိုက်တက် – ဂျူဗင် ပွဲပါ ။ ကျွန်တော့် အတွက်တော့ ပွဲစဥ်မတိုင်မီ နဲ့ ပွဲစဥ်အပြီး သူ့ကို နှုတ်ဆက်ဖြစ်တာက ကောင််းမွန်နေပါလိမ့်မယ် ။ UEFA ပွဲတွေမှာ ကျွန်တော်တို့ မကြာခန ဆုံခဲ့ပြီးပါပြီ ။ ကျွန်တော်တို့ကြား လေးစားသမှုတွေ ရှိနေခဲ့ပါတယ် ”

” ကျွန်တော်တို့ ကြားထဲမှာတော့ ခမ်းနားတဲ့ ဆက်ဆံရေး တစ်ခု မရှိခဲ့ပါဘူး ။ ဒါပေမဲ့ လူသား တစ်ဦး အနေနဲ့တော့ ကျွန်တော် သူ့ကိုနှစ်ခြိုက်မိပါတယ် ။ ကျွန်တော်တို့ နှစ်ဦးရဲ့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ် ” လို့ မော်ရင်ဟိုက ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ရိုးမား အသင်းဟာ ဒီပွဲမှာ ရှုံးခဲ့ပေမဲ့ အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ရပ်တည်နေဆဲပဲ ဖြစ်ပါတယ် ။

#Sports_Myanmar