ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေ ညံ့ဖျင်းခဲ့ကြတဲ့ လက်စတာ 4 – 2 ယူနိုက်တက် ပွဲစဥ်မှ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညကတော့ ကင်းပါဝါ ကွင်းထဲမှာ ဘရန်ဒန် ရော်ဂျာရဲ့ လက်စတာ စီးတီး အသင်းကို သွားရောက် ယှဥ်ပြိုင် ကစားခဲ့ရပြီး 4 – 2 ဆိုတဲ့ ရလဒ်နဲ့ စိတ်ပျက်ဖွယ်ရာ အဝေးကွင်းရှုံးပွဲကြုံတွေ့ သွားခဲ့ရပါတယ် ။ ဒါဟာ ယူနိုက်တက်အတွက်တော့ 29ပွဲ အထိ အဝေးကွင်း ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့ မှတ်တမ််းကောင်း ရပ်တန့်ခြင်းလည်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် တိုက်စစ် ကစားသမား မေဆွန် ဂရင်းဝုဒ်ဟာ ပွဲချိန် 19 မိနစ်မှာပဲ လှပသေသပ်တဲ့ အဝေးကန်ချက်နဲ့ အဖွင့်ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ပွဲချိန် 31 မိနစ်မှာ ယူရီ တိုင်လီမန်းက ပညာသားပါတဲ့ ခပ်ဝိုက်ဝိုက် အဝေးကန်ချက်နဲ့ ခြေပဂိုး ပြန်လည် သွင်းယူခဲ့တဲ့ အတွက် ပထမပိုင်း 1 – 1 နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်း အစောပိုင်း မိနစ်တွေမှာ ယူနိုက်တက်တို့ ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပဲ ပွဲချိန် 78 မိနစ်မှာ ဆိုယွန်ကူ က အိမ်ရှင် အသင်းအတွက်် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ် ။ ဒါပေမဲ့ ဒီ​နေ့ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ပြီး ဒီရာသီရဲ့ ပထမဆုံး ပွဲကစားချိန် မိနစ် ပိုင်ဆိုင်ခဲ့ရတဲ့ ရပ်ရှ်ဖို့ က 4 မိနစ် အကြာမှာပဲ ခြေပဂိုး သွင်းယူသွားခဲ့ပါတယ် ။

ဒါပေမဲ့ ရပ်ရှ်ဖို့ရဲ့ အပျော်တွေဟာ စက္ကန့်ပိုင်းသာ ခံခဲ့ပြီး လက်စတာ တိုက်စစ်မှူး ဂျေမီ ဗာဒီက ချက်ချင်းဆိုသလိုပဲ ဦးဆောင်ဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် နာကျင်အချိန်ပိုမိနစ်မှာ လက်စတာရဲ့ လူစားဝင် ကစားသမား ဒါကာ က နောက်တစ်ဂိုး သွင်းယူသွားခဲ့တဲ့အတွက် ယူနိုက်တက်တို့ အဝေးကွင်းရှုံးပွဲ ကြုံတွေ့သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ဒဏ်ရာရနေတဲ့အတွက် ပါလောက်မှာ မဟုတ််ဘူးလို့ သတင်းကြီးနေခဲ့တဲ့ ယူနိုက်တက် အသင်းခေါင််းဆောင် ဟယ်ရီ မက်ဂွားယားဟာ ဒဏ်ရာမှ သက်သာခဲ့ပြီး အသင်းနဲ့ ခနတာ လေ့ကျင့်နိုင်ခဲ့တဲ့အတွက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ အသင်းဟောင်းနဲ့ တွေ့ဆုံးတဲ့ပွဲရဲ့ အဆိုးရွားဆုံး ကစားသမား ဖြစ်သွားခဲ့ရပါတယ် ။ ဒီပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (😎

ခံစစ် ကစားသမားတွေ ညံ့ဖျင်းမှုကြောင့် ပေးဂိုး လေးဂိုးအထိ ပေးခဲ့ရပေမဲ့ သူ့ရဲ့ အမှားတွေ မပါသလောက် နည်းခဲ့ပါတယ် ။ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု 4 ကြိမ်အထိ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (6)

ပွဲချိန်တလျှောက် ခံစစ်ကစားပုံ ကောင်းခဲ့ပေမဲ့ တိုက်စစ် လိုက်ပါမှု ၊ ဘောလုံး ဖြန့်ဝေမှုတွေဟာ သိပ်အားရစရာ မရှိခဲ့ပါဘူး ။ တာဝန်ကျေရုံသာ ကစားပြနိုင်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (6)

ရပ်ရှ်ဖို့ရဲ့ ဂိုးကို အကွက်ကျကျ ဖန်တီးပေးနိုင်ခဲ့ပြီး ပွဲချိန်အတွင်း ကောင်းမွန်တဲ့ ဂိုးပေါက် ပိတ်ဆို့ ဟန်းတားမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အထိုင်ပျက်နေခဲ့တဲ့ မက်ဂွားယားဖက် ဖြည့်စွက် မကစားပေးနိုင်ခဲ့ပါဘူး ။

 

ဟယ်ရီ မက်ဂွားယား (3)

ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့တဲ့ မက်ဂွားယားဟာ ယူနိုက်တက် ကစားသမား ဘဝရဲ့ အဆိုးရွားဆုံး ပွဲစဥ်ကို ပိုင်ဆိုင်ခဲ့ရပါတယ် ။ ပထမဆုံး ခြေပဂိုးမှာ သူ့ရဲ့ အမှားက ထင်ရှားခဲ့သလို ဘောလုံး ပေးပို့မှု နဲ့ ကစားပုံတွေက ဒီနေ့တော့ စိတ်ပျက်စရာချည်း ဖြစ်ခဲ့ရပါတယ် ။

လုခ်ရှော (6)

ခံစစ် ကစားပုံ အတန်အသင့် အဆင်ပြေခဲ့ပြီး တိုက်စစ်ကိုလည်း အတော်လေး တက်ရောက် ကူညီပေးခဲ့ပါသေးတယ်။ ဒါပေမဲ့အရာမထင်ခဲ့ပြန်ပါဘူး။ ထောင့်ကန်ဘော ပေးပို့မှုတွေကလည်း စိတ်တိုင်းကျ မဖြစ်ခဲ့ရပါဘူး ။

မာတစ် (5)

ကောင်းမွန်တဲ့ အဝေးကန်ချက် တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမဲ့ ကန်ခေခဲ့ပါတယ် ။ ဘောလုံး ပေးပို့မှုတွေ အတော်လေး တိကျကောင်းမွန်ခဲ့ပေမဲ့ တစ်ဦးချင် ဘောလုံးယှဥ်လုမှု ၊ ဖျက်ထုတ်မှု ခံစစ်ကို လုံခြုံစေနိုင်မှု သိသိသာသာ အားနည်းခဲ့ပါတယ် ။

ပေါ့ဂ်ဘာ (4)

ကွင်းလယ် ခံစစ် ကစားခဲ့ရတဲ့ ကစားသမားဟာ တာဝန် လစ်ဟင်းမှု မကြာခန ဖြစ်ခဲ့တဲ့ အတွက် မာတစ်က အကြိမ််ကြိမ် ဖြည့်စွက် ကစားပေးခဲ့ရပါတယ် ။ ပေးပို့မှု အချို့ ကောင်းမွန်ပြီး အစောပိုင်း ကစားပုံ ကောင်းခဲ့ပေမဲ့ ပွဲစဥ်ကို လွှမ်းမိုးနိုင်စွမ်းတော့ ကင်းမဲ့ခဲ့ပါတယ် ။

ဂရင်းဝုဒ် (7)

အဝေးကန်ချက်နဲ့အတူ တကယ့်ကို ကောင်းမွန်တဲ့ဂိုး သွင််းယူ ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အခြားသော ဂိုးပေါက် ကန်သွင်းမှုတွေက အားရကျေနပ်စရာ မဖြစ်ခဲ့ရပါဘူး ။ တိကျတဲ့ ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်ရာမှာ လိုအပ််ချက်အချို့ ရှိခဲ့ပါတယ် ။

ဘရူနို (5.5)

အဖွင့်ဂိုးဖန်တီးပေးနိုင်ခဲ့တာကလွဲရင် ဘောလုံးဖြုန်းတီးမှုတွေ များခဲ့ရပါတယ် ။ ပွဲရှိန်ကို ထိန်းဆော့နိုင်စွမ်း ကျဆင်းနေခဲ့ပြီး အခွင့်အရေး ဖန်တီးမှုအချို့ လုပ်ပြနိုင်ခဲ့တာက လွဲရင် ကစားပုံ အားရစရာ မကောင်းခဲ့ပါဘူး ။

ဆန်ချို (5)

ဆန်ချိုရဲ့ ကစားပုံတွေနဲ့ လှုပ်ရှားမှုတွေဟာ ယခင်ပွဲတွေကထက် အနည်းငယ် တိုးတက်လာခဲ့ပါတယ် ။ ဒါပေမဲ့ ရော်နယ်ဒိုအတွက် ကောင်းမွန်တဲ့ အခွင့်အရေး တစ်ကြိမ် ဖန်တီးပေးခဲ့တာက လွဲရင် ထိရောက်တဲ့ ဖန်တီးမှု ၊ တိုက််စစ်ဆင်မှု ၊ ခြိမ်းခြောက်မှုတွေကို မလုပ်ပြနိုင်ခဲ့ပါဘူး ။

ရော်နယ်ဒို (4.5)

ယူနိုက်တက်ကို ပြန်ရောက်လာခဲ့တဲ့နောက် ပထမဆုံးအကြိမ်် ခြေစွမ်းပိုင်း အဆိုးရွားဆုံးပွဲစဥ် ပိုင်ဆိုင်ခဲ့ရပါတယ် ။ ဂိုးပေါက် ကန်သွင်းမှု 3 ကြိမ်သာ လုပ်နိုင်ခဲ့ပြီး 1 ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို အမြင့်ဘောတွေလည်း စိတ််ကြိုက် ဦးယူနိုင်စွမ်း မရှိခဲ့ပါဘူး ။ အခွင့်အရေး ဖန်တီးမှုလည်း တစ်ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ

ရပ်ရှ်ဖို့ (6)
တော်မီနေး (5)
လင်ဂတ် (5)

#Sports_Myanmar