ယူနိုက်တက်တို့ ဘယ်လိုကစားမလဲ ၊ လီဗာပူးကို ဒုက္ခပေးမဲ့ အိမ်ရှင်ရဲ့ အားသာချက်က ဘာဖြစ်သွားမလဲဆိုတာ ရှင်းပြသတိပေးလိုက်တဲ့ ပေါလ် မာဆင်

မနက်ဖြန်ည 10 နာရီ အချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 9 ရဲ့အကောင်းဆုံး ပွဲတစ်ပွဲအဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ အင်္ဂလန် ဒါဘီ ပွဲစဥ် ဧည့်ခံ ကစားသွားရဖို့ ရှိနေပါတယ် ။

ဒီပွဲအတွက် အမှတ်ပေး ဇယား အဆင့် 2 နေရာမှာ ယူနိုက်တက် အထက် 4 မှတ် အကွာ ရပ်တည် နေခဲ့တဲ့ လီဗာပူး အသင်းက အနိုင် ရရှိသွားဖို့ ရေပန်းစား နေခဲ့ပါတယ် ။ ဒါပေမဲ့ အိုးလ် ထရပ်ဖို့ဒ်မှာ ကစားရမဲ့ ပွဲစဥ် ဖြစ်နေတာကြောင့် ကြိုတင် ခန့်မှန်းရ ခက်ခဲလှပါတယ် ။

အခုတော့ အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင်က ဒီပွဲမှာ လီဗာပူး အသင်းဖက်က ပွဲစဥ်ကို စိတ်ကြိုက် ခြယ်လှယ် ကစားလို့ ရနိုင်မှာ မဟုတ်ကြောင်း ၊ ဒီလိုပွဲမျိုးကို ယူနိုက်တက်က ဖိအားကင်းစွာ ကစားပြနိုင်မယ်လို့ ယုံကြောင်း ပေါလ် မာဆင်က လီဗာပူးတို့ကို သတိပေးသွားခဲ့လိုက်ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခင်က ပွဲစဥ်တွေမှာ ပြိုင်ဖက်တွေရဲ့ အခွင့်အရေးပေး ကစားခဲ့ရတာမျိုး မရှိခဲ့ကြောင်း ၊ ဘယ်လိုပဲ ဖြစ်နေပါစေ ယူနိုက်တက်ဟာ ကမ္ဘာ့ အကြီးမားဆုံး ကလပ် အသင်း ဖြစ်နေတယ်ဆိုတာကို မေ့ထားလို့ မရကြောင်း သတိပေးခဲ့ပြန်ပါတယ် ။

” ဘယ်အသင်းကမှ ယူနိုက်တက်တို့ကို အခွင့်အရေးတွေ ပေးပြီး ကစားခဲ့တာမျိုး မရှိခဲ့ပါဘူး ။ ဒါဟာ မယုံကြည်နိုင််ဖွယ်ပါပဲ ။ မန်ချက်စတာယူနိုက်တက် အသင်းဆိုတာက စျေးကွက်ထဲမှာ ပေါင်သန်းရာကျော် သုံးစွဲပြထားနိုင်ခဲ့တဲ့ ကမ္ဘာ့ အကြီးမားဆုံး ကလပ် အသင်း ဖြစ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပွဲစဥ်မျိုးမှာတော့ လီဗာပူး အသင်းကပဲ ပွဲကို စိတ်ကြိုက် ခြယ်လှယ် ကစားသွားနိုင်ဖို့ အခွင့်အလမ်း လုံးဝရှိနေမှာ မဟုတ်ပါဘူး ။ ပွဲကောင််း တစ်ပွဲကို မြင်ရမှာပါ ။ ဒါက ဘောလုံးမှာ ဖြစ်ပွားလေ့ ရှိတတ်ပါတယ် ”

” သူတို့တွေဟာ ခံစစ် အထိုင် ကစားရင်း လီဗာပူး အသင််းကို စိတ်ကြိုက် ဘောလုံး ပေးကိုင်ကာ ကောင်တာတိုက််စစ် ပြန်ဆင်နိုင်ဖို့ စောင့်ဆိုင်း နေကြပါလိမ့်မယ် ။ အဲ့တာက သူတို့ အသင်းနဲ့ ကိုက်ညီတဲ့ ကစားပုံ ဖြစ်တယ်ဆိုတာကို ကျွန်တော့် အကြိမ်ကြိမ် မြင်တွေ့ခဲ့ပြီးပါပြီ ”

” သူတို့ နိုင်လိမ့်မယ်လို့ တွေးတဲ့သူ မရှိသလောက်ပါပဲ ။ တကယ် ဟုတ်ရဲ့လား ? ယူနိုက်တက်က ပွဲစဥ်မစတင်ခင် ကတည််းက အရှုံးရလဒ် ထွက်နေခဲ့ပါပြီ ။ ဒါပေမဲ့ ယူနိုက်တက် ကစားသမားတွေကတော့ ဒါကို ယုံကြည်လက်ခံမှာ မဟုတ်ပဲ တုန့်ပြန်သွားလိမ့်မယ်လို့ ကျွန်တော် ထင်နေမိပါတယ် ”

” လူတွေက ရှုံးမယ်လို့ ကြိုတွက်ထားကြတဲ့ အတွက် သူတို့တွေဟာ တနင်္ဂနွေပွဲကို ဖိအားကင်းကင်းနဲ့ ကစားပြကြပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရှုံးသွားကြရင််တောင် ဒါက လူတွေ ကြိုတွေးပြီးသား ရလဒ် တစ်ခု ဖြစ်နေလို့ ဖိအားဝင်သွားဖွယ် ရှိမနေပါဘူး ” လို့ ပေါလ် မာဆင််က သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar