ယူနိုက်တက်တို့ ငွေပိုပေးခဲ့ပေမဲ့ ဟာလန်းက ဒေါ့မွန်ဆီ ဘာကြောင့် ရောက်လာခဲ့တာလဲဆိုတာ ဖွင့်ပြောလိုက်ပြီး မန်ချက်စတာ နှစ်သင်းအတွက် သတင်းကောင်း ပေးလိုက််တဲ့ ဒေါ့မွန် အကြီးအကဲ

ဒေါ့မွန် အသင်းရဲ့ အကြီးအကဲဖြစ်သူ ဟန်းစ် ဂျိုအာချင် ဝက်ဇ်ကီး က ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2019 ခုနှစ်တုန်းက အားလင်း ဟာလန်းကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းထက် စျေးပိုပေးခဲ့ကြောင််း ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ကစားသမားကောင်းတွေကို ရောင်းချလေ့ ရှိတတ်တဲ့ ဒေါ့မွန် အသင်းရဲ့ ပေါ်လစီဟာ ဆက်လက် အသက််ဝင် နေဦးမှာ ဖြစ်ကြောင်း ဟာလန်းကို စိတ်ဝင်စား နေတဲ့ ယူနိုက်တက် ၊ မန်စီးတီး အသင်းတွေ အတွက် သတင််းကောင်းပါ ပေးသွားခဲ့လိုက် ပါတယ် ။

အားလင်း ဟာလန်းဟာ 2020 ဇန်နဝါရီ တုန်းက RB ဆဲလ်ဘတ် အသင်းမှ ဒေါ့မွန် အသင်းဆီကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘွန်ဒက်စ် လီဂါ ပြိုင်ပွဲမှာ စုစုပေါင်း 69 ပွဲ ကစားပေးခဲ့တဲ့နောက် သွင်းဂိုး 70 ထိ သွင်းယူပေးထားသူပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဥရောပ ထိပ်သီး ကလပ်တွေက သူ့ကို ခေါ်ယူဖို့ အတွက် အထူး စိတ်ဝင်စား နေခဲ့ကြတာ ဖြစ်ပြီး တိုက်စစ််မှူး လိုချင်နေခဲ့တဲ့ မန်စီးတီး ၊ မန်ယူနိုက်တက် အသင်းတွေလည်း နော်ဝေး လက်ရွေးစင်ကို စောင့်ကြည့် နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ နော်ဝေ ကလပ် မိုလ်ဒီ အသင်းကို ကိုင်တွယ်ခဲ့စဥ်ထဲက နည်းပြခဲ့ဖူးတဲ့ တပည့်ဟောင်း ဟာလန်းကို ဆဲလ်ဘတ် အသင်းမှ ခေါ်ယူချင်ခဲ့တဲ့ အတွက် 2019 ခုနှစ်ထဲက အရ ခေါ်ယူချင်ခဲ့တာ အားလုံး အသိပါပဲ ။

ဒါပေမဲ့ အဆုံးသတ်မှာတော့ ဟာလန်းဟာ စျေးပိုပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထက် ဒေါ့မွန်ဆီကို ပြောင်းခဲ့တဲ့ အတွက် အံ့သြစရာ ဖြစ်သွားခဲ့ရပါသေးတယ် ။ အခုတော့ ဝက်ဇ်ကီး က ဟာလန်း ဒေါ့မွန်ဆီ ရောက််လာခဲ့တာ မီနို ရိုင်အိုလာ ကြောင့်လို့ ဖြေလိုက်ပါတယ် ။

” ကမ်းလှမ်းတဲ့ အသင်းတွေထဲ ကျွန်တော်တို့ အသင်းရဲ့ ကမ်းလှမ်းမှုက အကောင်းဆုံး မဖြစ်ခဲ့ရပါဘူး ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကမှ ကျွန်တော်တို့တွေထက် ပိုကောင်းခဲ့ပါသေးတယ် ။ ဒါပေမဲ့ အေးဂျင့် မီနို ရိုင််အိုလာ က ဟာလန်း ကျွန်တော်တို့ဆီ ပြောင်းလာတာက ပိုကောင်းလိမ့်မယ်လို့ ယူဆခဲ့ပါတယ် “

” အသင်းသန့်ဖို့ လိုပါတယ် ။ အကယ်လို့ ခင်ဗျား ဟာလန််းလို ကစားသမားမျိုး ခေါ်ယူလိုက်မယ်ဆိုရင် အခြား အသင််းသားတွေအားလုံး အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့များ ထင်ရင် ကစားသမားတွေနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အတွေးတွေ မှားယွင်းသွားပါလိမ့်မယ် “

” အသင်းကို ပြန်လည်တည်ဆောက်ရေး ဆိုတာက ကျွန်တော််တို့ဆီမှာ ဆက်ရှိနေဦးမှာပါပဲ ။ အနေအထား တစ်ခုကို ရောက်ရင် ခင်ဗျားရဲ့ အကောင်းဆုံး ကစားသမားဟာ အသင်းပြောင်းသွားမှာပါပဲ ။ အဲ့ဒီအခါကျရင် အသင်းကို တစ်ဖန် ပြန်လည် တည်ဆောက်ရတော့မှာပါပဲ “

” ခင်ဗျားရဲ့ အကောင်းဆုံး ကစားသမားတွေကို အသင်းမှာပဲ 3 – 4 နှစ်လောက် မထိန်းသိမ်းထားနိုင်ဘူးဆိုရင် အသင််းကို ရေရှည် အောင်မြင်အောင် လုပ်နိုင်ဖို့ ခက်ခဲသွားမှာပါပဲ ။ ကျွန်တော်တို့ဟာ အကောင်းဆုံး ဆိုတဲ့ အဆင့်အတန်း တစ်ခုကို မရောက်ကြသေးပါဘူး ” လို့ ဝက်ဇ်ကီး က ဝန်ခံ စကား ပြောကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar