“ယူနိုက်တက်က အာဆင်နယ်ထက် အမြဲတမ်း ကြီးကျယ်ခမ်းနားနေမှာပါ” အာဆင်နယ် ပရိသတ်မလေးရဲ့ မေးခွန်းကို ပြန်​လည် တုန့်ပြန်ခဲ့တဲ့ #ကာရေဂါ

လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါက ရလဒ်ကောင်းတွေ ပြန်လည် ပိုင်ဆိုင်ခဲ့တဲ့ အာဆင်နယ် အသင်းကို ဂုဏ်ထူးမှတ်ပေး ချီးကျူးခြင်း မရှိခဲ့တဲ့ အပေါ် မေးခွန်းအထုတ်ခံရတဲ့ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းထက် အမြဲတမ်းပိုပြီး ကြီးကျယ််ခမ်းနားတဲ့ အသင်း ဖြစ်နေမှာပါလို့ တုန့်ပြန်ခဲ့လိုက်ပါတယ် ။

မီခေးလ် အာတီတာ ဦးဆောင်နေခဲ့တဲ့ အာဆင်နယ် အသင််းဟာ 2021 – 22 ဘောလုံး ရာသီ စတင်ခဲ့တဲ့နောက် ပွဲစဥ် 3 ပွဲ ကစားပြီးချိန် ရဂိုး မရှိ ၊ ပေးဂိုး 9 ဂိုး အထိ ပေးဆောင်ခဲ့ပြီး ပျက်ကပ်ဆိုက်နေခဲ့တဲ့ ဘောလုံး ရာသီ အစပိုင်းကို စိတ်ပျက်ဖွယ် ပိုင်ဆိုင်ခဲ့ရ ပါတယ် ။

ဒါပေမဲ့ အဲ့ဒီနောက် အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် 4 ပွဲမှာ 3 ပွဲနိုင် ၊ 1 ပွဲ သရေ ရလဒ် ထွက််ပေါ် နိုင်အောင် အထိ ကစားပြနိုင်ခဲ့ပြီး ရမှတ် 10 မှတ်ထိ စုဆောင်း ထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း ပွဲစဥ် 8 မတိုင်မီ သူတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် 11 နေရာအထိ တက်လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီထဲမှာ အာဆင်နယ်တို့ လန်ဒန် မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် ဟော့ စပါး အသင်းကို 3 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်် ရရှိခဲ့တာက ပရိသတ်တွေ အတွက် တကယ့်ကို အားရ ​ကျေနပ်စရာ ဖြစ်ခဲ့ရ ပါတယ် ။ အခုတော့ အာဆင်နယ်တို့ဟာ လေးပွဲဆက် ရှုံးပွဲမရှိ ရလဒ်နဲ့ အတူ ချီးကျူးမှုတွေ ရ ရှိနေခဲ့ကြပါပြီ ။

ဒါပေမဲ့ Sky Sports’ Overlap show မှာ အာဆင်နယ် အသင််းအကြောင်း ပြောခဲ့ရာမှာတော့ ကာရေဂါက ချီးကျူးမှုတွေ ပြုလုပ်ခြင်း မရှိခဲ့ပဲ အရင်လို အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ၊ အမှတ်ပေး ဖလားဆုကို တစ်ဖန် ပြန်လည် စိန်ခေါ်နိုင်ဖို့ အတွက် ဘာတွေ လိုအပ်သေးသလဲဆိုတာ ပြောပြသွားခဲ့လိုက်ပါတယ် ။

” လက်ရှိ အမှတ်ပေး ဖလားဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတွေကို ခင်ဗျားတို့ မြင်တွေ့ကြမှာပါ ။ အာဆင်နယ် ကလည်း အဲ့ဒီ နေရာကို ရောက်ချင်နေတဲ့ အသင်းမျိုးပါ ။ ဒီအတွက် သူတို့တွေဟာ ကမ္ဘာ့ အဆင့် ကစား သမားတွေကို လိုအပ်နေပါသေးတယ် ”

” သူတို့ အသင်းမှာ လူငယ် ကြယ်ပွင့် ကစားသမား 2 ဦး ၊ 3 ဦးလောက် ရှိနေပါသေးတယ် ။ စမစ်ရို ၊ ဆာကာ ၊ အိုဒီဂတ် တို့ပေါ့ ။ သူတို့တွေဟာ ကမ္ဘာ့ အဆင့် ကစားသမားတွေတော့ မဟုတ်ကြသေးပါဘူး ။ ဒါပေမဲ့ သူတို့ဆီမှာ စပါယ်ရှယ် ကစားသမား ဖြစ်နိုင်မယ့် အလားအလာကောင််းတွေတော့ ရှိနေပါတယ် ”

” ဒါပေမဲ့ သူတို့ အားလုံး အဲ့ဒီ နေရာကို ရောက်နိုင်ကြမှာ မဟုတ်ပါဘူး ။ သူတို့ သုံးဦးထဲက အာဆင်နယ်ကို အမှတ်​ပေးဖလား ပြန်လည်စိန်ခေါ်စေနိုင်တဲ့ အသင်းမျိုး ဖြစ်စေနိုင်ဦးမှာ မဟုတ်သေးပါဘူး ။ ဒါ့ကြောင့် နောက်ထပ် စျေးကွက် 3 – 4 ခု အတွင်း သူတို့ ငွေတွေ သုံးစွဲရပါလိမ့်မယ် ” လို့ ကာရေဂါ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီအချိန်မှာပဲ အာဆင်နယ် ပရိသတ်မလေး တစ်ဦးဖြစ််တဲ့ ပစ်ပါ မိုနစ်ခ် က ဂျေမီ ကာရေဂါ ဟာ အာတီတာ ရဲ့ အသင်းနဲ့ ထိုက်တန်တဲ့ ဂုဏ်ထူးမှတ် ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြန်လည် မေးခွန်းထုတ် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

* ပစ်ပါ မိုနစ်ခ် : အာဆင်နယ် အသင်းမှာ နာမည်ကြီး ကစားသမားတွေ လုံလောက်စွာ မရှိဘူး ၊ ယူနိုက်တက် နဲ့ စီးတီး တို့လိုမျိုး စတား ကစားသမားတွေ မရှိဘူး ဆိုတဲ့အတွက် ခင်ဗျားက အာဆင်နယ်ကို လုံလောက်တဲ့ ဂုဏ်ထူးမှတ် မပေးတာလား ?

* ကာရေဂါ : အာဆင်နယ် အသင်းက ဂုဏ်ထူးမှတ် မရဘူးဆိုတဲ့ အကြောင်းချည်းပဲ ဘာလို့ စွတ်ပြောနေတာလဲ၊ ငါ့ဆီက ဘယ်လို စကားမျိုး လိုချင်နေတာလဲ ?

ဒါနဲ့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က ကြားဝင်ပြီး…

* ပေါလ် စခိုးလ် : မင်းတို့ဆီမှာ အရမ်းကောင်းတဲ့ အသင််းတစ်သင်း မရှိသေးလို့ ဂုဏ်ထူးမှတ် မရတာပါ ။

* ပစ်ပါ မိုနစ်ခ် : ရှိုးပွဲမှာ ခင်ဗျားက ယူနိုက်တက် အသင်း အကြောင်းကို အတော်လေး ပြောခဲ့တယ်နော် ။ ဒါပေမဲ့ အာဆင်နယ် အသင်းအကြောင်း ဘာမှ ထွေထွေထူးထူး မပြောခဲ့ဘူး ။ ဘယ်အရာက ယူနိုက်တက်ကို အသင်းကြီး ဖြစ်စေပြီး အာဆင်နယ်ကျတော့ မဖြစ်စေခဲ့ရတာလဲ ?

* ကာရေဂါ : ” မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ထက် အမြဲတမ်း ပိုပြီးကြီးကျယ်ခမ်းနားတဲ့အသင်း ဖြစ်နေမှာပါ ။ အခုအချိန်လည်း သူတို့က အာဆင်နယ်ထက် ပိုကောင်းတဲ့ အသင်းဖြစ်နေတယ်လေ ” လို့ ပြန််လည် တုန့်ပြန် သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar