မိုဆာလာ ပြောင်းနိုင်ဖွယ် ရှိနေတဲ့ အသင်း သုံးသင်း အမည်ကို ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီးလ် ကတော့ လီဗာပူး အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ မိုဟာမက် ဆာလာ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေတဲ့ အသင််း သုံးသင်း အမည်ကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဂယ်ရီ နဗီးလ် ကတော့ အီဂျစ် လက်ရွေးစင် မိုဟာမက် ဆာလာ ရဲ့ အနာဂတ်ဟာ အန်ဖီးလ်မှာ ရေရှည် ဆက်ရှိနိုင်ဖို့ မသေချာဘူးလို့ သုံးသပ်ရင်း သိပ်မကြာခင် အနာဂတ် တစ်ခုမှာ ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ ၊ PSG အသင်းတို့ အနက် တစ်သင်းသင်းဆီ ပြောင်းနိုင်ဖွယ်ရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ (မို ဆာလာ) လက်ကျန် ကစားသမား ဘဝ တစ်ခုလုံး လီဗာပူး အသင်းမှာပဲ ကုန်ဆုံးသွားစေလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ။ ဒါဟာ ကျွန်တော့် တစ်ဦးထဲရဲ့ အမြင်ပါ ။ ကျွန်တော် ဒီလိုပဲ တွေးတောနေခဲ့ပေမဲ့ လက်တွေ့မှာ ဒါဟာ မှားလည်း မှားသွားနိုင်ပါတယ် ”

” သူသာ ထွက်သွားရင် ပရီးမီးယားလိဂ်က အနည်းငယ် အားနည်းသွားမှာပါ ။ ခင်ဗျားတို့ ခရစ္စတီယာနို ၊ ဒေးဗစ် ဘက်ခမ်း ၊ ကိုင်လီယံ အမ်ဘက်ပီ တို့ကို ကစားသမားတွေကို ဒီလိဂ်မှာ မြင်တွေ့ချင်ကြတယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ငွေကြေးက အရာရာ မဟုတ်ဘူးလေ ”

” အသင်းတိုင်းမှာ စီမံကိန်း တစ်ခု အမြဲလို ရှိတတ်သလို ကစားသမားမှာလည်း လိုချင်တဲ့ ပန်းတိုင်ဆိုတာ ရှိတာချည််းပါပဲ ။ သူတို့ ကလပ်အချို့မှာ ကစားရမှာပါပဲ ။ အသင််းတွေ​ပြောင်းရင်း အချို့ အတွေ့အကြုံတွေကို သူတို့တွေ ရှာဖွေ သွားရမှာပါပဲ ”

” မိုဟာမက် ဆာလာ ကတော့ ရီးယဲ မက်ဒရစ် ၊ ဘာနေဗျူး အတွေ့အကြုံတွေကို ရယူနိုင်စွမ်း ရှိသူလို့ ကျွန်တော် တွေးထားပါတယ် ။ လက်ရှိ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ရီးယဲ မက်ဒရစ် ဆိုတာက အချိန်တန်ရင် အကောင်းဆုံး ပြန််လာနိုင်မဲ့ အသင််းမျိုးပါ ”

” လက်ရှိ အချိန်မှာ ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတို့ အကောင်းဆုံး ပုံစံ မပိုင်ဆိုင်ကြသေးဘူး ဆိုတာ ကျွန််တော်လည်း သိပါတယ် ။ ကျွန်တော် ပြောချင်တာက ဆာလာ ဆိုတာ ကစားသမား ဘဝ တစ်ကွေ့မှာ အဲ့ဒီလို အသင််းမျိုးဆီ သွားကစားနိုင်စွမ်း ရှိသူပဲ ဆိုတာမျိုးပါ ”

” သူဟာ လီဗာပူး အသင်းမှာ မယုံကြည်နိုင်ဖွယ် အရာတွေကို လုပ်ပြနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူဟာ PSG ၊ ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ တို့လို အသင်းတွေ သွားကစားလိမ့်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော့်ဆီမှာ အမြဲတမ်း ရှိခဲ့ဖူးပါတယ် ”

” သူ့ရဲ့ ကစားသမား ဘဝအတွင်းမှာ ဒီလို အတွေ့အကြုံတွေ ဆက်လက် ရှာဖွေသွားလိမ့်ဦးမယ်လို့ ကျွန်တော်က တွေးတောထားခဲ့ဖူးပါတယ် ။ ကျွန်တော့်ရဲ့ အတွေးတွေ မှားချင်လည်း မှားသွားနိုင်တာပေါ့ဗျာ ” လို့ ဂယ်ရီ နဗီးလ် က ပြောကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar