မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ခန့်မှန်းချက်များ

လက်စတာ vs အာဆင်နယ်
ဒီရာသီအစမှာ ခြေစွမ်းမတည်မငြိမ် ဖြစ်ခဲ့ပြီးနောက် လက်စတာဟာ လက်ရှိမှာ ပုံစံကောင်းကို ရရှိနေပါပြီ။ ပြီးခဲ့တဲ့ ၂ ပတ်က မန်ယူနိုက်တက်ကို နိုင်ခဲ့ခြင်းဟာ ယုံကြည်မှုကို တိုးပွားစေပြီး တိုက်စစ်မှုးသစ်ဒါကာဟာ ခြေတွေ့နေပြီ ဖြစ်ပါတယ်။ ၎င်းရဲ့ ရွေ့လျားမှုတွေ ဗာဒီနဲ့ဆင်တူပြီး တကယ့်ကို ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗီလာနဲ့ပွဲမှာ ကစားပုံကောင်းခဲ့ပြီး ၃ ဂိုးထက်တောင် ပိုသွင်းနိုင်ခဲ့သင့်ပါတယ်။ စမစ်ရိုဟာ ချီးကျူးမှုတွေနဲ့ ထိုက်တန်မှု ရှိပြီး သူ့ရဲ့ စွမ်းအင်ဟာ အသင်းဖော်တွေကို ကူးစက်စေပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ လက်စတာကို အကြိုက်တွေ့ပါတယ်။ ဗာဒီဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ရာမှာ မှတ်တမ်းကောင်းတွေ ရှိနေပြီး ၁၁ ဂိုးထိ သွင်းထားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဗာဒီရဲ့ သွင်းဂိုးနဲ့ လက်စတာတို့ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၂-၁

လီဗာပူး vs ဘရိုက်တန်
မိုဆာလားဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်က ဆာလားရဲ့ ခြေစွမ်းဟာ တကယ့် masterclass ဖြစ်ခဲ့ပြီး သူဟာ ပွဲတိုင်း ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေတဲ့ ပုံစံပါပဲ။ ဖာမီနိုကလည်း ယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံး ကစားခဲ့ပြီး သူဟာ ဆာလားနဲ့ ဂျိုတာ တို့ကို တောက်ပအောင် ကူညီပေးခဲ့ပါတယ်။

စီးတီးနဲ့ပွဲစဉ်က ဘရိုက်တန်ရဲ့ ရလဒ်အတွက် ကျွန်တော် အံ့အားသင့်မိနေပါတယ်။ သူတို့ ဆိုးဆိုးရွားရွားတော့ မကစားခဲ့ပါဘူး။ စီးတီးက တအားကောင်းနေခဲ့လို့ပါ။ ဒီပွဲမှာ ဘရိုက်တန်ရဲ့ တုန့်ပြန်မှုကို ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ဘရိုက်တန်အတွက် တအားကောင်းလွန်းနေပါတယ်။ လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်က ခြေစွမ်းကို ပြန်ပြဖို့ ခက်ခဲမှာ ဖြစ်ပေမယ့် ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ မျှော်လင့်ထားပါတယ်။

ခန့်မှန်းချက် : ၂-၁

နယူးကာဆယ် vs ချဲလ်ဆီး
ပဲလေ့စ်နဲ့ပွဲမှာ နယူးကာဆယ်တို့ ကံကောင်းခဲ့တယ်လို့ထင်ပါတယ်။ သူတို့ဟာ အခွင့်အရေးများစွာပေးခဲ့ရပြီး ပဲလေ့စ်တို့ အခွင့်အရေးတွေ ဖြုန်းခဲ့လို့သာ ကံကောင်းခဲ့တာပါ။ နယူးကာဆယ်ဟာ လိဂ်ပြိုင်ပွဲရဲ့ ပေးဂိုးအများဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီး ဒါကို အမြန်ဆုံး ဖြေရှင်းသွားရမှာပါ။

ချဲလ်ဆီးဟာ လူကာကူ ဗာနာတို့ မပါတာတောင် နော့ဝှစ်ကို ၇-၀ နဲ့နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ လူအင်အားဟာ လိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ဖြစ်ပြီး ခံစစ်ကလည်း အကောင်းဆုံး ဖြစ်ပါတယ်။ နယူးကာဆယ်တို့ ချဲလ်ဆီးကို ဒုက္ခပေးနိုင်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ နယူးကာဆယ်ဟာ ခံစစ်ကို ထိုင်ကစားသွားမှာ ဖြစ်ပေမယ့် ချဲလ်ဆီးတို့ ၁-၀ နဲ့ နိုင်သွားမှာပါ။
ခန့်မှန်းချက် : ဝ-၁

မန်စီးတီး vs ပဲလေ့စ်
စီးတီးဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘရိုက်တန်နဲ့ပွဲမှာ တအားကောင်းခဲ့ပြီး ကောင်းမွန်တဲ့ အသင်းတွေကို သာမန်ပဲ ဖြစ်သွားစေပါတယ်။ စီးတီးရဲ့ ရွေ့လျားမှုနဲ့ passing အရည်အသွေးတွေ ကတော့ စူပါပါပဲ။ ဖိုဒန်ကလည်း ပြီးခဲ့တဲ့ တစ်ပတ်က လုံးဝယှဉ်မရအောင် ကောင်းခဲ့ပါတယ်။ ဗီအဲရာရဲ့ ပဲလေ့စ် အသင်းဟာ ဒီရာသီမှာ ကံမကောင်းမှုတွေ ရှိခဲ့ပါတယ်။ ဘရိုက်တန် အာဆင်နယ် တို့နဲ့ပွဲမှာ နောက်ကျဂိုးတွေ ပေးခဲ့ရသလို ပြီးခဲ့တဲ့တစ်ပတ်က နယူးကာဆယ်ကိုလည်း အနိုင်ရခဲ့သင့်ပါတယ်။

ဒီရာသီမှာ ပဲလေ့စ်ဟာ ၂ ပွဲသာ ရှုံးထားခဲ့ပြီး ၆ ပွဲထိ သရေကျခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဒီပွဲမှာတော့ စီးတီးပဲ နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ စီးတီးဟာ ဒီအချိန်မှာ ကစားပုံ တအားကောင်းနေတာကြောင့် ဒီပွဲကို သက်တောင့်သက်သာ နိုင်သွားမှာပါ။

ခန့်မှန်းချက် : ၃-၁

တော့တင်ဟမ် vs မန်ယူနိုက်တက်
ရာသီအစပိုင်းပဲ ရှိသေးပေမယ့် ကျွန်တော်ကတော့ ဒါဟာ နှစ်သင်းစလုံးအတွက် ရာသီအဆုံးအဖြတ် ပွဲစဉ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ စပါးကိုတော့ ဘယ်လိုပြောရမလဲဆိုတာ မသိတော့ပါဘူး။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ထင်လိုက်ချိန်မှာ သူတို့ဟာ ပြီးခဲ့တဲ့အပတ်က ဝက်ဟမ်းနဲ့လိုမျိုး စိတ်ပျက်စရာ ခြေစွမ်းကို ပြတက်ပါတယ်။

ဒီရာသီ ယူနိုက်တက်ရဲ့ခံစစ်ပိုင်းဟာ ဆိုးရွားနေပေမယ့် သူတို့ရဲ့ တိုက်စစ်ကစားပုံကတော့ ကောင်းပါတယ်။ လီဗာပူးကို အရှက်အကွဲ ရှုံးခဲ့တာကြောင့် ယုံကြည်မှုပိုင်း ကျဆင်းနေနိုင်ပြီး ရော်နယ်ဒိုဟာ ဒါကို ပြန်လည် မြှင့်တင်ပေးမယ့် အဓိကလူပါ။ မန်နေဂျာ နှစ်ဦးစလုံးဟာ ဖိအားတွေ များပြားနေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဒီမှာ ၃-၁ နဲ့ နိုင်ခဲ့ပြီး တော့တင်ဟမ်ကွင်းသစ်မှာ ရှုံးပွဲမရှိသေးပါဘူး။ ယူနိုက်တက်တို့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၂-၁

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်
ဝက်ဖို့ဒ် ၁-၁ ဆောက်သမ်တန်
ဘန်လေ ၁-၀ ဘရန့်ဖို့ဒ်
နော့ရစ်ချ် ၁-၃ လိဒ်
အက်စတွန်ဗီလာ ၁-၁ ဝက်ဟမ်း
ဝုဖ် ၁-၁ အဲဗာတန်

SM